သတင်းတွေထွက်နေတဲ့ လော့လင်းဂါဒ့်ကြီးရဲ့ ခြေစွမ်းကို အရှိအတိုင်း သုံးသပ်လိုက်တဲ့ ဖာနန်ဒက်

လော့လင်းဂါဒ်ကြီးဟာ စပါးဘက်က ကိန်းအတွက် အလှဲအထပ်နဲ့ကမ်းလှမ်းတယ်လို့သတင်းတွေထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ စပါးဘက်က လော့ဒ်ကြီးမဟုတ်ပဲ ဖီဖီဆိုလ်းအချစ်တော် မာရှယ်နဲ့ အသင်းရဲ့ သက်တော်ရှည်ကွင်းလယ်ကစားသမား မာတာတို့နဲ့အလဲထပ်စကားတွေပြောလာတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ တော့တမ်စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ဝက်စမ်းအသင်းမှာ အဌားသွားရောက်ကစားနေတဲ့တောင်ပံကစားသမားဂျေစီလင်းဂက်ကိုအလိုက်ပေးပြီးခေါ်ယူဖွယ်ရှိနေတယ်လို့ မက်ထရို သတင်းက စစချင်းဖော်ပြခဲ့တာပါ။

လင်းဂက်ဟာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့်လက်ရှိဝက်ဟမ်းမှာ ခြေစွမ်းအလွန်ပြနေပြီး ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိထားပါတယ်။

ဒါ့အပြင် တချိန်ကစူပါလင်းဂက်ဆိုပြီး ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ လင်းဂက်ကို ယူနိက်တက်ဘက်က လက်လွတ်ခဲ့ရင် ဝက်ဟမ်းက သူတို့အသင်းမှာဆက်ရှိနေစေချင်တယ်လို့ဆိုထားပါတယ်။

လင်ဂတ်ဟာယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ကာလအတန်ကြာပျောက်ဆုံးနေခဲ့ပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းကို အဌားသွားရောက်ကစားနေခဲ့ကာ ခြေစွမ်းကောင်းတွေပြသနေခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနောက်ခံလူ ကူဖောကတော့ ယူနိက်တက်မှာ လင်ဂတ်အနေနဲ့ ပုံမှန်ကစားခွင့်ရတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ပြောဆိုခဲ့ပါတယ်။ ယူနိက်တက်တို့အနေနဲ့ ပုံမှန်ခြေစွမ်းကောင်းတွေပြန်လည်ပိုင်ဆိုင်နေပြီဖြစ်တဲ့ စူပါလင်ဂတ်ကိုဆက်ပီးထိန်းသိမ်းထားဦးမလား ဒီနှစ်နွေမှာရောင်းချသွားဦးမလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊

လက်ရှိမှာ နာမည်ကြီးနေတဲ့ လော့လင်းဂါဒ်ကြီးနဲ့ပက်သက်ပြီးတော့ ဘရူနိုဖာနန်ဒက်က ခုလိုသုံးသပ်ပါတယ်။

“နောက်ဆုံး ၁၀ ပွဲလောက်သူရဲ့ခြေစွမ်းတွေကိုကြည့်ရင်သူ ပရီးမီယားလိဂ်မှာအကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ မေးစရာတောင်မလိုပါဘူး။ပွဲတိုင်းလိုလို ဂိုးသွင်း၊ဂိုးဖန်တီးနေတာကိုး။အသင်းကလူတွေ အကုန်လုံးလည်း သူ့အတွက် အရမ်း အရမ်းကို ဝမ်းသာနေကြတာပါ။သူရဲ့ ခြေစွမ်းအမှန်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို သူပြန်ရှာတွေ့သွားပါပြီ”လို့ဆိုပါတယ်။

အမ်ချီအိတ်(စ်)

Leave a Comment

Your email address will not be published.