ဖူဟမ်နဲ့ပွဲအပြီး ဆန္ဒပြခဲ့တဲ့ ပေါ့ဘာနဲ့ဒီယာလိုကို အလေးပြုခဲ့တဲ့ ဆိုလ်းရှား

ကွင်းလယ်လူ ပေါ့ဘာ နှင့် တောင်ပံကစားသမား ဒီယာလိုတို့မှ စစ်ဘေးအန္တရယ်နှင့်ကြုံတွေ့နေရသည့် Palestine ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့သလို ကမ္ဘာမြေပေါ်၌ စစ်ပွဲများလျင်မြန် စွာအဆုံးသတ်နိုင်ဖို့ ဆုတောင်းလိုကြောင်း ရေးသားဖော် ပြခဲ့သည်။ ဒါနဲ့ပက်သက်ပြီး ဆိုလ်းရှားကသူ့ကစားသမား ၂ဦးကို ပွဲအပြီးမှာ မှတ်ချက်ပေးပြီးအလေးပြုခဲ့ပါတယ်။

“ပွဲအပြီးမှာ ခုလိုမျိုးလုပ်ခဲ့တဲ့ ကျွန်တော့်ကစားသမားတွေကိုလေးစားပါတယ်။ သူတို့လုပ်ရပ်ကိုအလေးပြုပါတယ်။ ကျွန်တော်တို့ကစားသမားတွေဟာ မတူညီတဲ့တိုင်းပြည် လူမျိုး ယဉ်ကျေးမှု တွေကလာကြတာပါ။

ဒါပေမယ့်လူသာချင်းစာနာမှုအနေနဲ့မတူညီတဲ့ ရှုထောင့်တွေကနေ လူသားဆန်မှုကိုပြတာဟာလေးစားရမှာပါ။ ဒါကို ရက်စ်ဖို့ကလည်းပြသခဲ့ပြီးဖြစ်ပါတယ်။

သူတို့ဟာဘောလုံးကိုချစ်သလို တခြားလူတွေနဲ့မတူတဲ့ အမြင်က ရပ်တည်ပေးပြီးတော့ လူသားဆန်မှုတွေကိုလည်းချစ်ကြပါတယ်”လို့ဆိုလ်းရှားက ပေါ့ဘာနဲ့အာမက်ဒီယာလိုရဲ့လုပ်ရပ်ကို ထောက်ခံအားပေးပြီးလေးစားကြောင်းပြောဆိုခဲ့တာပါ။ လက်ရှိမှာ

စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟာမတ်စ်စစ်သွေးကြွ တပ်မှူးအများအပြား သေဆုံးခဲ့ကြောင်း ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးလ် တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ကြပါတယ်။

ဂါဇာမှာစစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ခေါင်းဆောင် Bassem Issa နဲ့ တခြားစစ်ဖက်ဆိုင်ရာအဆင့်မြင့်အရာရှိတွေ သေဆုံးသွားကြောင်း ဟာမတ်စ်အဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အစ္စရေးလ်ပြည်တွင်းလုံခြုံရေး အေဂျင်စီကလည်းဟာမတ်စ်တပ်မှူး Issa အပြင် အင်ဂျင်နီယာအဖွဲ့ခေါင်းဆောင်၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ရော့ကတ်ထုတ်လုပ်မှုတွေမှာ ဦးဆောင်နေသူတွေ အပါအဝင် တခြားထိပ်တန်း တာဝန်ရှိသူတွေ သေဆုံးကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟာမတ်စ် လက်နက်ကိုင် အဖွဲ့က စုစုပေါင်း အဖွဲ့ဝင် ၁၆ ယောက် သေဆုံးကြောင်းလည်း အစ္စရေးလ် အစိုးရက ကြေညာခဲ့တာပါ။

ဂါဇာဒေသမှာရှိတဲ့ ရဲနဲ့ လုံခြုံရေးဆိုင်ရာ အဆောက်အဦးတွေကို ပစ်မှတ်ထားပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ အစ္စရေးလ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဟာမတ်စ်အဖွဲ့ အဆင့်မြင့်အရာရှိတွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တင်းမာမှုတွေ ကြီးထွားလာနေတဲ့အတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာကလည်း သတိပေးနေပါတယ်။

“အစ္စရေးလ် အရပ်သားတွေကို ပစ်မှတ်ထားပြီး ဂါဇာဒေသကနေ ရော့ကတ်တွေနဲ့ တိုက်ခိုက်နေတာကို အပြင်း အထန် ရှုတ်ချပါတယ်။ အစ္စရေးလ် အနေနဲ့ ခုခံကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ပါလက်စတိုင်းတွေ အနေနဲ့လည်း ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့် ရှိပါတယ်။

အရေးအကြီးဆုံးကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လျှော့ချကြဖို့ပါ။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောဆိုခဲ့တာပါ။

တနင်္လာနေ့ကစ ကြီးထွားလာတဲ့ ပဋိပက္ခတွေအတွင်း ကလေး ၁၃ ယောက် အပါအဝင် ပါလက်စတိုင်း ၅၃ ယောက် သေဆုံးခဲ့ရပြီး၊ ၃၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပြီး ဟာမတ်စ် အဖွဲ့ရဲ့ ရော့ကတ်ပစ်ခတ်မှုတွေကြောင့် အစ္စရေးလ် ၆ ဦး သေဆုံးကြောင်းလည်း အစ္စရေးလ် တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Comment

Your email address will not be published.