ရီးရဲလ်ကို မျက်လုံးထဲမှယူနိက်တက်လို့မြင်ပီး ကန်မယ်လို့ ပြောလိုက်တဲ့ ဗီလာရီးရဲနည်းပြအမ်မရီ

ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ရာသီသိမ်းပွဲစဉ်အဖြစ် ကစားမယ့် ရီးရဲလ်နဲ့ ပွဲကို ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရမယ့် ယူနိုက်တက်လို့ သဘောထားပြီး ယှဉ်ပြိုင်ကစားမယ်လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိအမှတ်ပေးဇယား အဆင့်-၇ နေရာမှာ ရှိနေတဲ့ ဗီလာရီးရဲလ်ဟာ ရီးရဲလ်နဲ့ကစားမယ့်ပွဲမှာ ရလဒ်ကောင်းမှသာ လာမယ့် ရာသီမှာ ယူရိုပါလိဂ်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဗီလာရီးလ်ရဲနည်းပြအမ်မရီဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဗိုလ်လုပွဲမှာ တွေ့မယ့် ယူနိက်တက်ကို ကြောက်စရာမလိုဘူးလို့ပြောကြားခဲ့သလို အသင်းပိုင်ရှင်ကလည်း “ငါတို့ကကွင်းထဲမှာ လမ်းလျောက်နေမှာမဟုတ်ဘူး။ ဆုဖလားအပိုင်သိမ်းဖို့ အဆုံးထိကြိုးစားမှာဖြစ်တယ်”လို့ပြောကြားထားဖူးပါသေးတယ်။

ဗီလာရီးရဲလ်နည်းပြ အမ်မရီကခုလည်း ရီးရဲမက်ဒရစ်နဲ့ကန်ရမယ့် ပွဲစဉ်နဲ့ပက်သက်ပြီး

” လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုအရယူအီးအက်ဖ်အေရဲ့ပြိုင်ပွဲသစ်တစ် ခုဖြစ်တဲ့ Conference League ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပေမယ့် ယူရိုပါလိဂ်ကစားခွင့်ရဖို့အတွက် ရီးရဲလ်နဲ့ပွဲကို အားစိုက်သွားမှာပါ။ ရီးရဲလ်ကို မျက်လုံးထဲမှာ ယူရိုပါလိဂ်ဗိုလ်လုမယ့် ယူနိုက်တက်လို့မြင်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။ ဗီလာရီးရဲလ်ဟာ မေလ ၂၆ ရက်နေ့မှာ ယူနိုက်တက်နဲ့ ယူရို ပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.