ဆိုလ်းရှားအလိုချင်ဆုံးကစားသမား အက်ဝုဒ်ဖျက်လို့ ပျက်ပြန်

Zaw gyi

ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်ကစားသမား ဟာလန်းကို ခေါ်ယူဖို့ ဂလေဇာက နှုတ်အားဖြင့်ကတိပေးထားခဲ့ပေမယ့် အသင်းကထွက်ခါနီး အက်ဝုဒ်ဖျက်လို့ပျက်သွားခဲ့ပြန်ပီလို့ မန်ချက်စတာယူနိက်တက်ညနေခင်းကဖော်ပြထားပါတယ်။

ယူနိုက်တက်နဲ့ ၂နှစ်သက်တမ်းစာချုပ်သစ်ကိုချုပ်ဆိုခဲ့တဲ့ ဆိုလ်းရှားကို လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဆိုလ်းရှားလိုချင်တဲ့ ပစ်မှတ်တွေကို ရအောင် လုပ်ပေးဖို့ အသင်းတာဝန်ရှိသူတွေက နှုတ်အားဖြင့် ကတိပြုထားပြီးတော့ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက ဂလေဇာမိသားစုက ဂျိုးဂလေဇာက ဆိုလ်းရှားကို ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ နွေရာသီအပြောင်းအရွှေဈေးကွက်အတွက် ဆိုးရှားကို အတတ်နိုင်ဆုံးထောက်ပံပေးသွားမယ်လို့ ဂလေဇာက ပြောကြားခဲ့တယ်လို့သိရပါတယ်။

အသင်းပိုင်ရှင်တွေနဲ့တာဝန်ရှိသူတွေက ဆိုလ်းရှားရဲ့ကျန်ရှိနေတဲ့သက်တမ်းအတွင်း အသင်းရဲ့အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူနိုင်ဖို့ဆို လူသစ်ခေါ်ယူရေးစီမံချက်က မဖြစ်မနေလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရလာဒ်ကောင်းတစ်ချို့ရခဲ့ပေမယ့် ဖလားအိမ်မက်နဲ့ဝေးနေသေးတဲ့ဆိုလ်းရှားဟာ လာမယ့် နွေရာသီမှာ အထူးပစ်မှတ်တစ်ခုရှိနေတယ်လို့ဆိုပါတယ်။

တိုက်စစ်အတွက် ဆိုလ်းရှားထားထားတဲ့ ပစ်မှတ်ကတော့ ဒေါ့မွန်အသင်းက ဟာလန်းဖြစ်ပြီးတော့ ဒေါ့မွန်ဘက်က ယူရို သန်း ၁၈၀ ပေါင်သန်း၁၅၄သန်းထိဈေးခေါ်ယူထားတာလည်းဖြစ်ပါတယ်။

ပေါင်သန်း၁၅၀ပေးတဲ့အသင်းကိုရောင်းမယ်လို့ဒေါ့မွန်ဘက်ကပြောထားပေမယ့် ဒီပမာဏာဟာ အရမ်းများတဲ့အပြင် ကာဗာနီကို သက်တမ်းတိုးခဲ့တဲ့အတွက် အက်ဝုဒ်က ဂလေဇာကို ဒီအစီအစဉ်ဟာ မဖြစ်သင့်ကြောင်းပြောကြားခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။

ဆိုလ်းရှားအနေနဲ့ ဒေါ့မွန်က ဟာလန်းကို သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းကစားသမားဟောင်းလေးတစ်ဦးဖြစ်သလို တိုက်စစ်အစွမ်းထက်မြက်တဲ့ ကစားသမားဖြစ်တဲ့အတွက် အထူးလိုချင်နေတာဖြစ်ပါတယ်။

ဆိုလ်းရှားက ဟာလန်းကို ခေါ်ယူဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကို တောင်းဆိုထားပြီးတော့ အသင်းဘက်ကလည်း နွေရာသီမှာ ထိပ်တန်းကစားသမားတွေခေါ်ခွင့်ပေးမယ်လို့ကတိပြုထားတယ်။

ဟာလန်းဟာ နောက်ရာသီမှာဆိုရင် ယူရို ၇၅သန်း လျော်ကြေးစာချုပ်နဲ့ထွက်ခွာသွားနိုင်တဲ့ အခြေအနေရှိနေခဲ့ပေမယ့် ဒေါ့မွန်ဘက်ကတော့အခုဆိုရင် ဟာလန်းကို အသင်းမှာဆက်ရှိနေစေတော့မယ်လို့ဆိုပါတယ်။

ဒါကြောင့်အခြေအနေတွေကို သုံးသပ်ကြည့်လိုက်ရင်တော့ ဟာလန်းဟာ ယူနိက်တက်အတွက် လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာသေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။

Uni












Leave a Comment

Your email address will not be published.