ဖာဂူဆန်နဲ့ဆွေမျိုးတော်တဲ့ကစားသမားကိုမှ ပစ်ပစ်နှစ်နှစ် ဝေဖန်လိုက်ပြန်တဲ့ ရွိင်ကိန်း

မန်ချက်စတာယူနိက်တက်အသင်းဂန္တဝင်ကစားသမား ရွိင်ကိန်းကတော့ ယူနိက်တက်အသင်းနဲ့ပက်သက်ပြီး အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေကိုတောက်လျောက်လုပ်နေတာပါ။

ယူနိက်တက်ဟာလက်ရှိလူစာရင်းနဲ့ အောင်မြင်မှုတွေနဲ့ဝေးနေဦးမှာဖြစ်ပြီး ကွင်းလယ်က ဖရက်နဲ့တော်မီနေးကြောင့် ဖလားအိမ်မက်ပျက်လိမ့်မယ်လို့ ထပ်မံဝေဖန်သွားတာပါ။

“ကျွန်တော်ပြောတာနားလည်မယ်ထင်တယ်။ သူတို့ကကောင်းတယ်။ သာမန်ပါပဲသူတို့အတွဲနေရာမှာဒီထက်ပိုကောင်းတဲ့ကစားသမားတွေလိုနေတာအဓိကဖလားတွေလိုချင်ရင်တော့သူတို့ကိုပွဲထွက်ခွင့်ပေးပီးဆက်သုံးနေဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။”လို့တော်မီနေးနဲ့ဖရက်ဒ်ကိုပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့နေ့တွေတုန်းကလည်း တော်မီနေးကို အားမရပဲ ရွိင်ကိန်းက ဝေဖန်နေခဲ့တာပါ.တော်မီနေးဟာဆာအဲလက်ဖာဂူဆန်နဲ့လည်းအမျိုးတော်တယ်လို့သိရပါတယ်။

မန်ချက်စတာယူနိက်တက် အသင်းကို ဆာအဲလက်စ်ဖာဂူဆန် ဟာ ၂၆နစ်ကျော် နည်းပြခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးခဲ့နိုင်ခဲ့ပြီး မျိုးဆက်သစ်ကစားသမားတွေကို မွေးထုတ်ပေးခဲ့ပါတယ်..

မန်ချက်စတာယူနိက်တက်အတွက် ပရီးမီးယားလိဂ် ဖလား ၁၃ကြိမ် ချန်ပီယံလိဂ်ဖလား ၂ ကြိမ် နှင့် တခြားဆုဖလားပေါင်းများစွာကို ရယူပေးနိုင်ခဲ့ပြီး အင်္ဂလန်ဘုရင်မကြီး ပေးသော ဆာဘွဲ့ကို ရခဲ့သော နည်းပြတဦးဖြစ်ပါတယ်..

အောင်မြင်မှုများစွာယူပေးနိုင်သလို မထင်မရှားကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့သော နည်းပြတဦးလို့လည်း ပြောလို့ရပါတယ်…ရော်နယ်ဒိုလို ကမ္ဘာကျော်ကစားသမားတွေ ဘက်ခမ်းတို့လို ရိုင်ယန်ဂစ် ပေါစခိုးလ် ဝိန်းရွန်းနီ တို့လို ကစားသမားကောင်းများစွာ ကို ထွန်းတောက်အောင် လမ်းပြပေးခဲ့ပါတယ်…

ယခုအခါမှာလည်း ယူနိက်တက်ရဲ့ ဘုရင်ကြီး ဖာဂူဆန်ဟာ သူအနားယူတာတောင်မှ သူ့ရဲ့ မျိုးဆက်ကို ယူနိကတ်တက်မှာ ကစားသမားအဖြစ်ချန်ထားခဲ့တယ်လို့ပြောပါတယ်……အဲဒါကတော့ ဖာဂူဆန်နဲ့ အမျိုးနီးစပ်တော်တယ်လို့ပြောရမယ့် တော်မီနေးဖြစ်ပါတယ်…

တော်မီနေးဟာ ဖာဂူဆန် နဲ့ဆို မြစ်တော်စပ်တယ်လို့ ယူနိက်တက် ကျန်းမာရေးအဖွဲ့က ပြောခွင့်ရသူ တဦးက MUTV မှာပြောသွားခဲ့ပါတယ်….နည်းပြကြီးဟာ အမျော်အမြင်ကြီးစွာ နဲ့ တော်မီနေးကိုထားခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်…

ယခင်ကတော့ တော်မီနေးဟာ ယူနိက်တက်အသင်းကွင်းလယ်မှာ မရှိမဖြစ် ကစားသမားတဦးအဖြစ် ရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာတဲ့အတွက် ဝေဖန်မှုတွေခံနေရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ဖာဂူဆန် ရဲ့ ယူနိက်တက်အကယ်ဒမီထွက်ဆိုလို့ တော်မီနေးတယောက်သာကျန်တော့တာဖြစ်လို့ နည်းပြဆိုလ်းရှားကလည်း တော်မီနေးရဲ့ အရည်အချင်းတွေကို အပြုန်းတီးမခံတဲ့သဘောမျိုးလည်းဖြစ်နိုင်ပါတယ်။

#အဘကျော်

Leave a Comment

Your email address will not be published.