“ဗိုလ်လုပွဲ ရှုံးရင် ကစားသမားတွေနဲ့နည်းပြတွေကို$ခွက် တယောက်တချက်စီ ရိုက်ချင်တယ်”လို့ဆိုတဲ့ရွိင်ကိန်း

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် နောက်အပတ်ထဲမှာ ဗီလာရီးရဲနဲ့ ယှဉ်ပြိုင်ဖို့ရှိနေတာပါ.

ဒါနဲ့ပက်သက်ပြီး ယူနိက်တက်နည်းပြဆိုလ်းရှားကတော့ ၁၀ရက်အတွင်းဖလားတစ်လုံးယူပေးမယ်လို့ပရိတ်သတ်ကို ကတိပေးခဲ့ပါတယ်။

ဆိုလ်းရှားဟာ ယူနိက်တက်ကိုနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ နှစ်တွေအတွင်း ဆီမီးပြုတ်ဘဝနဲ့ ရွာလည်နေရှာတာဖြစ်ပြီး လက်ရှိမှာတော့ ဖလားအိမ်မက်က လက်တစ်ကမ်းအလိုကိုရောက်နေပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိက်တက် ဂန္တဝင်တွေက ယူနိက်တက်သာ ဖလားကို သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်နေကြပေမယ့် ရွိင်ကိန်းကတော့ ဗိုလ်လုပွဲမှာဖလားမရပဲ ရှုံးခဲ့ရင်တော့ယူနိက်တက်ကစားသမားတွေနဲ့နည်းပြတွေကို စောက်ခွက် ရိုက်ချင်တယ်လို့ ခုလိုဆိုလာပါတယ်။

“”အကယ်လို့ Europa league မှာ သာ United အသင်းရှုံးခဲ့ရင် ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို $ခွက်တစ်ယောက်တစ်ချက်စီလောက် ရိုက်ချင်တယ်ဗျာ…….။”

ယူနိက်တက်တို့ဟာ အိုးထရက်ဖို့အိမ်ကွင်းမှာ ၃ပွဲဆက်နိုင်ပွဲပျောက်ထားပြီး ခြေစွမ်းပိုင်းဟာလည်း ဝေဖန်စရာတွေရှိခဲ့သလို အိတ်ပေါက်နဲ့ဖားကောက်နေရတဲ့ နောက်တန်းကြောင့် ဆိုလ်းရှားအတွက် စိတ်ညစ်စရာလည်းဖြစ်နေပါတယ်။

ဒါ့အပြင် ဗီလာရီးရဲနဲ့ပွဲမှာ အဓိကကစားသမားတွေလွဲချော်ဖို့ရှိနေလို့ ဆိုလ်းရှားလည်းခေါင်းခဲနေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဖလားကတော့ ယူနိက်တက်ရဲ့ ဖလားဖြစ်မယ်လို့ ဂန္တဝင်ခန့်မှန်းတဲ့အတိုင်းပဲ ယုံကြည်မိပါတော့တယ်.

Leave a Comment

Your email address will not be published.