ဗိုလ်လုပွဲ မြက်ခင်းစိမ်းတွေပေါ်မှာ ပါဝင်မလာတော့မယ့် မက်ဂွိုင်းယား

ဒီကနေ့မနက်ကမှ နည်းပြကြီးဖာဂူဆန်ရဲ့ ရုပ်ရှင်ကား အခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ မက်ဂွိုင်းယားကတော့ လာမယ့် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြဆိုလ်းရှားက အတည်ပြုပြောဆိုလိုက်ပါတယ်။

ယူနိက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ဒဏ်ရာဟာ သက်သာလာတာမှန်ပေမယ့် ဗိုလ်လုပွဲ မြက်ခင်းစိမ်းတွေပေါ်မှာ မြင်ရလိမ့်မှာ မသေချာဘူးလို့ ဆိုလ်းရှားက တရားဝင်ပြောကြားခဲ့တာပါ။

“Maguire လမ်းလျှောက်နိုင်ပါပြီ။ ဒါပေမယ့် လမ်းလျှောက်တာနဲ့ ပြေးတာမတူပါဘူး။ အမှန်အတိုင်းပြောရရင် သူ့ကို Gdansk က မြက်ခင်းစိမ်းပေါ်မှာ တွေ့ရမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ့ကို အင်္ဂါနေ့နောက်ဆုံး လေ့ကျင့်ခန်းထိ စောင့်ကြည့်ပါမယ်။

သူက အဝတ်လဲခန်းထဲမှာ အရမ်းအရေးကြီးတဲ့သူ၊ ခေါင်းဆောင် တစ်ယောက်ပါ။ သူ့ကို ပွဲကြည့်စင်တွေပေါ်က အော်နေတာ မြင်ဖူးကြမှာပါ။ သူ Poland ကိုလိုက်လာပြီး အဝတ်လဲခန်းထဲမှာ ရှိနေမှာပါ။”

ယူနိုက်တက်နောက်တန်းဟာ မက်ဂွိုင်းယားမပါဝင်တဲ့ ပွဲစဉ်တွေမှာ သိသိသာသာ ဆိုးဝါးတဲ့အခြေအနေတွေဖြစ်နေပြီး ပလိုင်းပေါက်နဲ့ဖားကောက်ဆိုသလိုဖြစ်နေလို့ ပရိတ်သတ်တွေက ဗိုလ်လုပွဲမှာ သူ့ကို ပါဝင်စေချင်ပေမယ့် မက်ဂွိုင်းယားကတော့ ပါဝင်နိုင်ဖို့အလားအလာမရှိတော့ပြီလည်းဖြစ်ပါတယ်။

ဘကျော်

Leave a Comment

Your email address will not be published.