“မထင်ရှားပေမယ့် အတူတွဲကစားချင်တယ်”လို့ဖာနန်ဒက်ထုတ်ပြောလိုက်တဲ့ ကစားသမား

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်ကတော့ သူနဲ့အတူတွဲဖက်ကစားချင်တဲ့ကစားသမားတစ်ဦးကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီကစားသမားဟာ တခြားကစားသမားတွေလောက် မထင်ရှားမကျော်ကြားပေမယ့် သူ့အနေနဲ့ ဒီကစားသမားနဲ့ အတူတွဲဖက်ကစားဖို့ ကံကြမ္မာကအခွင့်အရေးပေးနိုင်ပါတယ်လို့လည်းဖာနန်ဒက်ကဆိုပါတယ်။

သူနဲ့အတူတွဲကစားချင်တဲ့ကစားသမားကတော့ တခြားသူမဟုတ်ပဲ သူ့ရဲ့အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ဇီလင်စကီးဆိုတဲ့ကစားသမားပါ။

ဇီလင်စကီးဟာ အူးဒီနီအသင်းမှာ ၅နှစ်ကြာကစားခဲ့တဲ့သူဖြစ်ပြီးတော့ ဖာနန်ဒက်နဲ့အတူ အဲ့ဒီအသင်းမှာကစားခဲ့ကြတာဖြစ်ပါတယ်။နာပိုလီကစားသမားဖြစ်တဲ့ ဇီလင်စကီးဟာ၂၀၁၆မှာ နီပယ်ကလပ်ကိုပြောင်းရွေ့ခဲ့တာဖြစ်ပြီးတော့ ဖာနန်ဒက်က သူရဲ့ အသင်းဖော်ဟောင်းအကြောင်းကို ခုလိုပြောပြလာပါတယ်။

“သူနဲ့ကျွန်တော်အချိန်အကြာကြီးကစားခွင့်မရခဲ့ပါဘူး။ အဲ့ဒီတုန်းကသူက ပွဲကစားခွင့်ရဖို့တော်တော်ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့်သူကတော်တော်လေးကောင်းတဲ့သူပါ”လို့ ဖာနန်ဒက်ကCanal Plusသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

“နည်းစနစ်ပိုင်းအရ ကျွန်တော်ပြောနိုင်တာက ဇီလင်စကီးက ကျွန်တော့်ထက်ပိုကောင်းပါတယ်။ အတိတ်မှာ ကျွန်တော်တို့စိန်ခေါ်မှုတွေကြုံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းကသူကအရမ်းရှက်တတ်တယ်။ ကျွန်တော်တို့ကလည်းငယ်သေးတော့လေ”လို့ဖာနန်ဒက်ကသူ့အသင်းဖော်ဟောင်းအကြောင်းကိုဆက်လက်ပြောပါတယ်။

“ကျွန်တော်တို့က ကွဲပြားတဲ့ တိုင်းပြည် လူမျိုး ကွဲပြားတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကွဲပြားမှုတွေအများကြီးက လာကြတဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်ကသူနဲ့ရင်းနှီးတယ်။ သူ့ကိုခင်တယ်။ သူကတကယ့်လူဗျ။ သူ့ကိုကြိုက်တာတွေအများကြီးရှိတယ်။ အီတလီမှာဆုံခဲ့တဲ့ထဲမှာသူ့ကိုတော့အမှတ်ရဆုံးပဲ”

ပီးခဲ့တဲ့လအနည်းငယ်က ကျွန်တော်သူ့ကိုပြောခဲ့သေးတယ်။ ငါမင်းနဲ့အတူ တွဲကစားချင်သေးတယ်လို့ပေါ့။ ကံကြမ္မာဆိုတာ ဘယ်သူမြင်နိုင်လို့လဲ။ ကျွန်တော်တို့အတူတွဲကစားဖို့အခွင့်အရေးရဦးမှာပါ။ သူကကျွန်တော့်အတွက်တော့ တစ်ကယ့်ထိပ်တန်းကစားသမားပဲ”

ဖာနန်ဒက်က သူ့အသင်းဖော်ဟောင်းကို ယူနိက်တက်အသင်းမှာအတူတွဲကစားချင်တယ်လို့ ဒဲ့ပြောခဲ့တာမျိုးမဟုတ်ပေမယ့် သူ့အနေနဲ့ အခွင့်ရှိခဲ့ရင် သူ့သူငယ်ချင်းနဲ့ ဘယ်အသင်းမှာဖြစ်ဖြစ် တွဲဖက်ကစားခွင့်ရချင်သေးတယ်လို့ ဆို လိုသွားပုံရပါတယ်။

#ဘကျော်

Leave a Comment

Your email address will not be published.