“ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမား”လို့ဆာအဲလက်ချီးကျူးလိုက်တဲ့ ယူနိက်တက်ကြယ်ပွင့်

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူငယ်ကစားသမားတွေထဲမှာမှ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားကိုတော့ ဆာအဲလက်ဖာဂူဆန်ကိုယ်တိုင်က ထုတ်ဖော်ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဆာအဲလက်ဖာဂူဆန်အနေနဲ့ သူသက်တမ်းတစ်လျောက်ယူနိုက်တက်အပြင်အခြားသောအသင်းတွေက ပင်ကိုယ်ပါရမီရှိပါတယ်ဆိုတဲ့ ကစားသမားပေါင်းများစွာကိုတွေ့ခဲ့ဖူးတယ်လို့ပထမဆုံး ဆာအဲလက်ကဆိုပါတယ်။

ယူနိုက်တက်မှာဆို ရွိင်ယန်ဂစ် ပေါ်လ်စခိုး ဒေးဗစ်ဗက်ခမ်း ရော်နယ်ဒို ရွန်းနီ စတဲ့ကစားသမားတွေအားလုံးဟာ ကမ္ဘာ့အဆင့်ထိပ်တန်း ပါရမီရှင်ကစားသမားတွေပေါ်ထွက်ခဲ့သလို လက်ရှိမှာဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးကို မြင်တွေ့နေရပြီလို့ ဆာအဲလက်ကဆိုပါတယ်။

လက်ရှိ‌ ဒေါ့မွန်ကဟာလန်းနဲ့ပီအက်စ်ချီက မက်ပီတို့ကို ကမ္ဘာ့အကောင်းဆုံးဘယ်သူလဲဆိုတာ အငြင်းပွားမှုတွေမြင့်တက်နေချိန်မာပဲ နဗီးနဲ့ဆာအဲလက် အမေးအဖြေစကားဝိုင်းမှာ မန်စီးတီးလူငယ်ကစားသမား ဆာအဲလက်က သူ့အမြင်ကို အဲ့ဒီလိုပြောဆိုခဲ့တာပါ

“ငါ့အမြင်မှာ မေဆင်ဂရင်းဝုဒ်က ကမ္ဘာ့ထိပ်တန်းအဆင့်ကိုသွားနေပြီ။”လို့ဆာအဲလက်ကစတင်ပီးပြောဆိုလိုက်ပါတယ်။

“သူဟာအေးဆေးလွန်းတဲ့ကြီးမြင့်တဲ့ တိုက်စစ်မှူးတစ်ယောက်ပဲ။ ဒါကရှားတယ်။ သူဘယ်တော့မှထိတ်လန့်‌ကြောက်ရွံနေတာမျိူးတွေမရှိဘူး။ သူ့ကန်ချက်တွေက တိကျပီးပျော့ပျောင်းတယ်။ သွေးအေးတဲ့တိုက်စစ်မှူးပဲ။ သူက မန်စီးတီးက ဖိုဒန်းထက်လည်းငယ်ပါသေးတယ်။ ဖိုဒန်နဲ့ဘာမှမကွာပါဘူး။ မကြာခင်ဖိုဒန်ကိုမှီလာပါလိမ့်မယ်။ဖိုဒန်ကဆေးဗားလ်နေရာကိုယူလာပြီးတော့သူလည်းအံဩဖွယ်ကောင်လေးပဲ”လို့ဆာအဲလက်ကသုံးသပ်ပါတယ်။

မန်စီးတီးလူငယ်တိုက်စစ်မှူးဖြစ်တဲ့ ဖိုဒန်ကိုယ်တိုင်ကလည်း ယူနိက်တက်အသင်းက မေဆင်ဂရင်းဝုဒ်သစ်သားစိမ်းလေးကို “ကျွန်တော်မြင်ဖူးသမျှတိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးအဆုံးသတ်သူပါပဲ”လို့ချီးကျူးခဲ့ဖူးပါတယ်။

ဖိုဒန်လိုပဲ ကွင်းလယ်ဗိုလ်ချုပ်လို့ တင်စားထားတဲ့ ပေါ့ဘာကလည်း သူတွေ့ဖူးသမျှတိုက်စစ်မှူးထဲမှာ ကာဗာနီနဲ့ဂရင်းဝုဒ်လောက် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးမရှိသေးဘူးလို့ဆိုထားပါတယ်။

လက်ရှိသစ်သားစိမ်းလေးဟာ ယူနိက်တက်ရဲ့ ပွဲစဉ်တွေတိုင်းလိုလို ခြေစွမ်းပြပြီးဂိုးတွေသွင်းယူနေတာဖြစ်ပြီး ဖိုဒန်ကတော့ သစ်သားစိမ်းလေးကိုခုလိုဆက်ချီးကျူးသွားပြန်ပါတယ်

“သိတဲ့အတိုင်းပဲ သူ့ဂိုးသွင်းစွမ်းည်က ခြေထောက်နှစ်ဖက်စလုံးနဲ့ဂိုးသွင်းယူနိင်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူးအဂူရိုနဲ့တောင်နှိုင်းယှဉ်လို့ရပါတယ်။ သူ့အသက်အရွယ်အရဆို သူဟာမယုံကြည်နိုင်လောက်အောင် ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးပါ။ သူကဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဂိုးတွေသွင်းယူနိင်ပါတယ်။ ပြီးတော့အရမ်းတည်ငြိမ်အေးဆေးလွန်းပါတယ်”လို့ဆိုပါတယ်။

ဖိုဒန်ဟာ မန်စီးတီးမှာ လက်ရှိခြေစွမ်းအလွန်ကောင်းနေတဲ့အပြင် သူ့ရဲ့ဘောလုံးလက်ခံတာ ဆွဲပြေးတာ ဂိုးသွင်းတာတွေဟာ မက်ဆီပုံစံနဲ့ဆင်တယ်လို့တောင် ချီးကျူးမှုတွေရှိနေကြပါတယ်။ကဲမန်ဖန်ပရီတ်သတ်ကြီးရော သစ်သားစိမ်းလေးကို ဘယ်လိုမြင်လဲ? သူတို့ပြောသလို ကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးလို့ယုံကြည်ချင်ပါသလား?

#ဘကျော်

Leave a Comment

Your email address will not be published.