ချန်ပီယံမန်စီးတီးနဲ့အဆင့်၂ကမန်ယူကို ရိသဲ့သဲ့စကားနဲ့တိုက်ခိုက်လိုက်တဲ့ လိပ်ပုနည်းပြ

လီဗာပူးအသင်းနည်းပြကလော့ပ်ကတော့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနဲ့အဆင့်၂နေရာက မန်ချက်စတာယူနိုက်တက်တို့ကို ရိသဲ့သဲ့စကားနဲ့တိုက်ခိုက်လိုက်ပါတယ်။

မန်စီးတီးအသင်းဟာ၎င်းတို့အသင်းလိုမျိုးဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ရမယ်ဆိုရင်လက်ရှိရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်မှာမဟုတ်ဘူးလို့လီဗာပူးအသင်းနည်းပြကလော့ကဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာလက်ရှိရာသီမှာအဓိကကစားသမားတွေဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ရပြီးနောက်ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဆုကိုမကာကွယ်နိုင်ဘဲချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာရာသီအစပိုင်းမှာအထနှေးခဲ့ပေမယ့်ပရီးမီးယားလိဂ်ချန်ပီယံဆု၊ကာရာဘောင်ဖလားချန်ပီယံဆုတို့ကိုရယူထားနိုင်သလိုချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။

နည်းပြကလော့က“မန်စီးတီးအသင်းဟာလက်ရှိရာသီမှာအဓိကဗဟိုနောက်ခံလူသုံးဦးလောက်ဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးဆိုရင်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်မှာမဟုတ်ဘူး၊မန်ချက်စတာယူနိုက်တက်အသင်းဟာလည်းဗဟိုနောက်ခံလူသုံးဦးလောက်ဒဏ်ရာပြဿနာတွေရှိနေခဲ့မယ်ဆိုရင်အခုလိုမျိုးရပ်တည်နိုင်မှာမဟုတ်ဘူး၊”လို့ပြောပါတယ်။

လီဗာပူးအသင်းဟာလက်ရှီရာသီမှာအသင်းရဲ့အဓိနောက်ခံလူတွေဖြစ်တဲ့ဗန်ဒိုက်၊ဂိုမက်ဇ်တို့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်ကာလအတန်ကြာအနားယူခဲ့ရတဲ့အပြင်အသင်းရဲ့အဓိကအခြားကစားသမားတွေလည်းဒဏ်ရာပြဿနာတွေရှိနေခဲ့ပါတယ်။

နည်းပြကလော့က“ကျွန်တော်တို့အသင်းဟာလက်ရှိရာသီမှာအဓိကဗဟိုနောက်ခံလူသုံးဦးဒဏ်ရာရခဲ့တယ်။အဓိကနောက်ခံလူသုံးဦးဟာခြေထောက်တွေကျိုးခဲ့တယ်။ဒါပေမယ့်အသင်းဟာနိုင်ပွဲတွေရယူနိုင်ဆဲဖြစ်တယ်။“လို့ပြောပါတယ်။

လီဗာပူးအသင်းဟာပရီးမိးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ခရစ္စတယ်ပဲ့လေစ့်နဲ့ ကစားမှာဖြစ်ပြီးချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့ အဲဒီပွဲစဉ်အနိုင်ရဖို့ အရေးကြီးနေပါတယ်။

Leave a Comment

Your email address will not be published.