မက်ဂွိုင်းယားနဲ့တွဲပေးဖို့ မန်ယူ ပစ်မှတ်ထားနေတဲ့ကစားသမား စီးတီးနဲ့ ဘာကာဝင်လု

မန်ချက်စတာယူနိက်တက်အသင်းအတွက် နောက်ခံလူအင်အားကိုဖြည့်တင်းဖို့ မန်ချက်စတာစီးတီးနဲ့မန်ချက်စတာယူနိက်တက်ကပစ်မှတ်ထားနေတဲ့ ကစားသမားကို ဘာစီလိုနာအသင်းကပါစိတ်ဝင်စားလာပြီး ခေါ်ယူဖို့ချိတ်ဆက်နေပြီဖြစ်ပါတယ်။

ဗီလာရီးရဲအသင်းက စပိန်နောက်ခံလူဟာ ဒီရာသီမှာ တော်တော်ခြေစွမ်းပြနေပြီး ဗီလာရီးရဲလ်နဲ့အာဆင်နယ်တို့ ယူရိုပါလိဂ်ဆီမီးတွေ့ဆုံတဲ့ပွဲမှာဆို ဒီကစားသမားဟာအာဆင်နယ်တိုက်စစ်ကို တော်တော်လေးခြေစွမ်းပြကာကွယ်နိုင်ခဲ့တာပါ။

ယူနိုက်တက်နောက်တန်းဟာ ဒီရာသီမှာ ဆိုးဝါးတဲ့ခြေစွမ်းတွေရှိနေခဲ့တာဖြစ်ပြီး ပလိုင်းပေါက်နဲ့ဖားကောက်သလို နောက်ခံလူတွေကြောင့် ယူနိက်တက်တို့ဟာ စိတ်ပျက်စရာအခြေအနေတွေကြုံတွေ့နေရတာပါ။

ပြီးခဲ့တဲ့အပတ်တွေထဲမှာကစားခဲ့တဲ့ အိုးထရက်ဖို့မှာဆိုရင် အိမ်ကွင်း ၃ပွဲလုံးနိုင်ပွဲပျောက်ခဲ့ပြီး အထူးသဖြင့်နောက်တန်းရဲ့ ပေါ့ဆမှုကတော့ လယ်ပြင်မှာဆင်သွားသလိုထင်းထင်းကြီးပေါ်လာနေတာပါ။

နောက်ခံလူမက်ဂွိုင်းယားဟာ လက်ရှိမှာ ဒဏ်ရာရနေတာဖြစ်ပြီး သူမပါဝင်ခဲ့တဲ့ ပွဲစဉ်တွေမှာရှုံးနိမ့်ခဲ့တာလည်းဖြစ်တဲ့အတွက် ယူနိက်တက်တို့ဟာ နောက်ခံလူမဖြစ်မနေကိုခေါ်ရတော့မှာပါ

ဒါကြောင့်ယူနိုက်တက်ဟာလာမယ့်ရာသီမှာဗဟိုခံစစ်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ ဆန္ဒရှိနေပြီး ကစားသမားအချို့ကို ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်နေတဲ့ ခံစစ်ကစားသမားအချို့ရှိနေပြီးအဆိုပါကစားတွေထဲမှာ ဗီလာရီးရဲလ် နောက်ခံလူ ပါအူတောရက်စ်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် စပိန်နောက်ခံလူဟာလက်ရှိ လာလီဂါမှာ ခြေစွမ်းပြသလျှက်ရှိနေပြီး လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာရေပန်းစားနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဘယ်ခြေအားသန်တဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ပါအူတောရက်စ်ကိုလက်ရှိ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား နဲ့ ခံစစ်မှာတွဲဖက်ပေးဖို့ နည်းပြ ဆိုးလ်ရှားက အလိုရှိနေတာပါ။

ယူနိုက်တက်အနေနဲ့ ပါအူ တောရက်စ်ကို အပြီးသတ်ခေါ်ယူမယ်ဆိုပါကပြောင်းရွှေ့ကြေး ပေါင် သန်း သန်း60 ပေးချေရဖွယ်ရှိနေတယ်လို့သိရပြီး လက်ရှိမှာတော့ မန်စီးတီးနဲ့ဘာစီလိုနာက ဗီလာရီးရဲလ်အကြိုက်ဈေးပေးပီးခေါ်ယူဖို့ချိတ်ဆက်ညှိနှိုင်းနေပီလို့သိရပါတယ်။

ယူနိက်တက်တို့ကတော့ ထုံးစံအတိုင်း ငါ့ရည်းစားသူများနဲ့ညားဆိုသလို ကိုယ်နဲ့နီးစပ်နေတဲ့ ကစားသမားကောင်းတွေကို ဆုံးရှံးရတာများနေလို့ ဒီတစ်ခါလည်းဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်

#Ba_Kyaw

Leave a Comment

Your email address will not be published.