မန်စီးတီးကို ယှဉ်ဖို့ မမှီနိုင်တဲ့ အကြောင်းရင်းတွေ ရင်ဖွင့်သွားတဲ့ ဆိုလ်းရှား

မန်ချက်စတာယူနိက်တက်အသင်းကိုကိုင်တွယ်ခဲ့တဲ့သက်တမ်းတွေအတွင်း ဖလားတစ်လုံးမှမပိုင်ဆိုင်ဖူးသေးတဲ့အပြင် ဆီမီးပြုတ်ဆိုလ်းရှားရယ်လို့ နာမည်ပြောင်ဖြစ်လာတဲ့ ဆိုလ်းရှားဟာ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို စိန်ခေါ်ချင်ပေမယ့် ယူနိက်တက်အနေနဲ့ မန်စီးတီးကို ယှဉ်ဖို့ မမှီနိုင်သေးကြောင်း ဆိုလ်းရှားတစ်ယောက်ကတော့ ငိုချင်းချသွားပါတယ်။

မန်စီးတီးအသင်းကို နောက်ရာသီမှာ စိန်ခေါ်ပြီး ဖလားတွေသိမ်းပိုက်နိုင်ဖို့ဆို ယူနိက်တက်တို့အနေနဲ့ လက်ရှိလူစာရင်းနဲ့လုံးဝမဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေရှိနေပြီး လူသစ်ထပ်မံဖြည့်တင်းရေးကို တိုက်တွန်းကြပေမယ့် နပ်ချေးကို ငါးပိလုပ်စားမယ့်ဂလေဇာနဲ့နောက်ဆုံးအချိန်ထိ ဒုက္ခပေးမယ်လို့ ဘုရားရှေ့မှာသစ္စာဆိုထားသလို လုပ်ရပ်တွေလုပ်နေတဲ့ အက်ဝုဒ်တို့ကြောင့် ယူနိက်တက်တို့ရဲ့လူသစ်ခေါ်ရေးဟာ နှစ်တိုင်းဖြစ်ဖြစ်မြောက်မြောက်ရယ်လို့မရှိခဲ့ပါဘူး

ဒီနှစ်မှာလည်း ဆိုလ်းရှားဟာ တိုက်စစ်မှူးထိပ်တန်းတစ်ယောက်ကိုခေါ်ဖို့ ပြီးခဲ့တဲ့နှစ်နွေလောက်တည်းကတိုက်တွန်းတောင်းဆိုထားပေမယ့် ထုံးစံအတိုင်းနွေရာသီရောက်ရင် နာမည်ကြီးထမင်းငတ်ဖြစ်ဖြစ်သွားတတ်တဲ့ ယူနိက်တက်တို့ဟာ ဒီနှစ်လည်း ဟာလန်းနဲ့လွဲခဲ့ရပါပြီ.

ဒါ့အပြင် ကိန်းကလည်း မန်စီးတီးကို သွားချင်တယ်လို့ ထုတ်ပြောထားလိုက်တာဖြစ်တဲ့အတွက် ကိန်းကိုရဖို့အိမ်မက်ကတော့မျှော်လင့်ရင်းနဲ့ဝေးဖြစ်သွားခဲ့ပါပြီ။

လက်ရှိမှာဆို မန်စီးတီးဟာ ဘာစီလိုနာက မက်ဆီကို ပရီးမီးယားလိဂ်မှာမရှိဖူးသေးတဲ့ဈေးပေးပြီးခေါ်ဖိုလုပ်နေသလို မက်ဆီကလည်း ဘာကာကထွက်ခွာဖို့လုပ်နေပြီဖြစ်ပါတယ်။

လက်ရှိမန်စီးတီးအင်အားနဲ့တင် မယှဉ်နိုင်တဲ့ ယူနိက်တက်တို့ဟာ လူသစ်အင်အားထပ်မံဖြည့်တင်းလာမယ့် စီးတီးကို ရင်ဆိုင်ဖို့ဆို လူသစ်ခေါ်ယူမှုတွေက မဖြစ်မနေကိုလုပ်ဆောင်ရပါတော့မယ်။

လောလောဆယ်မှာ ကာဗာနီကိုစာချုပ်သစ်ချုပ်ထားပေမယ့် တိုက်စစ်မှူးစစ်စစ်တစ်ဦးလိုနေသေးသလို ကွင်းလယ်နဲ့ ဗဟိုနောက်ခံကစားသမားခေါ်ယူဖို့လိုနေပါသေးတယ်။

ဒါပေမယ့် နွေရာသီတိုင်း ပရိတ်သတ်ကို အသဲခွဲတဲ့ ယူနိက်တက်တို့ရဲ့ လူသစ်ခေါ်ရေးဟာ ရောက်လာမှပဲရောက်လာတယ်မှတ်ဆိုသလိုဖြစ်နေရပါပြီ

နောက်နှစ်ဖလားတွေသိမ်းဖိုက်ဖို့စိတ်ကူးထားပေမယ့် ဒီစိတ်ပျက်စရာအခြေအနေတွေကြုံတွေ့ရတာနဲ့ပက်သက်ပြီးဆိုလ်းရှားကတော့ ခုလိုရင်ဖွင့်သွားခဲ့ပါတော့တယ်။

“ကျွန်တော်တို့ ထုံးစံအတိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကစားသမားသစ် နှစ်ယောက်၊ သုံးယောက်လောက် ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်။ မန်စီးတီးကို လိုက်မီဖို့ အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့ မျှော်လင့်တဲ့ အနေအထား မရောက်သေးပါဘူး” ကဲမန်ဖန်တွေရော ယူနိက်တက်ရဲ့ လူသစ်ခေါ်ရေးကို ဘယ်လိုသုံးသပ်ပါသလဲ

#ဘကျော်

Leave a Comment

Your email address will not be published.