မကြာခင်ကာလမှာ ထင်မှတ်မထားတဲ့စိန်ခေါ်မှုတွေ ကြုံရတော့မယ် မာရှယ်

ဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဆိုလ်းရှားအချစ်တော်မာရှယ်လေးကတော့ မကြာခင်ကာလမှာ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ မထင်မှတ်ထားတဲ့ အဖြစ်တွေကို ရင်ဆိုင်ရတော့မယ်လို့ သတင်းတွေက သုံးသပ်ထားကြပါတယ်။

ယူနိုက်တက်မှာ အချိန်အတော်ကြာ ခြေစွမ်းကောင်းတွေပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူးကျောနံပါတ်၉မာရှယ်ကတော့ ဒီရာသီမှာ ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပြီး လာမယ့်နွေမှာတော့ လူသစ်ခေါ်ရေးစီမံချက်နဲ့ ယူနိုက်တက်အသင်းကို အင်အားကြီးအောင်ပြန်လည်တည်ဆောက်မှုတွေကြားမှာ ရုန်းကန်ရတော့မယိလို့ မက်ထရိုသတင်းမှာဖော်ပြထားပါတယ်။

သတင်းတွေအရဖြစ်လာနိုင်စရာရှိတာဟာ မာရှယ်ဟာ ယူနိက်တက်မှာ ဆက်ရှိနေ မနေ နဲ့ သူ့ရဲ့တိုက်စစ်နေရာဟာ စိန်ခေါ်မှုတွေလည်းရှိလာမှာဖြစ်ပါတယ်။

ဒဏ်ရာရပြီး ကာလရှည် အနားယူနေရတဲ့ မာရှယ် နေပြန်ကောင်းလာချိန်မှာပဲ မာရှယ်ရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းမာရှယ်ဟာ ယူနိုက်တက်မှာ ကစားတော့မှာမဟုတ်ပဲ တစ်ကယ့် အိမ်မက်က ရီးရဲမက်ဒရစ်မှာဖြစ်ပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မာရှယ်အနေနဲ့တော့ယူနိက်တက်မှာဆက်ရှိဖို့များနေပြီး လက်ရှိယူနိက်တက်ရဲ့ အလိုအပ်ဆုံးကွက်လပ်ကိုတော့ ဖြည့်စွမ်းနိုင်ဖို့မသေချာတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။

ယူနိက်တက်တို့ဟာ ဆေးမြီတိုလိုဖြစ်နေတဲ့ တိုက်စစ်မှူးစစ်စစ် ဂိုးသွင်းမုဆိုးကြီး ကာဗာနီကို စာချုပ်သက်တမ်းထပ်တိုးလိုက်ပြီး နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ကိုလည်း ခေါ်ယူဖို့ရှိနေတဲ့အတွက် ခြေစွမ်းမပြနိုင်တဲ့ မာရှယ်ဟာ ပုံမှန်ပွဲထွက်ခွင့်တောင် နပ်မမှန်မယ့် အခြေအနေမျိုးထိဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အကောင်းဆုံးကစားသမားလေးဖြစ်ပြီးတော့ ဆာအဲလက်ဖာဂူဆန်ကိုယ်တိုင်က ကမဘာ့အကောင်းဆုံးလူငယ်ကစားသမားလို့ ချီးကျူးထားတဲ့ သစ်သားစိမ်း ဂရင်းဝုဒ်လေးကလည်း ခြေစွမ်းအလွန်ထက်လာနေတာဖြစ်တဲ့အတွက် ဆိုလ်းရှားကတော့ ဒီလူငယ်လေးကို နေရာပေးဖို့ရှိနေတာပါ။

ဒါ့အပြင် လက်ရှိမှာလည်း စပါးတိုက်စစ်မှူးကိန်းနဲ့ပက်သက်ပြီး ယူနိုကတက်ဘက်က မာရှယ်နဲ့လင်းဂက်ကို အလဲအထပ်လုပ်ဖို့ထိ တရားဝင်ထုတ်ပြန်ထားတာကြောင့် မာရှယ်ဟာ မထင်ထားတဲ့ အခြေအနေတွေကို ကြုံတွေ့လာနိုင်ရပြီး ဆိုလ်းရှားရဲ့ ကစားသမားထုတ်ရောင်းမယ့် အစီအစဉ်မှာလည်း ဘာဖြစ်လာဦးမယ်ဆိုတာမသိရသေးပါဘူး၊။

ဒါပေမယ့် လက်ရှိခြေစွမ်းပိုင်းအနေအထားနဲ့ ဝေဖန်မှုတွေကြုံနေရတဲ့ မာရှယ်ကတော့ သူ့အနေနဲ့ ဝေဖန်သံတွေကို ကျောခိုင်းထားတယ်လို့ဆိုထားပြီး လက်ရှိရင်ဆိုင်ရမယ့်အရာတွေကိုပဲ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။

ဆိုလ်းရှားကတော့ လာမယ့် ဗီးလာရီးရဲနဲဗိုလ်လုပွဲမှာ တိုက်စစ်မှူးမာရှယ်ကို ထည့်သုံးမယ်လို့ပြောထားပြီး မာရှယ်အနေနဲ့ ပုံမှန်ခြေစွမ်းကောင်းတွေပြန်ရဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်

#ဘကျော်

Leave a Comment

Your email address will not be published.