ယူနိက်တက်မှာ ရှိစေချင်တဲ့ သူ့အကြိုက်ဆုံးပရီးမီးယားလိဂ်ကြယ်ပွင့် ၄ယောက်ကို ဖာဂူဆန်ထုတ်ပြော

မန်ချက်စတာယူနိက်တက် အသင်းကို ၂၆နစ်ကျော် နည်းပြခဲ့ပြီး အောင်မြင်မှုများစွာရယူပေးခဲ့နိုင်ခဲ့သလို မျိုးဆက်သစ်ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန် ကတော့ သူသာလက်ရှိထိ ယူနိက်တက်မှာရှိနေဦးမယ်ဆို သူ့နည်းပြမှုအောက်မှာ ကစားစေချင်တဲ့ သူအကြိုက်ဆုံးကစားသမား ၄ယောက်ရှိတယ်လို့ နည်းပြကြီးကပြောပါတယ်။

မန်ချက်စတာယူနိက်တက်အတွက် ဆုဖလား၃၈ခု ပရီးမီးယားလိဂ် ဖလား ၁၃ကြိမ် ချန်ပီယံလိဂ်ဖလား ၂ ကြိမ် နှင့် တခြားဆုဖလားပေါင်းများစွာကို ရယူပေးနိုင်ခဲ့ပြီး အင်္ဂလန်ဘုရင်မကြီး ပေးသော ဆာဘွဲ့ကို ရခဲ့သော နည်းပြတဦးဆိုတာ အားလုံးလည်းသိပြီးသားပဲဖြစ်ပါတယ်။

ဖာဂူဆန်ဟာ အောင်မြင်မှုများစွာယူပေးနိုင်သလို မထင်မရှားကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့သော နည်းပြတဦးလို့လည်း ပြောလို့ရပါတယ်။…ရော်နယ်ဒိုလို ကမ္ဘာကျော်ကစားသမားတွေ ဘက်ခမ်းတို့လို ရိုင်ယန်ဂစ် ပေါစခိုးလ် ဝိန်းရွန်းနီ တို့လို ကစားသမားကောင်းများစွာ ကို ထွန်းတောက်အောင် လမ်းပြပေးခဲ့ပါတယ်။

အခုလည်းသူက ပရီးမီးယားလိဂ်မှာ သူအကြိုက်နှစ်သက်ဆုံးကစားသမား ၄ဦးကို ခုချိန်မှာသာသူရှိနေသေးရင် ခေါ်ယူဖို့ကြိုးစားမှာပဲလို့ဆိုလာပါတယ်။”ပထမဆုံးကတော့ ဟယ်ရီကိန်းပေါ့။ သူကတစ်ကယ့်ထိပ်တန်းတစ်ယောက်ပဲ။

အယ်လီကတော့ထိပ်တန်းတစ်ဦးဖြစ်ခဲ့ပြီးပြီပေါ့။ နောက်တစ်ယောက်ကတော့ ကောင်လေး ဆွန်။ သူကရိုးရှင်းပီးအရမ်းနှစ်သက်ဖို့ကောင်းတဲ့ကစားသမားပါ။ကိန်းနဲ့ဆွန်က စပါးရဲ့ အံဩစရာအကောင်းဆုံးကစားသမား ၂ယောက်ပဲ..အဂူရို သူကတော့သံသယထားစရာမလိုတဲ့ ဂိုးသွင်းရှင်ပဲ။ ထိပ်တန်းကလပ်တွေကတော့ထိပ်တန်းကစားသမားတွေကိုမွေးထုတ်တာချည်းပါပဲ”လို့ ဆာအဲလက်ဖာဂူဆန်ကဆိုပါတယ်။

အသက်၇၉နစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ဒီစကားတွေကို သူ့ရဲ့ရုပ်ရှင်ပရိုမိုးရှင်းအစီအစဉ်လုပ်တဲ့နေ့မှာ ဂယ်ရီနဗီးနဲ့အမေးအဖြေလုပ်ခဲ့ရာမှာထည့်သွင်းပြောကြားခဲ့တာပါ။

နည်းပြကြီးဖာဂူဆန်ပထမဆုံးပြောတဲ့ ကစားသမားကတော့ ကိန်းဖြစ်ပြီး အယ်လီ ဆွန် နဲ့အဂွိရိုးတို့ကိုလည်း သူသာရှိခဲ့ရင် သူ့အုပ်ချုပ်မှုအောက် သူ့အသင်းမှာကစားစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိစပါးကထွက်ခွာခွင့်တောင်းထားတဲ့ တိုက်စစ်မှူးကိန်းကတော့ မန်စီးတီးကို သွားဖို့ စိတ်ဆန္ဒရှိနေတာဖြစ်ပြီး ယူနိုက်တက်တို့ကတော့ ကစားသမားကောင်းတွေနဲ့ လွဲချော်တဲ့ ဇာတာပါလာလားတော့မသိပါဘူး။

လောလောဆယ်မှာတော့ ယူနိက်တက်တို့ရဲ့ နည်းပြဆိုလ်းရှားကို နည်းပြကြီး ဖာဂူဆန်က လိုအပ်တဲ့ အကြံတွေပေးနေမှာမှန်ပေမယ့် အသင်းပိုင်ရှင်ဂလေဇာရဲ့ အာဏာရှင် အုပ်ချူပ်မှုအောက်မှာ ယူနိက်တက်တို့ ဘယ်လောက်ထိရုန်းကန်ရမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်,

#ဘကျော်

Leave a Comment

Your email address will not be published.