ယူနိုက်တက်ကထွက်ခွာရင် သူသွားချင်တဲ့ အသင်း၂သင်းရှိကြောင်း ဝန်ခံလိုက်တဲ့ ရက်စ်ဖို့

မန်ချက်စတာယူနိက်တက်ရဲ့ တိုက်စစ်မှူးမားကပ်ရက်စ်ဖို့ကတော့ သူ့အနေနဲ့ မန်ချက်စတာယူနိက်တက်အသင်းကနေထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူသွားချင်တဲ့အသင်း ၂ သင်းရှိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

လက်ရှိယူနိုက်တက်မှာ ခြေစွမ်းပြနေခဲ့တဲ့ရက်စ်ဖို့က ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားလည်းဖြစ်သလို သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကြောင့် ကမ္ဘာတစ်ခုလုံးက လေးစားချစ်ခင်ရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွက် အထူးအားကိုးရတဲ့ တိုက်စစ်မှူး မားကပ်ရက်စ်ဖို့ကတော့ သူ့ရဲ့အနာဂါတ်အစီအစဉ်နဲ့ပက်သက်ပြီး အမေးအဖြေတစ်ခုမှာ သူ့အနေနဲ့ ဘယ်အရာကိုမှတထစ်ချမပြောနိုင်ပဲ တကယ်လို့များ ယူနိက်တက်အသင်းကသာ သူထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူအရမ်းသွားကစားချင်တဲ့ အသင်း ၂သင်းရှိကြောင်းဆိုပါတယ်။

မားကပ်အနေနဲ့”တခြားနိုင်ငံတွေ တခြားအသင်းတွေမှာ ပြောင်းလဲကစားဖို့ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေရှိလားလို့ ဂါးဒီးယန်းအားကစားသတင်းထောက်တစ်ဦးရဲ့အမေးကို

“ကျွန်တော် NOလို့တော့ဘယ်တော့မှ ဖြေမှာမဟုတ်ဘူး ”

“‌ဪယူနိုက်တက်အပြင် ကျွန်တော့်အတွက် စံပြအားကျရတဲ့အသင်းဆိုရင်တော့ ရှိပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်ပါ။ အဲ့ဒီ ၂သင်းမှာကျွန်တော်ကစားချင်ပါတယ်။

ကျွန်တော်က သူတို့ရဲ့ ဖန်အကြီးစားလေ။ ဘာလို့ကြိုက်လဲဆိုတော့ အဲ့ဒီ ၂သင်းလုံးမှာ ကြီးမြတ်တဲ့ကစားသမားကြီးတွေရှိနေကြတယ်လေ။ သူတို့ကစားတာအရမ်းဆွဲဆောင်မှုပြင်းတယ်ဗျ”လို့မားကပ်ရက်ဖို့ကဆိုပါတယ်။

“ဒါကကျွန်တော်မှမဟုတ်ပါဘူး။ လူတိုင်း ဒီ ၂သင်းမှာ ကစားချင်ကြမှာပါ”လို့ ရက်စ်ဖို့ကဆက်လက်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈လောက်တုန်းက ဘာစီလိုနာနဲ့ ရီးရဲတို့က ရက်စ်ဖို့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေမြင့်တက်နေခဲ့ပါသေးတယ်။

လက်ရှိယူနိုက်တက်မှာ ရက်စ်ဖို့ဟာ ပြိင်ပွဲစုံမှာ ၂၁ဂိုးသွင်းယူထားပြီးယူနိက်တက်ကို ပရီးမီးယားလိဂ် အဆင့် ၂နဲ့ယူရိုပါလိဂ်ဖိုင်နယ်နေရာရောက်ရှိအောင်အဓိကကူညီထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။

၂၃နှစ်အရွယ်ရှိတဲ့ ရက်ဖို့ဟာ ယူနိက်တက်နဲ့ ၂၀၂၃ထိစာချုပ်ချုပ်ဆိုထားတာဖြစ်တဲ့အတွက် သူ့ရဲ့အနာဂါတ်ကတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာသူပြောသလိုပဲဘယ်အရာကိုမှတထစ်ချပြောလို့မရပဲ
ဆက်လက်စောင့်ကြည့်ရုံသာရှိပါလိမ့်မယ်…

#ဘကျော်

Leave a Comment

Your email address will not be published.