ဘာကာဆီပြောင်းဖို့ ဗိုလ်လုပွဲအပြီး ဆုံးဖြတ်ချက်ချမယ့် ယူနိက်တက်ကြယ်ပွင့်

အေးဂျင့်ရွိင်းအိုလာကြောင့် အပြောင်းအရွှေ့မီး တောက်လောက်နေခဲ့တဲ့ ပေါ့ဘာကတော့ သူရဲ့ အနာဂါတ်အတွက် လာမယ့်ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်ချက်ချရလိမ့်မယ်လို့ ပေါ့ဘာရဲ့အကို မာသီယပ်ပေါ့ဘာကပြောကြားလိုက်ပါတယ်

ခုအချိန်ထိပေါ့ဘာရဲ့အပြောင်းအရွှေ့နဲ့ပက်သက်လို့ ဘာမှရေရေရာရာမရှိသေးတဲ့ ယူနိက်တက်ကြောင့်ပေါ့ဘာအနေနဲ့စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ဆိုပါတယ်။

တစ်ရာသီလုံးမှာတစ်ရာသီလုံးလောက်သာ အပြောင်းအရွေဂယက်ထနေခဲ့တဲ့ ပေါ့ဘာကတော့ ဗီလာရီးရဲနဲ့ဗိုလ်လုပွဲကန်အပြီးမှာ အနာဂါတ်အတွက်ဆုံးဖြတ်ချက်ချတော့မှာဖြစ်ပါတယ်ပေါ့ဘာအနေနဲ့လည်း အသင်းကထွက်သွားချင်လည်းထွက်သွားချင်စရာဖြစ်နေတာပါ။

အသင်းအနေနဲ့ခုချိန်ထိ ပေါ့ဘာနဲ့ပက်သက်ပြီး တရားဝင်ထုတ်ပြန်ပြောဆိုတာမျိုးတွေဘာမှမလုပ်သေးပဲ ပေါ့ဘာဘက်က ပေါင်၅သိန်းတောင်းတာကို သူတို့ဘက်က ပေါင်၄သိန်းသာအများဆုံးပေးနိင်တယ်ဆိုတဲ့ အခြေအနေတစ်ခုမှာရပ်ထားတာလည်းဖြစ်ပါတယ်။

ပေါ့ဘာက ယူနိက်တက်နဲ့စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တော့တာဖြစ်ပြိး သူ့အပြောင်းအရွေ့အတွက် ဆုံးဖြတ်ချက်မဖြစ်မနေချရတော့မယ့် အခြေအနေဆိုက်ရောက်လာတာလည်းဖြစ်ပါတယ်။

လက်ရှိမှာအသက်၂၈နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဘာက သူ့အနေနဲ့ဘာစီလိုနာမှာသွားကစားဖို့မျက်စိကျနေပြီး ယူရိုပါလိဂ်ပီးရင် ဘာကာဘက်က ခေါ်ယူဖို့မျှော်လင့်နေသလိုဒီကိစ္စကို ဆုံးဖြတ်တော့မှာဖြစ်တယ်လို့ဆိုပါတယ်

ပေါ့ဘာအကိုမာသီယပေါ့ဘာကတော့ သူညီအနေနဲ့ အောင်မြင်ထွန်းတောက်နိုင်တဲ့ အနာဂါတ်ကိုယူနိက်တက်မှာမကုန်ဆုံးစေချင်ပဲ ယူနိုက်တက်မှာဆို ဘရူနိုရဲ့ လွမ်းမိုးမှုခံနေရမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိပေါ့ဘာအခြေအနေနဲ့ပက်သက်ပြီး စပိန်တီဗီရှိုးတစ်ခုကို ပေါ့ဘာအကိုက ယခုလိုဆိုပါတယ်။

“သူယူရိုပါလိဂ်ဖလားကိုင်မြှောက်ပီးရင်အနာဂါတ်အတွက်စကားပြောကြမှာဖြစ်ပါတယ်”လိုဆိုပါတယ်

ပေါ့ဘာဟာယူနိက်တက်မှာနေရတာမပျော်ရွင်ဘူးလို့သူကိုယ်တိုင်နဲ့အေးဂျင့်တို့ကပြောကြားထားဖူးပါတယ်။ဒါ့အပြင်သူဟာ အသင်းအတွက်အရေးပါပေမယ့် ဘရူနိုဖာနန်ဒက်ကလည်းရှိနေသေးတဲ့အတွက် သူ့အနေနဲ့ ယူနိက်တက်ဘက်က မလှုပ်လာဘူးဆိုရင်သူ့အနာဂါတ်ကို ယူနိုက်တက်မှာဆက်နေချင်သည်ဖြစ်စေ မနေချင်သည်ဖြစ်စေလာမယ့်ရက်ပိုင်းအတွင်းဆုံးဖြတ်ချက်ချသွားတော့မှာဖြစ်ပါတယ်။

ပေါ့ဘာလိုပဲလက်ရှိမှာ အသင်းမှာ ၂၀၂၃အထိစာချုပ်ချုပ်ထားတဲ့ မားကပ်ရက်စ်ဖို့ကလည်းသူယူနိုက်တက်မှာဆက်နေမနေနဲ့ပက်သက်ပြီး တထစ်ချဖြေထားခြင်းမရှိပဲ တစ်ကယ်လို့များ ယူနိက်တက်က ထွက်ခွာဖြစ်ခဲ့ရင်သူ့အားကျရတဲ့ ဘာကာနဲ့ရီးရဲကိုသွားချင်ပါတယ်လို့ဆိုထားပါတယ်။

ဘကျော်

Leave a Comment

Your email address will not be published.