အလတ်တန်းစားတိုက်စစ်မှူးရဲ့ အငြင်းခံလိုက်ရတဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းဟာလက်ရှိမှာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဟာလန်း ဆန်ချို ဟယ်ရီကိန်းတို့ကိုခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပေမယ့် ယူနိက်တက်အသင်းတာဝန်ရှိသူတွေကအဓိက ချိတ်ဆက် နေတဲ့ ကစားသမားဟာ အဆိုပါ ကစားသမားများ တစ်ဦးမှ မဟုတ်ဘဲ ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ ဒန်နီအင်စ့် ဖြစ်တယ် လို့ ပြီးခဲ့တဲ့အပတ်က Telegraphကရေးသားခဲ့ပါတယ်။

ကာဗာနီကိုစာချုပ်မချုပ်ခင် ယူနိုက်တက်ဘက်က ကိန်းကို ခေါ်ယူ ဖို့ မေးမြန်း ခဲ့သေးပေမယ့် တိုက်စစ်မှုးကာဗာနီကို သက်တမ်းတိုးပြီးချိန်မှာ တော့ ကိန်းလိုကစားသမား မျိုး ထက် ငွေကြေး တန်ဖိုး လျော့နည်းပြီး ခြေစွမ်း အထိုက်လျောက် ရှိတဲ့ ဒန်နီ အင့်ကို ခေါ် ယူရန် သာ စီစဉ်လာခြင်း ဖြစ်တယ် လို့ တယ်လီဂရပ်ကဖော်ပြခဲ့ပါတယ်။

ဒန်နီအင့် ဟာ ဆောက်သမ်တန် အသင်းမှာ လက်ရှိအချိန်မှာ စာချုပ်သက်တမ်း တစ်နှစိ သာ ကျန်ရှိတော့တာ ဖြစ်ပြီး ယူနိုက်တက် အသင်းအနေနဲ့ ခေါ်ယူမယ်ဆိုပါက ပေါင် သန်း ၂၀ ဝန်းကျင် သာ ကျသင့် မှာလည်းဖြစ်ပါတယ်။

အဆိုပါ အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှုးဟာ ဒီရာသီ မှာ ဒါဏ်ရာကြောင့် ပွဲပေါင်း ၂၈ ပွဲသာ ပါဝင်ကစားနိုင်ကာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု၄ ကြိမ် လုပ်ဆောင် ထားနိုင် ခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ သန်း ၂၀ တန် တိုက်စစ်မှုး ဟာ လက်ရှိရာသီမှာအသင်းပြောင်း ရန်စီစဉ်ထားပြီး ဆောက်သမ်တန် အသင်းကလည်း စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိသည့်အဆိုပါ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေး ဖြင့် လက်လွှတ်ရမယ် ဆိုးတာကြောင့် ဒီရာသီ မှာရောင်းထုတ်သွားရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဆောက်သမ်တန်တိုက်စစ်မှူးကတော့ တယ်လီဂရပ်ကဖော်ပြထားတဲ့ သတင်းနဲ့ပက်သက်ပြီး ယူနိုက်တက်နဲ့ သတင်းတွေထွက်နေတဲ့သူ့ရဲ့အနာဂတ်အပေါ်ခုလိုမှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

“ ဒီကောလဟလတွေကမဟုတ်သေးပါဘူး။ ကျွန်တော် ဒီမှာ ၂၀၂၂ နွေရာသီထိ စာချုပ်သက်တမ်း ကျန်ရှိပါသေးတယ်။ တကယ်တော့ အပြောင်းအရွေ့ကောလဟာလတွေကိုကျွန်တော့်ဘက်ကအသိအမှတ်မပြုသေးပါဘူးကျွန်တော်ကပွဲစဉ်တိုင်းကိုအာရုံစိုက်ကစားနေပါတယ်။ကျွန်တော်က ဒီမှာ စာချုပ်သက်တမ်း ကျန်ရှိပါသေးတယ်။ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါင်သန်း၂၀တန်အလယ်အလတ်တန်းစားတိုက်စစ်မှူးအင့်စ်ဟာ ညဏ်ကောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်လိုအသင်းမျိူးကို လာကစားချင်မှာဖြစ်ပေမယ့်လည်း ဆန်ချိုတို့ ဂရေးလစ်တို့လို အပျော်ကြံခံရပြီး အသဲကွဲရမှာစိုးလို့ ကြိုကန်ထားတာများလို့တောင် ဒီစာရေးရင် တွေးမိသေးပါတယ်။
တော်သေးဘီ။….

ဘကျော်

Leave a Comment

Your email address will not be published.