‘အဲ့ဒီကစားသမား၃ယောက်မရှိခဲ့ရင် ယူနိုက်တက်ဆိုတာ သာမန်ထက်နဲနဲပဲ”လို့ဆိုလာတဲ့ မော်ကြီး

လာမယ့်နွေရာသီမှာ ရိုးမားအသင်းကိုနည်းပြအဖြစ်ကိုင်တွယ်တော့မယ့် မန်ချက်စတာယူနိက်တက်နည်းပြဟောင်းမော်ရင်ဟိုကတော့ ယူနိက်တက်နဲ့ပက်သက်ပြီး ဝေဖန်ရေးနဲ့လေကန်ရေးကို စတင်လုပ်ဆောင်လာပြန်ပြီဖြစ်ပါတယ်။

မော်ရင်ဟိုက စပါးအသင်းကနေ ရုတ်တရက် အလုပ်ထုတ်ခံရပြီးနောက် ရလာတဲ့လျော်ကြေးလေးပိုက်လို့ လမ်းတွေပေါ်မှာ တစ်ပတ်လောက် အပြုံးပန်းတစ်ဝေဝေနဲ့ ဝေလေလေဖြစ်နေခဲ့ပါသေးတယ်။

ကံတရားရဲ့မျက်နာသာပေးမှုနဲ့အတူ အလုပ်လက်မဲ့ကို ခနလောက်သာဖြစ်လိုက်ရပြီးတဲ့နောက်မှာ ရိုးမားအသင်းက မော်ကြီးကို နည်းပြအဖြစ်ကမ်းလှမ်းလိုက်ပါတော့တယ်။

အဲ့ဒီနောက် ရိုးမားကို မော်ရင်ဟိုကိုင်တွယ်တော့မယ်ဆိုတဲ့ သတင်းတွေတဝုန်းဝုန်းပျံလာခဲ့ပြီး အဲ့ဒီအချိန်က ယူနိက်တက်နဲ့ရိုးမားတို့ဒုတိယအကျော့ကန်မယ့်ပွဲစဉ်နဲ့လည်းတိုက်ဆိုင်နေတာပါ။

အဲ့ဒီတုန်းကလည်းမော်ရင်ဟိုက သူဟာ ရိုးမားရဲ့နောက်ကွယ်ကနေ ရိုးမားကိုကိုင်တွယ်သွားမှာဖြစ်တယ်လို့ သတင်းလွင့်ခဲ့ပြီး အဲ့ဒီပွဲမှာ ယူနိက်တက်တို့ရှုံးခဲ့ရပါတယ်။ ဒါပေမယ့် နှစ်ကျော့ပေါင်းရလာဒ်ကြောင့်သာ ယူနိက်တက်တို့ ဆီမီးမပြုတ်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီတုန်းက ရိုးမားနောက်ကွယ်မှာသူတစ်ကယ်ရှိမရှိတော့မသိရပါဘူး။

ရိုးမားကို သူကိုင်တွယ်တော့မယ်ဆိုတဲ့ သတင်းထွက်ပြီးမကြာခင်မှာပဲ မော်ရင်ဟိုက သူ့အနေနဲ့ ယူနိက်တက်က ကစားသမားတွေကို သဘောကျတယ်လို့ဆိုတဲ့အသံတွေထွက်လာပြန်ပါတယ်။

အဲ့ဒိနောက်အသံပျောက်နေခဲ့တဲ့ မော်ရင်ဟိုက ယူနိက်တက် ဖိုင်နယ်ကန်ခါနီးအချိန်အရောက်မှာပဲ ပြန်ပေါ်လာပြီး ယူနိက်တက်ကိုခုလိုဝေဖန်သွားပါတော့တယ်။

“တကယ်ပြောရရင် ယူနိက်တက်က ခြေစွမ်းပိုင်းမတည်ငြိမ်ဘူး။ကစားသမားကောင်းတွေမရှိဘူး။ သူတို့ကံကောင်းနေတာက ကာဗာနီ ဖာနန်ဒက်နဲ့ လုရှောတို့ကြောင့်ဗျ။ အဲ့ဒီ ၃ယောက်မရှိရင် သူတို့လည်း သာမန်ထက်နဲနဲအဆင့်မျိုးပဲ”ဆိုပြီးဝေဖန်သွားတာပါ။

မန်ချက်စတာယူနိက်တက် နဲ့ မော်ရင်ဟိုဆိုတာ ဖာဂူဆန်လက်ထက်တည်းက ဘောလုံးလောကရဲ့ စကားစစ်ထိုးပွဲတွေကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ကြတာပါ.

နောက်ပြီး မော်ရင်ဟို ဟာ မန်ချက်စတာယူနိက်တက်ကို နည်းပြအဖြစ်ရောက်လာပြီး ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မရလို့ ပရိတ်သတ်တွေက လှောင်ပြောင်ခံခဲ့ရတာကိုလည်းအစာမကျေပုံရပါတယ်။

တချို့ကိစ္စတွေမှာ ယူနိက်တက်နဲ့ပက်သက်ပြီး ခနဲ့တဲ့တဲ့စကားမျိုးတွေကို သူခနခနဆိုတတ်ပါတယ်။အခုလည်းသူကယူနိက်တက်ကို မထိတထိဝေဖန်လိုက်တာဖြစ်ပြီး ယူနိက်တက်ဘက်ကလည်းတစ်ကယ်တမ်းပြန်ကြည့်ရင် သူပြောတဲ့ကစားသမား ၃ယောက်ဟာယူနိက်တက်ကို ကယ်တင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဒိကစားသမား ၃ယောက်ကြောင့်သာ ယူနိက်တက်တို့ဟာ ယူရိုပါလိဂ်ဖိုင်နယ်နဲ့ ဇယား၂ကိုရောက်ခဲ့တာမျိုးလည်းမှတ်ယူနိင်တဲ့အတွက်‌နည်းပြမော်ရင်ဟိုဝေဖန်တာမမှားဘူးလို့လည်းဆိုရမှာပဲ။

ယူနိက်တက်တို့ဟာ တိုက်စစ်မှူးစစ်စစ်တစ်ယောက်လိုနေသေးတာဖြစ်ပြီး လက်ရှိကာဗာနီဆိုတာလည်းဆေးမြီတိုပဲဖြစ်နေပါသေးတယ်။ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်တော်မီနေးတို့အတွဲနဲ့နောက်တန်းရဲ့ဆိုးဝါးမှုတွေ တိုက်စစ်မှာကာဗာနီအပြင်ဂိုးသွင်းစွမ်းရည်မြင့်သူ(သစ်သားစိမ်းမှအပ) မရှိတဲ့အတွက် ရှေ့ လယ်‌ နောက် ၃ခုလုံးက အကောင်းဆုံးအခြေအနေကိုတည်ဆောက်ဖို့လိုနေပါတယ်။

တစ်ဖက်မှာရှိတာက မော်ရင်ဟိုက ယူနိက်တက်ကစားသမားတွေကိုသာပါးစပ်ကဝေဖန်နေပေမယ့် ရိုးမားအသင်းကို မကိုင်တွယ်သေးခင်မှာတင် ယူနိက်တက် ဂိုးသမား ဒီဂီယာ မာတာ မာတစ်တို့ကို မျက်စိကျနေပြီး အချိုအချောင်ဈေးနဲ့ နှိုက်လို့ရရင် နှိုက်ချင်နေတာလည်းဖြစ်ပါတယ်။

ဆိုတော့ ယူနိက်တက်ပရိတ်သတ်ကြီးကရော မော်ရင်ဟိုပြောတာကို ဘယ်လိုသဘောရလဲ?ယူနိုက်တက်မှာ ဒီကစားသမား ၃ယောက်က အဓိကအရေးကြီးတယ်လို့ထင်လား? လွတ်လပ်စွာကွန်မန်းမှာမျှဝေပါ ဆဲချင်သူ့ကိုလွတ်လပ်စွာဆဲသွားကြပါ။

ဘကျော်

Leave a Comment

Your email address will not be published.