အဝေဖန်ကြမ်းတဲ့ ရွိုင်ကိန်းကို စကားလုံးစစ်ပွဲဆင်နွဲပီး ဒဲ့ပြန်ဖြဲလိုက်တဲ့ စကော့တော်မီနေး

အသက် 24နှစ်သာ ရှိနေသေးတဲ့ စကော့တလန်းသား တော်မီနေးဟာမန်ချက်စတာ အကယ်ဒမီမှထွက်ပေါ်လာခဲ့သူ တစ်ဦးဖြစ်ပြီး 2017 ခုနှစ် တုန်းက ဟိုဆေး မော်ရင်ဟို လက်အောက်မှာ ပွဲထွက်ခွင့်စတင် ရရှိခဲ့သူပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ 132ပွဲကစားပေးထားခဲ့ပါပြီ ။

ဒါ့အပြင် လက်ရှိ ဘောလုံးရာသီမှာလည်း ပုံစံကောင်းတွေ ပြသထားခဲ့တဲ့ တော်မီနေးဟာ အသင်းအတွက် လိဂ်ပွဲ32ပွဲထိပါဝင်ကစားပေးခွင့်ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့်သူဟာ ရှေ့ဆက်တိုးတက် လာနိုင်ဦးမယ့်သူ အဖြစ် ထင်ကြေးပေးခံ နေခဲ့ရပါတယ် ။

ဒါပေမယ့်မန်ချက်စတာယူနိက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ရွိုင်ကိန်းကတော့ယူနိုက်တက်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ငယ်မွေးခြံပေါက်ကစားသမားတော်မီနေကို ပြင်းပြင်းထန်ထန် ၂ကြိမ်တိုင်တိုင် ဝေဖန်ခဲ့တာပါ။”ကျွန်တော်အမြင်အရတော့ ကွင်းလယ်မှာ ဖရက်ဒ်နဲ့တော်မီနေးရှိနေရင် ယူနိက်တက်ဘာဆုဖလားမှ ရမှာမဟုတ်ဘူး။ သူတို့က သာမန်အဆင့်ပဲ။ သူတို့ကို ပွဲထွက်ခွင့်ပေးနေသရွေ့ဆုဖလားနဲ့ဝေးနေဦးမှာပဲ”လို့ ရွိုင်ကိန်းက ပြီးခဲ့တဲ့အပတ်က ဝေဖန်ခဲ့တာပါ။

အဲ့ဒီလို ဝေဖန်ပြီး သိပ်မကြာခင် တမြန်နေ့ကလည်း သူဟာတော်မီနေးကို ထပ်မံပြီးတော့ ဝေဖန်ခဲ့ပါသေးတယ်။ရွိင်ကိန်းကသာတော်မီနေးကို ပြင်းပြင်းထန်ထန် ဝေဖန်နေပေမယ့်မန်ချက်စတာယူနိက်တက်အသင်းရဲ့အကယ်ဒမီထွက်ငယ်မွေးခြံပေါက်ကစားသမားဖြစ်သလိုဖာဂီကြီးနဲ့ဆွေမျိုးနီးစပ်တော်တဲ့ တော်မီနေးကိုလီဖာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ရီယိုဖာဒီနန်ကခိုင်းနှိုင်းပြီး တစ်နေ့ကပဲ ချီးကျူးခဲ့ပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ စကော့ မတ် တော်မီနေး ဟာ လီဗာပူး အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန် လွှမ်းမိုးပေး သလိုမျိုး ယူနိုက်တက် အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန် က ထုတ်ဖော် ပြောကြားခဲ့တာပါ။ဒါပေမယ့် ယူနိက်တက်ခေါင်းဆောင်ဟောင်းရွိင်ကိန်းကတော့ “တော်မီနေးပါရင်ဆုဖလားမရဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့အတွက် တော်မီနေးကလည်း ရွိင်ကိန်းကို ပြင်းပြင်းထန်ထန် ဒဲ့ပြန်လည်တုံ့ပြန်ခဲ့တာပါ။

“သူ(ရွိင်ကိန်း)ဘာပြောနေတာလဲ?” လို့တော်မီနေးက အရင်ဆုံးမေးခွန်းပြန်ထုတ်လိုက်ပါတယ်။”ကျွန်တော်မကြားခဲ့မမြင်ခဲ့ဘူးလို့သဘောထားတယ်ပြဿနာမရှိဘူးလူတွေကသူတို့အမြင်သူတို့ပြောကြမှာပဲဒါကိုလည်းကျွန်တော်တို့ကလေးစားရမယ်အဲ့ဒီလိုပဲတစ်ဖက်သားကိုလည်းလေးလေးစားစားအပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးဖြစ်သင့်တယ်။”နောက်တစ်ခုကကျွန်တော်သူထွေးတဲ့တံတွေးခွက်မှာလမ်းဆုံးမှာမဟုတ်ဘူး။ မျက်ရည်ကျနေမှာမဟုတ်ဘူး။ သူဘာတွေးသလဲ သူ့အတွေးပဲဖြစ်ပါတယ်။ သူဘာပြောပြာ ကျွန်တော်ကကျွန်တော်ပါပဲ။ ဒါမျိုးတွေကဒရမ်မာချိုးနေလို့မရဘူးဗျ။ လူတွေဘာတွေးနေလဲ လိုက်စိုးရိမ်နေရရင် ခင်ဗျားရူးသွားလိမ့်မယ်”

“နောက်တစ်ခု ကျွန်တော်ထပ်ပြောချင်တာက ဆာအဲလက်လိုပုဂ္ဂိုလ်မျိုးက ကျွန်တော့်ကို စကားတစ်ခွန်းပြောရင် ဘာစကားမျိုးဖြစ်ဖြစ်ပေါ့။ ကျွန်တော်အလေးအနက်ထားချင်ထားမယ်။စကားတွေ အကြံတွေ ဝေဖန်မှုတွေဆိုတာ သူ့ထိုက်တန်မှုနဲ့သူရှိတယ်ဗျ”လို့ တော်မီနေးကဆိုပါတယ်။တော်မီနေးဟာယူနိက်တက်အသင်းကွင်းလယ်မှာ မရှိမဖြစ် ကစားသမားတဦးအဖြစ် ရှိနေပြီဖြစ်ပြီး…ဖာဂူဆန် ရဲ့ ယူနိက်တက်အကယ်ဒမီထွက်ဆိုလို့တော်မီနေးတယောက်သာကျန်တော့ပါတယ်။

ဒါနဲ့ပက်သက်ပြီး ဖာဒီနန်ကတော့ တော်မီနေးအပေါ်ခုလိုမှတ်ချက်ပြုပါတယ် မတ်တော်မီနေးဟာ ဆက်လက်တိုးတက်ဦးမယ် ဆိုရင် လီဗာပူး အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန် လွှမ်းမိုးပြသလိုမျိုး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လွှမ်းမိုးပြနိုင်လိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ် ။ အသင်းကိုတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ တည်ဆောက်ရပါလိမ့်မယ် ”

သူဟာ အဲ့ဒီလို လုပ်ပြနိုင်မယ့် စိတ်ဓါတ်မျိုး ၊ စရိုက် လက္ခဏာမျိုး ၊ မှန်ကန်တဲ့ အရည်အသွေးမျိုး တွေကို ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ကွင်းထဲမှာ cover ပေးနိုင်တဲ့ ကစားသမားမျိုးပါ ။ သူဟာ ဘောလုံး လုယူနိုင်သလို ၊ ကိုင်ပြီးလည်း ကစားတတ်ပါတယ် ”

” သူဟာ ဘရူနို ဖာနန်ဒက်စ် ၊ ပေါလ် ပေါ့ဂ်ဘာ တို့လိုမျိုး ဘောလုံးပေးပို့မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး ။ အသင်းမှာ ဒီလို ကစားသမားတွေ ရှိနေမှတော့ အဲ့တာတွေ လုပ်ပြဖို့လည်း မလိုအပ်ပါဘူး ” လို့ ပြောပြရင်း တော်မီနေးဟာ အသင်းမှာ ကွင်းလယ်ပိုင်း ကျွမ်းကျင်သူ နည်းပြတွေကိုလည်း ပိုင်ဆိုင်ထားကြောင်း ဖာဒီနန်က ဆက်လက် ပြောခဲ့လိုက် ပါတယ် ။

” ဒီနေရာအတွက် သူဟာ အကောင်းဆုံး နည်းပြတွေကို ပိုင်ဆိုင်ထားပါတယ် ။ ကွင်းလယ် အကြောင်း ကောင်းမွန်စွာ သိကြတဲ့ မိုက်ကယ်ကာရစ်၊ ဒါးရင်းဖလက်ချာ တို့လို နည်းပြတွေ အသင်းမှာ ရှိနေကြပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အနားမှာ မှန်ကန်တဲ့ ကစားသမား ရှိဖို့လည်း လိုအပ်လှ ပါတယ် ။ ဖရက်ဒ်က အဲ့ဒီလို ကစားသမားမျိုး မဟုတ်ပါဘူး ”

” မတ်တော်မီနေးဟာ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသူပါပဲ ။ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာဆိုရင် သူဟာ ယူနိုက်တက်ရဲ့ ယဉ်ကျေးမှုနဲ့အညီ အသင်းကို ဦးဆောင် မောင်းနှင် ပေးနေခဲ့ပါတယ် ။ သူဟာ ကိုယ်ပိုင်ယုံကြည်မှု အားကောင်းတဲ့ ကစားသမား တစ်ဦးပါ ”

သူဟာ အလုပ်ကြိုးစားသူ တစ်ဦးဖြစ်သလို စိတ်ဓါတ် ပြင်းထန်သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ အသင်းမှာ မြင်တွေ့လိုကြတဲ့ အရာတွေ ရှိနေပါတယ် ။ ဒါကို ယူဆောင်ပေးနိုင်တဲ့ အရည်အသွေးတွေ သူ့ဆီမှာ ရှိနေပါတယ် ” လို့ ရီယို ဖာဒီနန် က ချီးကျူး စကား ဆိုသွားခဲ့လိုက်ပါတယ် ။

#ဘကျော်

Leave a Comment

Your email address will not be published.