ဒီနွေမှာ နှာစေးမနေပဲ မဖြစ်မနေ ခေါ်ရမယ့် ကစားသမား၂ဦးကို ပေါစခိုး အကြံပေး

မန်ချက်စတာယူနိက်တာအသင်းအနေနဲ့ နောက်ရာသီမှာ ပက်ဂွာဒီယိုလာရဲ့ ချန်ပီယံ မန်စီးတီးကို ယှဉ်နိုင်ဖို့ စိန်ခေါနိင်ဖို့ဆိုရင် ဒီနှစ်နွေရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ မဖြစ်မနေ ခေါကမယ့် ကစားသမား ၂ဦးကို ပေါ်စခိုး အကြံပေးတိုက်တွန်းလိုကိပါတယ်

ယူနိက်တကိတို့ဟာ လက်ရှိမှာ ယခင်က လိုအပ်နေခဲ့တဲ့ အထောင်တိုက်စစ်မှူးစစ်စစ် လိုအပ်ချက် ကို ကာဗာနီဆီက ရရှိခဲ့ပြီဖြစ်ပါတယ်ဒါပေမယ့် ဆိုလ်းရှားကတော့ ကာဗာနီကို သက်တမ်းတိုးလိုက်တာမှန်ပေမယ့် နောက်ထပ်တိုက်စစ်မှူး ခေါ်ဘူးဆိုပြီးပြောထားတာကြောင့် တိုက်စစ်မှူး အသစ်တစ်ဦးလည်း ခေါ်ယူနိင်ဖွယ်ရှိပါတယ်

ဒါပေမယ့် ယူနိက်တက် ဂန္တဝင်ဟောင်းပေါ်စခိုးကတော့ ယူနိုက်တက်တို့အတွက် လက်ရှိ အဓိကစိန်ခေါမှုဟာ တိုက်စစ်မှူးလိုအပ်ချက်ထက် ကွင်းလယ်နဲ့နောက်တန်းဖြစ်တယ်လို့ဆိုပါတယ်

ယူနိုက်တက်တို့အနေနဲ့ လာမယ့်နွေမှာ မဖြစ်မနေခေါ်ယူသင့်တဲ့ကစားသမား ၂ဦးကို စခိုးက ခုလိုဆိုပါတယ်။

ကွင်းလယ်မှာ ဆန်ချို ဒါမှမဟုတ် ဂရေးလစ် ကိုရအောင်ခေါ်သင့်ပါတယ်။ နောက်တန်းမှာတော့ မက်ဂွိုင်းယားနဲ့တွဲဖက် ကစားနိင်မယိ့သူလိုပါတယ်။ ကျွန်တော့အနေနဲ့တော့ PSGကMarquinhosကိုခေါ်ယူစေချင်ပါတယ်”လို့စခိုးကဆိုပါတယ်

ယူနိက်တက်တို့အ‌ခြေအနေက လက်ရှိမှာ ရှုပ်ထွေးလျက်ရှိပါတယ်ကွင်းလယ်လူပေါ့ဘာက ဗီလာရီးရဲနဲ့ဗိုလ်လုပွဲအပြီးမှာ သူ့အနာဂါတ်အတွက် ဆုံးဖြတ်ချက် ချတော့မယ်လို့ဆိုထားပါတယ်။သူ့အနေနဲ့ ဘာစီလိုနာမှာ ကစားချင်နေတယ်လို့ဆိုထားပြီးယူနိက်တက်ဘက်က စာချုပ်သစ်ချုပ်ဆိုဖို့အဆင်မပြေရင်ဘာကာနဲ့စကားပြောဖို့ရှိနေပါတယ်

‌စခိုးပြောသလို ဂရေးလစ်နဲ့ဆန်ချို နဲ့ပက်သက်ပြီး ယူနိက်တက်ဘက်က ချိတ်ဆက်မှုတွေတော့ရှိနေပီး ဆန်ချိုနဲ့က ပိုနီးစပ်မှုရှိနေပါတယ် ကသားသမားဘက်ကလည်းကစားချင်တဲ့အနေအထားရှိပေမယ့် ယူနိက်တက်ဘက်က ကြန့်ကြာမှုတြွေဖစ်နေတာလည်းဖြစ်ပ့တယ်ပီအက်စ်Marquinhosကတော့ ဘရားဇီးသားဖြစ်ပြီး ဗဟိုခံစစ် နဲ့ ကွင်းလယ်အဖျက်နေရာတွေမှာပါ ကစားအားတော်တော်ကောင်းတဲ့သူဖြစ်ပါတယ်

သူ့ကိုခေါ်ယူနိင်မယ်ဆိုရင်တော့ ပါးလိုင်းပေါက်နောက်တန်းကြီးအတွက် အတိုင်းအတာတစ်ခုထိတော့ ခိုင်မာကောင်းမွန်အောင်ပြင်ဆင်ပီးသားဖြစ်သွားနိင်ပါတယ်

ယူနိက်တက်တို့အနေနဲ့ ဘယ်သူ့ကိုပဲခေါ်ခေါ် ကွင်းလယ်နဲ့ နောက်တန်းကတော့ မဖြစ်မနေကိုခေါ်ယူရမှာဖြစ်ပြီးတော့ ဒီလိုအပ်ချက်တွေကို မပြင်ဆင်နိင်ရင်တော့ ပက်ဂတုံးရဲ့မန်စီးတီးကို စိန်ခေါ်ဖိုဘ လိမှမဖြစ်နိင်ဘူးဆိုတာပဲပြောပါရစေ

ဘချုပ်

Leave a Comment

Your email address will not be published.