ထိပ်တန်းတိုက်စစ်မှူး ၂ယောက် အပြောင်းအရွေ့ကိစ္စ မန်ယူကို မော်ဂန်သတိပေး

မန်ချက်စတာယူနိုက်တက် မန်နေဂျာဆိုလ်းရှားအနေနဲ့ ယူနိုက်တက် ထိပ်တန်းတိုက်စစ်မှူး ၂ဦးကို အပြောင်းအရွှေ့နဲ့ပက်သက်ပြီး သေချာစဉ်းစားသင့်တယ်လို့ ယူနိုက်တက် ခေါင်းဆောင်ဟောင်းမော်ဂန်ကပြောကြားလိုက်ပါတယ်။

ယူနိက်တက်ဟာ ရက်ဖို့စ်နဲ့မာရှယ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သူကပြောလိုက်ပြီး အဲ့ဒီလိုသာ တစ်ကယ်လုပ်ခဲ့ရင် ယူနိက်တက်တော့ အမှားကြီးမှားပြီလို့ သူက Daily Mailကိုပြောခဲ့တာပါ။

“အဲ့ဒီလိုသာလုပ်ခဲ့ရင် လူကာကို ကိုရောင်းခဲ့သလို အမှားကြီးနဲ့ကြုံလိမ့်မှာပါ။ မာရှယ်နဲ့ပက်သက်ပြီး အထူးပြောစရာမရှိပေမယ့် ရက်ဖိုစ့်ကတော့ အရည်အချင်းကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့သူပါ။”လို့ ကလပ်အတွက် ပွဲ၂၀၀ကျော်ကစားခဲ့တဲ့ မော်ဂန်ကဆိုပါတယ်။ယူနိုက်တက်ဟာ လူကာကူကို အင်တာမီလန်ကို ရောင်းထုတ်ခဲ့ပြီးနောက်မှာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေလိုအပ်နေတာပါ။

လက်ရှိမှာ ကာဗာနီကို ဆေးမြီးတိုအနေနဲ့ သုံးနေရပေမယ့် ရေရှည်အတွက် တိုက်စစ်မှူးတစ်ယောက်လိုနေတာလည်းဖြစ်ပါတယ်။ဟာလန်းကို ပေါင်သန်း ၁၅၀နဲ့ခေါ်ယူဖို့ကြိုးစားနေပေမယ့် ပျက်ပြယ်ခဲ့ရပြီးလက်ရှိမှာ စပါးတိုက်စစ်မှူးကိန်းကိုခေါ်ယူဖို့ကြိုးစားတာက ပိုနီးစပ်နေပါတယ်

ဒီနွေရာသီမှာ ယူနိုက်တက်ဟာ ကစားသမား ၈ဦးထိရောင်းချသွားမယ်လို့ ပြောကြားထားပြီး မာရှယ်ကို ရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။

“ဆိုလ်းရှားက လူကာကူကို လုပ်ခဲ့သလို ရက်ဖိုစ်နဲမာရှယ်ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးပစ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ရက်ဖို့ဟာ တော်တော်Talentရှိတဲ့ကစားသမားပါ။ လက်ရှိဖြစ်နေတာက နေရာအထားအသိုကိစ္စလို့ကျွန်တော်ထင်ပါတယ်။တကယ်လို့ဆိုလ်းရှားသာ မှားပြီးသားအမှားမျိုးထပ်မလုပ်ဘူးဆို ရက်ဖိုစ်နဲ့မာရှယ်ဟာ ယူနိုက်တက်ကို အကျိးကျေးဇူးအများကြီးဖြစ်လာစေမှာပါ။ ကျွန်တော့်အထင် မာရှယ်ထက် ရက်ဖိုစ့်ကို အထောင်တိုက်စစ်အနေနဲ့ကစားတာပိုသင့်တော်မယ်လို့ထင်ပါတယ် မာရှယ်ကိုတော့ Centrallyပေးကစားတာပိုသင့်တော်မယ်လို့ မော်ဂန်ကဆိုပါတယ်။

လက်ရှိမှာ စပါးတိုက်စစ်မှူးကိန်းကိုယူနိက်တက်တို့က ခေါ်ယူလိုနေပြီး တိုက်စစ်မှူးမာရှယ်နဲ့အလဲအထပ်လုပ်ဖို့စဉ်းစားနေတယ်လို့လည်းသတင်းတွေကဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။

ရက်ဖိုစ်ကတော ယူနိက်တက်မှာ ဆက်နေမနေနဲ့ပက်သက်ပြီး တိကျတဲ့အဖြေမပေးခဲ့ပဲ သူ့အနေနဲ့ အနာဂါတ်ကို တစ်ထစ်ချမပြောနိုင်ကြောင်းသာပြောကြားခဲ့ပြီး သူငယ်ဘဝက ချစ်ခင်နှစ်သက်အားပေးရတဲ့ ရီးရဲနဲ့ဘာကာမှာ ကစားချင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ဒါဟာ ယူနက်တက်နေသူထွက်ခွာမယ်လို့ပြောတာမဟုတ်ပဲ သူ့ကလေးဘဝဆန္ဒကိုပြောပြခဲတာသာဖြစ်တယ်လို့ပြန်ဖြေရှင်းထားပါတယ်။

မာရှယ်ဟာ လက်ရှိမှာ နိုင်ငံပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရသလို ရက်ဖိုစ့်ဟာလည်း ပုခုံးမှာရတဲ့ ဒဏ်ရာကို ခွဲစိတ်ဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဟာလန်းကို ခေါ်ဖို့အတွက်ဆို ကစားသမားတွေအများကြီးရောင်းချဖို့လိုနေတာပါ။ဘာလို့လဲဆိုတော့ ဂလေဇာက လက်ရှိ အပြောင်းအရွေ့တွေအတွက် ပေါင်သန်း၁၀၀လောက်သာ ခွင့်ပြုထားတာဖြစ်လို့ပါပဲ

ရက်ဖို့စ်ကို ယူနိက်တက်က ရောင်းထုတ်ဖို့ စဉ်းစားနေတယ်ဆိုတာကို တခြား သတင်းဌာနတွေမှာမတွေ့ရသေးပေမယ့် ဒေးလီးမေလ်းမှာတော့ မော်ဂန်က ယူနိုက်တက်ဟာ လူကာကို လုပ်ခဲ့သလို အမှားမျိုးကြုံလာတော့မယ်ဆိုတဲ့ ဆောင်းပါးမှာ ပြောကြားထားတာပါ။

Leave a Comment

Your email address will not be published.