ယူနိုက်တက်မှာခံစစ်အတွက်မွန်းစတားတစ်ကောင်ပြန်ရှင်သန်လာပြီဆိုတဲ့ ဆိုလ်းရှား

ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ဝုဒ်နဲ့ ယူနိက်တက်တို့ရဲ့ ပွဲမှာ ယူနိက်တက်တို့ဘက်က တစ်သင်းလုံးနီးပါး အရံကစားသမားတွေနဲ့ လူငယ်တွေကို ပွဲထုတ်ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပြီး ပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၁၃ မိနစ်မှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ဒုတိယအကြိမ်မြောက် ပရီးမီးယား ပွဲဦးထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမား အီလန်ဂါမှ အကောင်းဆုံး ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။

ဖေဘီယိုဆေးဗားရဲ့ ဘယ်ခြမ်းက ထိုးဖောက်မှာကနေ တဆင့် ဆီမီဒိုက အတွဲအဖက်ကောင်းစွာနဲ့ ၃၉ မိနစ်မှာ ဝုဗ်တို့အတွက် ချေပဂိုးရယူပေးနိုင်ခဲ့ပေမယ့် ဘယ်လောက်မှ မကြာခင် ပထမပိုင်းပြီးဆုံးခါနမှာပဲ ဗန်ဒီဘိကြောင့် ရခဲ့တဲ့ ပင်နယ်တီကို မာတာက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံး ဖြစ်လာနိုင်တဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ နှစ်သင်းလုံး ထွေထွေထူးထူး ဘာမှ လုပ်မပြနိုင်ခဲ့ပေမယ့် အာမက်၊အီလန်ဂါတို့အပြင် လူစားဝင် ကစားခွင့်ရခဲ့တဲ့ ဟာနီဘယ်၊ ရှိုတိုင်းယားတို့ရဲ့ ခြေစွမ်းတွေကို မြင်ခွင့်ရခဲ့ပြီး ပွဲက ၂-၁နဲ့ပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိက်တက်အတွက် ချီးကျူးစရာကောင်းပြီး ပုံစံကောင်းတွေရခဲ့တဲ့ ကစားသမားတွေရှိပေမယ့် ဆိုလ်းရှားကတော့နောက်တန်းခံစစ်က တွမ်ဇမ်ဘိနဲ့ပက်သက်ပြီး တွမ်ဇံဘိဟာ မွန်းစတားတစ်ကောင်လို ဒီနေ့ပွဲမှာ ကစားနိုင်ခဲ့တယ်လို့ချီးကျူးခဲ့ပါတယ်။ဒါ့အပြင် ဒီလိုပုံစံကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ခံစစ်မကောင်းဆိုးဝါးတွေယူနိက်တက်မှာ ပြန်ရှင်သန်ဖို့လိုတယ်လို့လည်းဆိုပါတယ်။

ယူနိုက်တက်တို့ဟာ နောက်တန်းပြဿနာရှိနေပြီး ပလိုင်းပေါက်နဲ့ဖားကောက်ဆိုပီးဝေဖန်ခံနေခဲ့ရတာလည်းဖြစ်ပါတယ်။ဝုဗ် 1-2 ယူနိုက်တက် ပွဲအပြီး နောက်ခံလူ ထွမ်ဇီဘီ၏ စွမ်းဆောင်ချက်တွေကတော့အားရစရာကောင်းလှပါတယ်။ ဘောလုံးလုယူရာ၌အောင်မြင်မှု%-(100%)၊ ဘောလုံးပေးပို့ရာ၌တိကျမှု%-(89%)၊ ဘောလုံးပြန်လည်ဆယ်ယူရာ၌အောင်မြင်မှု-(7)ကြိမ်၊ ရှင်းလင်းဖြတ်ထုတ်မှု-(7)ကြိမ်ဘောလုံးပိတ်ဆို့မှု-(2)ကြိမ်ဖြစ်ပါတယ်။ ဒါဟာနောက်ခံခံစစ်မွန်းစတားတစ်ကောင်ရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ တွမ်ဇံဘိလိုပဲ ရှေ့တန်းမှာအစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားတစ်ယောက်ကတော့ အီလန်ဂါပဲဖြစ်ပါတယ်။

ဝုဗ်နဲ့ပွဲစဉ်မှ ယူနိုက်တက် လူငယ်တိုက်စစ်မှူး အန်တိုနီအီလန်ဂါရဲ့ စွမ်းဆောင်ရည် ၉၂ % ပေးပို့မှု အောင်မြင်။ ဘောလုံးယှဉ်လုမှု ၂ ကြိမ်။ ၂ ကြိမ်လုံး အောင်မြင် ကြားဖြတ်လုယူမှု ၂ ကြိမ်။ ၂ ကြိမ်လုံးအောင်မြင်။ ဂိုးပေါက် ခြိမ်းခြောက်မှု ၂ ကြိမ်။ သွင်းဂိုး ၁ ဂိုး ဖြစ်ပါတယ်။

ဝုဒ်နဲ့ပွဲစဉ်မှာ လူငယ်ကြယ်ပွင့်ကစားသမား ၂ယောက်ဖြစ်တဲ့ အီလန်ဂါနဲ့အာမက်ဒီယာလို မွန်းစတားတစ်ကောင်လိုပြန်ရှင်သန်လာတဲ့နောက်ခံလူတွမ်ဇံဘိတို့အထူးကောင်းခဲ့သလို ကစားသမားအချို့ရဲ့စွမ်းဆောင်ရည်ကြောင့် ရာသီပိတ်ပွဲအဖြစ်ဆင်နွဲခဲ့ရတဲ့ ဆိုလ်းရှားအတွက် ကျေနပ်စရာပဲဖြစ်ပါတယ်။

ဘချုပ်

Leave a Comment

Your email address will not be published.