ဝုဒ်နဲ့ပွဲမှာ ပြောင်မြောက်တဲ့ Finishing Skillထုတ်ပြခဲ့တဲ့ အရံခုံက ကစားသမားကို ရောင်းချတော့မယ့် ယူနိုက်တက်

ဝံပုလွေတို့ရဲ့အိမ်ကွင်းမှာ တစ်သင်းလုံးနီးပါး အရံကစားသမားတွေနဲ့ လူငယ်တွေကို ထုတ်သုံးခဲ့တဲ့ ယူနိက်တက်တို့ဟာ ဝုဒ်အသင်းကို ၂ဂိုး ၁ဂိုးနဲ့နိုင်ပြီး ရာသီပိတ်မှာ နိုင်ပွဲနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။

ဝုဒ်နဲ့ပွဲမှာ လူငယ်ကစားသမားလေးတွေဖြစ်ကြတဲ့ အန်တိုနီအီလန်ဂါနဲ့အာမက်တို့အတွဲဟာ ခြေစွမ်းပြခဲ့ကြပြီး အီလန်ဂါရဲ့ သေသပ်လှပဆန်းကြယ်တဲ့ ခေါင်းတိုက်ချကကလည်းအံမခန်းဖြစ်ခဲ့ရပါတယ်။

ဒါအပြင် ထင်သလောက်ခြေစွမ်းမပြပေမယ့် တိုးတက်မှုတွေမြန်ဆန်လာတဲ့ ဘန်ဒီဗိလေးဟာလည်း ဝုဒ်နဲ့ပွဲမှာ အားရစရာကောင်းခဲ့ပြီး သူ့ကြောင့်ရတဲ့ ပနယ်တီပစ်ဒဏ်ဘောကို နှစ်တော်ရှည် ကွင်းလယ်ကစားသမားမာတာက အမှားအယွင်းမရှိ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

ဝုဒ်နဲ့ပွဲစဉ်မှာ လူငယ်ကစားသမားလေးတွေက ခြေစွမ်းပြခဲ့သလိုပဲ ယူနိက်တက်အသင်းက အဆုံးသတ်အစွမ်း ပြောင်မြောက်ကောင်းမွန်းလှလာတဲ့ အရံခုံက ကစားသမားတစ်ယောက်ကလည်း ခန္တီပါရမီပြည့်နှက်သူတွေ ထဆဲရလောက်အောင် အံဩဖွယ် Finishing Skillကိုထုတ်ပြခဲ့ပါတယ်။

သူကတော့ အခြားသူမဟုတ်ပါဘူး။ မြင်းကြီးတစ်ကောင်ကို အင်ဂျင်တပ်ပြီးပြေးခိုင်းရင်ပြေးသလို အပြေးမြန်လွန်းပြီး ဘယ်နေရာမှထားမရတဲ့ ဗြဟ္မာ့ဦးခေါင်း ဒန်နီရယ် ဂျိမ်းစ်ပဲဖြစ်ပါတယ်။

ဂျိမ်းဟာ ဝုဒ်ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့ချိန်မှာ ဂုတ်ကြီး မက်ဆီအကွက်ကို အားကျပြီး ကျော်ထည့်ပေမယ့် ဘောလုံးကအပေါ်မမြှောက်ပဲ ဘေးထွက်သွားတဲ့ အတွက် နောက်ဆုံးရာသီပိတ်ပွဲမှာတော့ အံဩစရာလွဲချော်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ထားရတော့မှာပဲဖြစ်ပါတယ်။ (ပြောသာပြောတယ်သူ့နေရာမှာ မာရှယ်ဆိုလည်းလွဲမှာပဲ)။ အခုပြောပြချင်တာက ယူနိက်တက်တို့ဟာ အရံခုံထိုင်နေရတာကြာပြီဖြစ်တဲ့ ဂျိမ်းကို ရောင်းထုတ်ဖို့ရှိနေတယ်ဆိုတဲ့သတင်းထွက်လာတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေမှာကတည်းက အသင်းရဲ့တောင်ပံကစားသမားဖြစ်သူ ဒန်နီရယ် ဂျိမ်းစ်ကို လိဒ်ယူနိုက်တက်အသင်းက ခေါ်ယူဖို့နီးစပ်နေခဲ့တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ပျယ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်

လက်စတာစီးတီးအသင်းဘက်ကတိုက်စစ်အင်အားဖြည့်တင်းရန် ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဂျေဒန်ဆန်ချိုကိုခေါ်ယူရန် ဒန်နီရယ်ဂျိမ်းအားရောင်းချပြီး ဝင်ငွေပြန်ရှာဖွယ်ရှိနေတယ်လို့ မက်ထရိုသတင်းကဖော်ပြထားပါတယ်။

ဘချုပ်

Leave a Comment

Your email address will not be published.