အိမ်မက်ကဇာတ်ရုံထဲ ဝင်ကခုန်အောင် ကိန်းကိုစည်းရုံးနေတဲ့ယူနိက်တက် ကြယ်ပွင့်၃ယောက်နဲ့ကာဗာနီ

စပါးတိုက်စစ်မှူးကိန်းကတော့ စပါးကနေထွက်ခွာခွင့်တောင်းထားတာဖြစ်ပြီး မန်စီးတီးနဲ့မန်ချက်စတာယူနိုက်တက်တို့က ဟယ်ရီကိန်းကိုရဖို့အပြိင်ကြိုးစားနေကြတာပါ။

လက်ရှိမှာ ယူနိက်တက်တို့ဘက်ကလည်း ကိန်းကို ခေါ်ဖို့ ချိတ်ဆက်မှုတွေစတင်ဆောင်ရွက်နေပြီဖြစ်ပြီး တစ်ဖက်မှာလည်း ယူနိက်တက်က ကစားသမား3ယောက်ကလည်း အိုးထရက်ဖို့ကို ကိန်းကိုလာအောင် စည်းရုံးသိမ်းသွင်းနေကြကြောင်း The Sunကဖော်ပြပါတယ်။

စပါးတိုက်စစ်မှူးကိန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန်စီးတီးကိုသွားရောက်ကစားလိုတဲ့ ဆန္ဒရှိတယ်လို့ အရိပ်အမြွက်ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပေမယ့် လက်ရှိထိဘာထူးခြားတာမျိုးမှဖြစ်မလာသေးတာပါ။

ယူနိက်တက်တို့ဘက်ကတော့ ကိန်းကိုရဖို့ အသင်းတာဝန်ရှိသူတွေက ကြိုးစားနေသလို ယူနိုက်တက်ရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကာဗာနီ မားကပ်ရက်စ်ဖို့ လုရှော နဲ့မက်ဂွိုင်းယားတို့ကိုယ်တိုင်က ကြိုးစားနေကြတယ်လို့ဆိုထားပါတယ်။

ဥရုဂွေးတိုက်စစ်မှူးကြီးနဲ့ အသင်းဖော်၃ယောက်ဟာ ရှက်ကြောက်နေခြင်းမရှိပဲ အိမ်မက်ကဇာတ်ရုံကြီးထဲကို ကိန်းဝင်ရောက်လာစေဖို့ ဆက်သွယ်ပြီးစည်းရုံးမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။

The Sunရဲ့ သတင်းရင်းမြစ်တစ်ဦးအဆိုအရ ယူနိက်တက်က အင်ဂလန်သားတွေဖြစ်ကြတဲ့မားကပ်ရက်စ်ဖို့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့လုရှောတို့ဟာ ယူနိက်တက်ထံသို့ ကိန်းကိုလာအောင် ကြိုးစားနေကြတယ်လို့ပြောပြထားပါတယ်။

လက်ရှိမှာယူနိက်တက်အတွက်ကာဗာနီကိုတစ်နစ်သက်တမ်းစာချုပ်တိုးထားပေမယ့် ကာဗာနီဟာ သူ့ကိုယ်သူ ဆေးမြီးတိုဆိုတာ သဘောပေါက်ထားသလို ယူနိက်တက်အတွက် တိုက်စစ်မှူးတစ်ယောက်လိုအပ်ချက်ကို သိဟန်ရှိပါတယ်၊

ဒါကြောင့်ကိန်းကိုယူနိက်တက်ကို လာအောင် သူနဲ့အတူ ရက်ဖို့တို့ ၃ဦးက အဝတ်လဲခန်းထဲက စတဲ့ သူတို့အစီအစဉ်ကို စတင်အကောင်းအထည်ဖော်နေကြတာဖြစ်ပါတယ်၊တစ်ဖက်မှာလည်း ကိန်းအနေနဲ့ မန်စီးတီးကို သွားရမလား မန်ချက်စတာယူနိက်တက်ကို သွားရမလားဆိုတာကို ဝေခွဲရမရ ဖြစ်နေဆဲဖြစ်ပြီး ဆွေးနွေးမှုတွေအများကြီးလုပ်ဖို့ရှိနေပါသေးတယ်။

စပါးအသင်းဘက်ကတောင်းဆိုထားတဲ့ ဈေးကို ယူနိက်တက်တို့ဘက်က ပေးနိုင်အောင်လုပ်နေပြီး ကိန်းကိုရဖို့အတွက်လည်း အလဲအထပ်လုပ်ဖို့ လူစာရင်းကိုတရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းအရ မန်စီးတီးဘက်ကတော့ ကိန်းနဲ့ဆွေးနွေးမှုမစရသေးပေမယ့် ကိန်းနဲ့ ယူနိက်တက်တို့ဟာ အပြောင်းအရွေ့အတွက်စတင်ဆွေးနွေးနေပြီးအခြေအနေကောင်းများရရှိထားတယ်လို့သိရပါတယ်။

အိမ်မက်ကဇာတ်ရုံကြီးထဲ ကိန်းရောက်လာမယ်ဆိုရင်တော့ အိမ်မက်ကဇာတ်ရုံကြီးမှာ အမြဲတမ်းကြီးစိုးနေခဲတဲ့ ကြီးစိုးနေဦးမယ့် ဆာအဲလက်ဖာဂူဆန်ကြီးကလည်းတစ်ပြုံးပြုံးဖြစ်နေမှာအသေအချာပဲဖြစ်ပါတယ်.

ဘကျော်

Leave a Comment

Your email address will not be published.