ဘာကာနဲ့ရီးရဲကိစ္စ တွစ်တာမှာ ဖြေရှင်းချက် ပြန်ထုတ်လိုက်တဲ့ ရက်စ်ဖို့

ယူနိုက်တက်အတွက် အထူးအားကိုးရတဲ့ တိုက်စစ်မှူး မားကပ်ရက်စ်ဖို့ကတော့ သူ့ရဲ့အနာဂါတ်အစီအစဉ်နဲ့ပက်သက်ပြီး အမေးအဖြေတစ်ခုမှာ သူ့အနေနဲ့ ဘယ်အရာကိုမှတထစ်ချမပြောနိုင်ပဲ တကယ်လို့များ ယူနိက်တက်အသင်းကသာ သူထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူအရမ်းသွားကစားချင်တဲ့ အသင်း ၂သင်းရှိကြောင်းဆိုခဲ့တာပါ

တစ်ခါတစ်လေမှာ နာမည်ကြီးလာနေတဲ့ လူငယ်ကစားသမားလေးတွေအတွက် ဘာမှမဟုတ်တဲ့ မှတ်ချက်လေးတစ်ခုက တစ်ကမ္ဘာလုံးကပရိတ်သတ်တွေကို အုတ်အော်သောင်းတင်းဖြစ်သွားစေတတ်တယ်လို့လည်းဆိုရမှာပါ

ပြီးခဲ့တဲ့နေ့ကအမေးအဖြေတစ်ခုမှာမားကပ်အနေနဲ့”တခြားနိုင်ငံတွေ တခြားအသင်းတွေမှာ ပြောင်းလဲကစားဖို့ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေရှိလားလို့ ဂါးဒီးယန်းအားကစားသတင်းထောက်တစ်ဦးက မားကပ်ကိုမေးခဲ့တာပါ။ ဒါနဲ့ပက်သက်ပြီးရက်စ်ဖို့က

“ကျွန်တော် NOလို့တော့ဘယ်တော့မှ ဖြေမှာမဟုတ်ဘူး“‌ဪယူနိုက်တက်အပြင် ကျွန်တော့်အတွက် စံပြအားကျရတဲ့အသင်းဆိုရင်တော့ ရှိပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်ပါ။ အဲ့ဒီ ၂သင်းမှာကျွန်တော်ကစားချင်ပါတယ်။ကျွန်တော်က သူတို့ရဲ့ ဖန်အကြီးစားလေ။ ဘာလို့ကြိုက်လဲဆိုတော့ အဲ့ဒီ ၂သင်းလုံးမှာ ကြီးမြတ်တဲ့ကစားသမားကြီးတွေရှိနေကြတယ်လေ။ သူတို့ကစားတာအရမ်းဆွဲဆောင်မှုပြင်းတယ်ဗျ”“ဒါကကျွန်တော်မှမဟုတ်ပါဘူး။ လူတိုင်း ဒီ ၂သင်းမှာ ကစားချင်ကြမှာပါ”လို့ ရက်စ်ဖို့ကဖြေခဲ့တာပါ။

ဒီလိုဖြေကြားမှုနဲ့ပက်သက်ပြီး မန်ဖန်ပရိတ်သတ်တချို့က မားကပ်ကို ဝေဖန်ပြစ်တင်နေကြတာပါ။ မားကပ်ကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ကောလဟာလတွေလျောက်ဖွနေကြတာဖြစ်ကြောင်း တွစ်တာမှာ ခုလိုတင်ပီး ဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော်မှတ်မိသလောက် ဒီမေးခွန်းက ဘောလုံးကိုချစ်တဲ့ကလေးတစ်ယောက်ကို မင်းဘယ်နေရာမှာကစားမယ်ဆိုတဲ့အိမ်မက်မျိုးတွေရှိသလဲမေးသလိုပါပဲ။ ခင်ဗျားသာလူငယ်တစ်ယောက်ဆို ခင်ဗျားအိမ်မက်ကိုညာလို့ရပါတယ်။ဒါမှမဟုတ်ဘာမှမဖြေပဲနေလို့လည်းရတယ်။ ဘယ်လိုကစားကွင်းထဲမှာရှိနေတဲ့ဘယ်လိုကလေးမျိုးမဆိုခုလိုပဲပြောပါလိမ့်မယ်။အခုကိစ္စကလည်းနားလည်မှုလွဲသွား တာပါပဲ” လို့သူကဆိုပါတယ်

မားကပ်ဆိုလိုချင်တာက သူပြောတာ ယူနိက်တက်ကထွက်သွားမယ်လို့ ပြောတာမဟုတ်ပဲ ကလေးတစ်ယောက်လိုပဲ သူ့မှာရှိတဲ့အိမ်မက်ကို သူရိုးသားစွာ ပြောခဲ့ရုံပဲဖြစ်ပြီး နားလည်မှုလွဲသွားကြတာလို့ဆိုလိုချင်ပုံရပါတယ်

ကစားသမားတစ်ယောက်ဟာ တစ်သင်းတည်းမှာကစားတယ်ဆိုတာ ဘောလုံးလောကမှာ အင်မတန်ရှားပါတယ်။

အ‌‌ခြေအနေမရွေး အချိန်အခါမရွေး မထင်မှတ်ထားတြွေဖစ်လာနိင်တာမျိုးလည်းရှိနေတဲ့အတွက် မားကပ်အနေနဲ့ ခုလိုပြောတာ သူ့ငယ်ဘဝ အားကျခဲ့တဲ့ အသင်းမှာကစားချင်တယ်လို့ သူ့စိတ်ကူးကိုပြောတာပဲဖြစ်ပါတယ်။ သူယူနိက်တက်ကထွက်မယ် ဘာကာ ရီးရဲ တစ်ခုခုကို သွားမယ်ဆိုတဲ့ သတင်းအချက်အလက်မဟုတ်ပါဘူးလို့မားကပ်ကပြန်ရှင်းသွား တာဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်မှာ ရက်စ်ဖို့ဟာ ပြိင်ပွဲစုံမှာ ၂၁ဂိုးသွင်းယူထားပြီးယူနိက်တက်ကို ပရီးမီးယားလိဂ် အဆင့် ၂နဲ့ယူရိုပါလိဂ်ဖိုင်နယ်နေရာရောက်ရှိအောင်အဓိကကူညီထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.