ဘုတိုင်းအသံမြည်တဲ့ အုနိုင်းအမ်မရီအကြောင်း အနီရောင်မီမောင်း ထိုးလိုက်တဲ့ ကာဗာနီ

မကြာခင်ယှဉ်ပြိုင်တော့မယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ အူနိုင်းအမ်မရီရဲ့ ဗီလာရီးရဲနဲ့ပက်သက်ပြီး ကာဗာနီကတော့ သူ့အတွေ့အကြုံအရ အနီရောင်အဆင့်မီးမောင်းထိုးပြလိုက်ပါတယ်။

အူနိုင်းအမ်မရီဟာ ဘယ်လိုလူမျိုးလဲဆိုတာ မမေ့ဖို့လိုတဲ့အကြောင်းနဲ့ သတိကြီးကြီးထားဖို့ကိုလည်း ကာဗာနီက ပြောခဲ့ပါသေးတယ်။

ယူနိက်တက်တို့အတွက် တစ်ရာသီလုံးမှာ အားကိုးစရာဆိုလို့ ဒီဖလားလေးတစ်လုံးသာရှိတော့တာဖြစ်လို့ သရဲနီတပ်သားတွေဟာလည်း ဒီပွဲကို သတိကြီးကြီးထားပြီးကန်မယ်ဆိုတာ သိပေမယ့် ကာဗာနီကတော့ အူနိုင်းအမ်မရီနဲ့ပက်သက်ပြီး ခုလိုသတိပေးစကားပြောခဲ့ပါတယ်။

ပြိုင်ပွဲရဲ့စိတ်ဓာတ်ဆိုတာ ခင်ဗျာရဲ့သွေးကြောတွေထဲ မှာရှိပါတယ်။ ဒါပေမယ့် ပွဲရဲ့တစ်ချို့အခြေအနေတွေဆို ရင် ခင်ဗျာဘက်က သင်ယူလေ့လာခွင့်တွေတော့ရပါ မယ်။ ခင်ဗျာရဲ့အသင်းဖော်တွေက နေရာရယူဖို့ကြိုးစား လာရင် ပြိုင်ပွဲတွေက ယှဉ်ပြိုင်ကစားဖို့ပိုမိုကောင်းလာပါ တယ်။

အူနိုင်အမ်မရီ နဲ့ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်တွေတုန်းမှာ PSG အသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။ သူ့ရဲ့လုပ်ပုံကိုင်ပုံ တွေကို ကျွန်တော်ကြိုက်ပါတယ်။ အူနိုင်အမ်မရီဆိုတာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အလုပ်ကိုအရမ်းကြိုးစားပြီး ပွဲအတွက် ကောင်းမွန်စွာပြင်ဆင်ထားတက်တဲ့သူမျိုး ပါ။

ကျွန်တော်က သူနဲ့လက်တွဲဖူးတာကြောင့် သူ့ရဲ့ပွဲပြင်ဆင်ပုံအသေးစိတ်အချက်အလက်တွေကိုကျွန်တော်သိပါ တယ်။ ဒါကြောင့်ဒီအရာအတွက် ခင်ဗျာဘက်က အာရုံစိုက်ရမယ်။ ကျွန်တော်က အူနိုင်အမ်မရီကိုအလုပ် ကြိုးစားတဲ့နည်းပြတစ်ဦးလို့သိထားပါတယ်။ ဒါကြောင့် သူနည်းပြတဲ့နေရာတိုင်းမှာ ဖလားရတာပေါ့။

ကဲယူနက်တက်ပရိတ်သတ်ကြီးရေ ယူနိက်တက်တို့ဟာ ၂၀၁၇နောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်ပြီး ဖလားလေးတစ်လုံးလောက်ရနိုင်မလား ဆီးမီးပြုတ်ဆိုလ်းရှားကနေ ဖိုင်နယ်ပြုတ်ဆိုလ်းရှားဖြစ်မလားဆိုတာတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးလိုက်ကြရအောင်နော်

ဘချုပ်

Leave a Comment

Your email address will not be published.