လူတကာ အချီးကျူးခံနေရချိန် ကိုယ့်အရည်အချင်းကိုယ် အကဲဖြတ်ထုတ်ပြန်လိုက်တဲ့ သစ်သားစိမ်း

ဗီလာရီးရဲနဲ့ဗိုလ်လုပွဲမတိုင်ခင်မှာ မန်ချက်စတာယူနိက်တက်တို့ရဲ့ ထွန်းလင်းတောက်ပနေတဲ့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကတော့ သူ့ကိုယ်သူအကဲဖြတ်ပြီး သူ့အရည်အချင်းဘယ်လိုရှိကြောင်းထုတ်ပြောလိုက်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ခြေစွမ်းတော်တော်လေးကောင်းမွန်လာပြီး နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင်ကကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူး မကြာခင်ဖြစ်လာနိုင်တယ်လို့ သစ်သားစိမ်းလေးကို တမြန်နေ့က ချီးကျူးထားတာလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို မန်ချက်စတာစီးတီးအသင်းက လူငယ်တိုက်စစ်မှူး ဖိုဒန်ကလည်း “သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး သူတို့အသင်းက တိုက်စစ်မှူး အဂူရိုနဲ့တောင် ယှဉ်လို့ရတယ်ဆိုပြီး”ထုတ်ဖော်ချီးကျူးထားတာပါ။

ဂရင်းဝုဒ် ဟာ နာမည်ကျော်တွေ အကဲဖြတ်ထားသလိုပဲ တစ်ကယ်လည်းဒိရာသီမှာ ခြေစွမ်းထက်မြက်နေတာဖြစ်ပြီး ကွင်းလယ်ဗိုလ်ချုပ်ပေါ့ဘာကတောင် “ယူနိက်တက်မှာ အဆုံးသတ်အကောင်းဆုံးကစားသမား ၂ယောက်ပဲရှိတယ်။ ကာဗာနီနဲ့ဂရင်းဝုဒ်ပါပဲ”လို့ထုတ်ဖော်ချီးကျူးထားတာပါ။

အခုတော့ လူတကာရဲ့ အချီးကျူးခံနေရတဲ့ သစ်သားစိမ်းလေးဟာသူ့ကိုယ်သူအကဲဖြတ်ပြီး သူ့အရည်အချင်းကို ခုလိုထုတ်ပြောလာပါတယ်။

“ကျွန်တော် အကယ်ဒမီအသင်းမှာ ကစားတုန်းကဆို အကယ်ဒမီအဝတ်စားလှယ်ခန်းထဲ နံရံ တွေပေါ် အသင်းအောင်မြင်ထားတဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပုံရိပ်တွေရှိထားပါတယ်။ ဒါကြောင့်မို့ ဒီဆုဖလားတွေ က အသင်းအတွက်အရေးပါ ပါတယ်။

ကလပ် အသင်းမှာဖြစ်စေ နိုင်ငံအသင်းမှာဖြစ်စေ ကိုယ်ကစားတဲ့ အသင်းအတွက် ဆုဖလားအောင်မြင်အောင်ကြိုးပမ်းသင့်ပါတယ်။ မနှစ်ကဘောလုံးရာသီထက် ဒီနှစ်မှာပိုကောင်း အောင်ကြိုးစားထားတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော်ဂိုးမသွင်းနိုင်တဲ့ပွဲတွေများစွာရှိပေ မယ့် အဲ့ပွဲတွေမှာအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကစားတာ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့မထင်မိပါဘူး။ ”

ဒါ့အပြင် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲအတွက် သစ်သားစိမ်းလေးက သတိပေးသံချောင်းခေါက်လိုက်ပြီး ဗီလာရီးရဲနဲ့ပက်သက်ပြီးလည်း ခုလို မှတ်ချက်ပြုသွားခဲ့ပါတယ်။

“အထူးသဖြင့် ဘယ်ပြိုင်ပွဲမဆို ကိုယ့်ရဲ့ပြိုင်ဘက်ကို အထင်မသေးသင့်ပါဘူး။ ဗီလာရီရဲလ်က အသင်း ကောင်းတစ်သင်းပါ။ ဗိုလ်လုပွဲအဆင့်ထိရောက်ရှိလာဖို့ အတွက် သူတို့ဘက်က အများကြီးကြိုးစားခဲ့ရပါတယ်။ သူတို့ဘက်က ဒီဗိုလ်လုပွဲမှာ အာရုံစိုက်မှာအသေအချာပါပဲ။ ဒီဆုဖလားဟာ ကျွန်တော်တို့အသင်းအတွက် အရမ်း အရေးကြီးပါတယ်။ ”

ကဲမန်ဖန်တို့ရော သစ်သားစိမ်းလေးကိုဘယ်လိုသုံးသပ်လဲ ။သူ့လုပ်ဆောင်နိုင်မှုစွမ်းရည်တွေကို သဘောကျကြရဲ့လား?

Leave a Comment

Your email address will not be published.