ဆာအဲလက်ကဘောလုံးစွယ်စုံကြမ်းမို့ ညဏ်စမ်းမေးခွန်းမေးခဲ့အကြောင်း ပြောပြတဲ့ ဆိုလ်းရှား

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဗီလာရီးရဲလ်တို့ကန်မယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲကို လိုက်ပါခဲ့တဲ့ ဆာအဲလက်ဖာဂူဆန်ဟာဘောလုံးစွယ်စုံကြမ်းတစ်ခုလိုမျိုးဖြစ်နေတဲ့အတွက် ဆိုလ်းရှားကညဏ်စမ်းတစ်ခု မေးခဲ့ကြောင်း ပြောပြလာပါတယ်

ဒါပေမယ့်ဆာအဲလက်ဟာ သူ့ထက်အရင် ဆိုလ်းရှားမေးတဲ့မေးခွန်းကို ကစားသမားတစ်ယောက်က ဖြေခဲ့လို့ စိတ်မပျော်ဘူးလို့ဆိုလ်းရှားကခုလိုဆိုပါတယ်။

သူဟာ ဘောလုံးစွယ်စုံကြမ်းတစ်ခုလိုပါပဲ။ မနေ့က ကျွန်တော်ညဏ်စမ်းတစ်ခုမေးခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်က သူ့ထက်အရင် ဖြေခဲ့လို့ သူသိပ်မပျော်ဘူးဖြစ်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဆိုလ်းရှားဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ဆာအဲလက်စ်ဖာဂူဆန် သူတို့နဲ့ အတူ လိုက်ပါခဲ့လို့ ပျော်ရွှင်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဖာဂူဆန်ဟာ ဒီညကစားမယ့် ဗိုလ်လုပွဲမှာ ပွဲကြည့်စဉ်ကနေ ကြည့်ရမယ့် သူဖြစစ်ပြီး‌တော့ဆာအဲလက်ဘာ‌ကြောင့ိလိုက်လာလဲဆိုတာခုလိုဆက်ပြောပြပါတယ်

သူ့အကြောင်း ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကစားသမားတော်တော်များများ ကြည့်ပြီးသွားပါပြီ။ ကျွန်တော်လည်း သူအသင်းအတွက် လုပ်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ထိုင်ပြီးစဉ်းစားနေပါတယ်။ သူဟာ ထူးခြားတဲ့ လူတစ်ယောက်ပါ။

ကျွန်တော်တို့ စားနေချိန်မှာ သူ့ကို အနားမှာ ရှိစေချင်ရုံပါပဲ။ ကစားသမားတွေလည်း သူ့ကို တစ်ခုခုမေးမြန်းခွင့်ရလို့ ပျော်နေမှာပါ။ သူဟာ အမြဲအားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နှလုံးသားထဲမှာ ဒီအသင်းက အမြဲရှိနေလို့ပါ။”

Leave a Comment

Your email address will not be published.