“ဗီလာရီးရဲကို မတုန်လှုပ်ဘူး”ဆိုပြီး မန်ဖန်တွေကို သတင်းစကားတချို့ပေးခဲ့တဲ့ လုရှော

မန်ချက်စတာယူနိက်တက်အသင်းက နောက်ခံလူလုရှောကတော့ မကြာခင်ကစားရတော့မယ့် ဗီလာရီးရဲလ်နဲ့ပွဲကို တုန်လှုပ်ခြင်းမရှိပဲ ဖလားယူပြီးအိမ်ပြန်မယ်ဆိုတဲ့အကြောင်း ပရိတ်သတ်တွေကို သတင်းစကားပါးလိုက်ပါတယ်။

ဗီလာရီးရဲလ်နဲ့ကန်မယ့်ပွဲမှာ ဗဟိုခံစစ်မှူးဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ပါဝင်နိုင်ဖို့၉၀ရာခိုင်နှုန်းမသေချာသေးပေမယ့် လုရှောကတော့ ယူနိက်တက်အနေနဲ့ အရာရာအဆင်သင့်ပေးဆပ်ဖို့ပြင်ဆင်ထားပြီဖြစ်ကြောင်းခုလိုဆိုလာပါတယ်။

ဆုတံဆိပ်ရဲ့အဓိပ္ပါယ်ကအကောင်းဆုံးလို့ယူဆလို့ရပါတယ်။မန်ချက်စတာယူနိုက်တက်ကို ခင်ဗျားရောက်လာပြီဆိုရင် ဆုဖလားတွေကိုရယူဖို့လုပ်ဆောင်ရတော့မှာပါ။

လွန်ခဲ့နှစ်အနည်းငယ်လောက်မှာ ကျွန်တော်တို့တွေဆုဖလားတွေနဲ့ဝေးကွာခဲ့ရတယ် ပြီးတော့ဒါက ကစားသမားတွေဘယ်လောက်တောင်စိတ်ပျစ်စရာကောင်းခဲ့လဲဆိုတာကို ကျွန်တော်သိနေပါတယ်။ဒါ့ကြောင့် ဒီဖိုင်နယ်ပွဲက ကျွန်တော်တို့အတွက်ခွန်အားပေးတဲ့အရာတစ်ခုဖြစ်ပါတယ် ဒါပေမယ့် ဒါကိုရယူနိုင်ဖို့အတွက် အရာအားလုံးကို ကွင်းထဲမဝင်ခင်မှာ ထားခဲ့ရပါမယ်။

ဒီပွဲကစားဖို့အတွက် ဘာမှတူန်လှုပ်နေဖို့လိုကို မလိုအပ်တာပါ ကျွန်တော်တို့ဒီကိုရောက်လာတာက ကျွန်တော်တို့နဲ့ထိုက်တန်လို့ပါပဲ ပြီးတော့ ဗုဒ္ဓဟူးနေ့ညမှာ ကျွန်တော်တို့လုပ်နိုင်သမျှအားလုံးလုပ်ဆောင်ပြီး ဆုဖလားနဲ့အတူပြန်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဝုဖ်အသင်းကိုနိုင်ပြီးတဲ့နောက် ရက်အနည်းငယ်လောက်မှာ ကျွန်တော်တို့တွေ ဗီလာရီးရဲလ်အသင်းကိုလေ့လာခဲ့ပါတယ် ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲအာရုံစိုက်ဖို့လိုအပ်ပါတယ် ပြီးတော့ ကစားသမားအားလုံးက ဒီဖလားကိုရယူဖို့အတွက် အရာအားလုံးကိုပေးဆပ်ပါလိမ့်မယ် ပြီးရင်တော့ ကောင်းမွန်တဲ့ပုံစံနဲ့ ဒီရာသီကိုအဆုံးသတ်ကြတာပေါ့။ ”

Leave a Comment

Your email address will not be published.