” ၂၁ကြိမ်မြောက်ဖလားလိုချင်ရင် ဒီ၃ယောက်ကို ကျိန်းသေခေါ်”လို့တိုက်တွန်းလိုက်တဲ့ နဗီးလ်

မန်ချက်စတာယူနိက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးကတော့ ယူနိက်တက်တို့အနေနဲ့ နောက်ရာသီမှာ၂၁ကြိမ်မြောက်ဖလားကို ကျိန်းသေလိုချင်တယ်ဆိုရင်တော့ နောက်ထပ်ကြယ်ပွင့်ကစားသမား ၃ယောက်ကို မဖြစ်မနေ ခေါ်ယူမှ ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ယူနိက်တက်တို့အနေနဲ့ လက်ရှိအခြေအနေ လူစာရင်းနဲ့ဆိုရင်တော့ ဖလားအိမ်မက်နဲ့ ဝေးနေဦးမှာဖြစ်ပြီး လူသစ်ခေါ်ယူမှုတွေထပ်လုပ်ဖို့လိုနေတာပါ။

ဒါပေမယ့် ယူနိက်တက်တို့ရဲ့ လူသစ်ခေါ်ရေး အစီအစဉ်ဟာ ဂလေဇာရဲ့ ကြိုးကိုင်မှုကြောင့် နှစ်တိုင်းလိုလို လွဲချော်နေရပြီး ဖလားအိမ်မက်နဲ့ ဝေးနေခဲ့ရတာလည်းကြာနေပြီဖြစ်ပါတယ်။

ဒါကြောင့် အသင်းခေါင်းဆောင်ဟာ ဂယ်ရီနဗီးကတော့ ၂၁ကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားကိုရဖို့
ခုလိုတိုက်တွန်းအကြံပေးမှုတွေလုပ်လိုက်ပါတယ်။

“ဟယ်ရီကိန်း ဂျေဒန်ဆန်ချိုနဲ့ ဗာရာနီ တို့ကို ခေါ်ယူမယ်ဆို ယူနိုတက်အနေနဲ့ ၂၁ကြိမ်မြောက်ဖလားကိုရဖို့ တစ်ကျော့ပြန်ရပါလိမ့်မယ်”လို့နဗီးကဆိုပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟောင်း အနေနဲ့တိုက်စစ်မှုး ဟယ်ရီကိန်း၊ဂျေဒန် ဆန်ချိုနဲ့ ဗာရာနီတို့ကို ခေါ်ယူလိုက် မယ်ရင်ယူနိုက်တက်တို့တစ်ကျော့ပြန်၂၁ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပြီး မန်ယူအနေနဲ့ ဘယ်ကစားသမားတွေကိုခေါ်သင့်သလဲဆိုတဲ့ Twitter ပေါ်ကအမေးအဖြေတစ်ခုမှာတော့ ဂျာနယ်လစ်တစ်ဦးရဲ့ မေးခွန်းကို ဂယ်ရီ နဗီးလ်က “ဗာရာနီ၊ ကိန်း၊ ဆန်ချို = ချန်ပီယံဆုဖလား”နဲ့ညီမျှတယ်လို့(ရီလျက်) Re-tweet လုပ်ကာ ဖြေခဲ့ပါတယ်။

တိုက်စစ်မှူးပေါ်စခိုးကလည်း ယူနိက်တက်တို့အနေနဲ့ ဖလားလက်မဲ့မဖြစ်ဖို့အတွက်ဆို ကစားသမား ၂ဦးထပ်မံခေါ်ယူသင့်ကြောင့် အကြံပေးထားပါတယ်။ ပေါ်စခိုးက

“ကွင်းလယ်မှာ ဆန်ချို ဒါမှမဟုတ် ဂရေးလစ်ကို ရအောင်ခေါ်သင့်ပါတယ်။ နောက်တန်းမှာတော့ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားနိုင်မယ့်သူလိုပါတယ်။ ကျွန်တော့်အနေနဲ့တော့ ပီအက်စ်ဂျီကMarquinhosကိုခေါ်ယူစေချင်ပါတယ်”လို့ဆိုထားပါတယ်။

မန်ဖန်တွေရော တစ်ကျော့ပြန်ဖလားတွေရဖို့ ဘယ်ကစားသမားတွေကိုခေါ်ယူစေချင်ပါသလဲ????

ဘချုပ်

Leave a Comment

Your email address will not be published.