သရဲနီစိတ်ပျောက်နေတဲ့ ဂိတ်မှူးတွေရဲ့ ရွံရှာဖွယ်ခြေစွမ်းနဲ့ဖာဂီကြီးပါ ကွင်းထဲခေါ် အရှက်ခွဲသွားတဲ့ ဖိုင်နယ်ပြုတ်ဆိုလ်းရှား

အုနိုင်းကဘုတိုင်းမကစာသွားးပေမယ့် ရွံရှာဖွယ်ခြေစွမ်းနဲ့ခွက်ပျောက်သွားပြန်ရတဲ့ ယူနိုက်တက်တော့ဖြစ်ခဲ့ရပြနိပါပြီ

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ယူနိုက်တက်တို့နဲ့ဗီလာရီးရဲလ်နဲ့ယူနိုက်တက်တို့ရဲ့ ယူရို့လိဂ်ဗိုလ်လုပွဲစဉ်ကတော့ ရိုးရာမပျက်ကမ်းဘတ်ကြီးလည်းမကယ်နိင်တော့ပဲ အချိန်ပိုမိနစ်၃၀ထိကန်တာသရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ယူဆိုက်တက်တို့ ရှုံးနိမ့်ခဲ့ရပါတယ်

ယူရိုပါလိဂ်ဗိုလ်လုပွဲဖလားကြီးကို ယူဆိုက်တက်တို့ သိမ်းပိုက်ရလေမလားဆိုပြီး အသက်ကြီးမှဝဋ်ကြွေးကြီးနေတဲ့ ဖာဂီကြီးလည်း အခုဆိုရင် တပ်မတော်ရဲ့ သဘောတရားအမှန်တွေကို သဘောပေါက်သလို ဒေါလည်းပေါက်နေ လောက်ပါပြီ

ဖလားလုပွဲစဉ်လို့ဆိုပေမယ့် မန်ယူအသင်းဟာပွဲပန်းနေတဲ့ ဟန်ပန် ပုံစံနဲ့ ပွဲစဉ်တစ်လျှောက်လုံးတတ်ကြွမှုမရှိတဲ့ကစားဟန်နဲ့ကစားနေခဲ့ကြပြီးပြိုင်ဘက်အသင်းကတော့ အထူးကြိုးစားကစားသွားတာကိုတွေမြင်ရပါတယ်။

ယူနိုက်တက်ရဲ့ပထမဦးဆုံးဂိုးပေါက်ခြိမ်းခြောက်မှုကတော့ ပွဲချိန်၇မိနစ်မှာဖြစ်ပါတယ်

Rashy ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် McTominay ဧရိယာထိပ်ကနေကန်သွင်းခွင့်ရခဲ့ပေမယ့် ကန်ချက်က ဂိုးပေါက်နဲ့အတော်လေးလွဲချော်သွားခဲ့တာကိုတွေ့ရပါတယ်။

သူ့ကိုယ်သူ ငယ်မွေးခြံပေါက်ဆိုပီး ရွိင်ကိန်းဝေဖန်တာကိုခံပြောတဲ့ ခံပြောကောင် ငတုံးကြီးတော်မီနေးဟာလည်း ဒီပွဲမှာလည်း ညဏ်ကောင်းမလာသေးတာကိုတွေ့ခဲ့ရပါတယ်

အဲ့ဒီနောက် ပွဲချိန်၂၉မိနစ်မှာ လူကပ်ကစားပုံအားနည်းတဲ့ လင်ဒီလော့ကြောင့်ဗီလာရီးရဲယ်အသင်းဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

အဆိုပါဦးဆောင်ဂိုးကို ယနေ့ပွဲစဉ်မှာခြေစွမ်းပြနေတဲ့ဗီလာရီးရဲယ်တိုက်စစ်မှူးမိုရီနို့ကသွင်းယူခဲ့တာပါ။

ယူဆိုက်တက်တို့တစ်သင်းလုံးဟာ မအလ အာဏာပြုတ်ကျမှ ဖလားရယူမယ်ဆိုပီး ဘုရားမှာ သစ္စာဆိုထားတဲ့အလားဗိုလ်လုပွဲ ဖလားလုနေတာနဲ့ မတူစွာ စိတ်ပျက်ဖွယ် ‌ခြေစွမ်းနဲ့ကစားခဲ့သလို ပလိုင်းပေါက်ဖားကောက်နောက်တန်းဟာဒီနေ့မှာလည်း သူတို့ အစဉ်အလာကိုမဖျက်ခဲ့ပြနိဘူးလို့ဆိုရမှာပါ။

ဒါကြောင့်မနိယူဟာနောက်ရာသီမှာ ဂေါင်းကြီးနဲ့တွဲမယ့်နောက်တန်းတစ်ယောက်တော့ကျိန်းသေလိုနေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။

ဘုတိုင်းအသံမြည်တဲ့ အုနိင်းအမ်မရီရဲ့ ဗီလုရီးရဲကို လျော့တွက်သလို ပုံစံနဲ့ဆရာကြီးဆိုဒ်ဖမိးနေကြတဲ့ဂိတ်မှူးများအတွက်‌ခြေပဂိုးကိုတော့ ပွဲချိန်၅၅မိနစ်မှာ ထုံးစံအတိုင်း သက်ကြားအို နစ်ချို့ဝိုင်က သွင်းယူပေးခဲ့ပါတယ်

အဲ့ဒီနောက်ပိုင်းမှာတော့ ယူဆိုက်တက်တို့ဘက်က စပူကပစ်လို့ တပွဲလုံးဒစ်လယ်နေတဲ့ ဆိုဒ်ပိ ရက်စ်စဖုတ်လေးဟာ ဂိုးသမားနဲ့တစ်ယောက်ချင်းကန်သွင်းခွင့်ရတဲ့ အနေအထားကို ဝုဒ်နဲ့ပွဲက နောင်တော်ဂျိန်းလမ်းစဉ်လိုက်ပီး သောက်တလွဲကန်သွင်းခဲ့တဲ့အတွက် အခိန်ပိုအထိဆက်သွားခဲ့ရပါတယ်

ဒီပွဲမှာ ရက်စဖုတ်နဲ့အတူ ကြောင်ပျောက်နေတဲ့ တစ်ယောက်ကတော့ ဆီမီးလ်ပြုတ်ကနေရာထူးတိုးသွားတဲ့ မကြီးဆိုးလ်ပဲဖြစ်ပါတယ်

တစ်ဖက်အသင်းကလူစားလဲမှုတွေလုပ်‌ပီးပွဲအဖြေတစ်ခုရဖို့ ကြိုးစားနေပေမယ့် သွေးအေးလွန်းပီး ဦးနောကိပါပျက်သွားတဲ့မကြီးဆိုလ်းကတော့ တုံဏိဘာဝေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသလိုဖြစ်ခဲ့ပီး မိနစ်၁၀၀ရောက်မှ ကွင်းထဲမှာ တချိန်လုံးရုနိးနေခဲ့ရတဲ့ သစ်သားစိမ်းကိုထုတ်လို့ဖရက်ဒ်ကို ထပ်ထည့်ခဲ့ပါတယ်

တစ်ဖကိအသင်းက ပယ်နယ်တီထိ ဆွဲခေါ်နေတဲ့အချိန်မှာ တစ်ချိနိလုံး အသဲကွဲသလိုလို မကန်ချင်ပဲကန်နေရသလိုလို ဒစ်လယ်နေတဲ့ရက်ဖို့ကိုတစ်ချိနိလုံးထည့်သွင်းကစားနေခဲ့ပြီးပွဲချိန် ၁၁၅မိနစ်မှာ ဘိုင်လီအစားတွမ်ဇမ်ဘိ ပေါ့ဘာအစား ဂျိမ်းတို့ကို လူစားလဲခဲ့ပါတယ်

အဲ့ဒီနောက် ပွဲချိန်မိနစ်၁၂၀ ပြည့်လို့ နာကျငိချိနိပို ၃မိနစ်ပြည့်ခါနီး ၂မိနစ်နဲ့ စက္ကန့်၂၀ရောက်မှ ဝစ်ဆာကာ အစား မာတာ ညဏ်နည်းတော်မီနေးအစားအဲလက်တဲ တို့ကိုထပ်ထည့်လိုက်ပြန်ပါတယ်

လူစားလဲမှုတွေက ဘာကို မျော်လင့်ပီး ဘယ်လိုတွေ လဲနေသလဲတော့မသိပေမယ့် သနားစရာ တဲလ်နဲ့မာတာတို့ ခဗျာ ဘောလုံးလေးတစ်ချက်တောင် မထိလိုက်ရပဲ 1-1သရေနဲ့ပွဲဟာ ပြီးဆုံးသွားခဲ့ပါတော့တယ်

ဒါကြောင့်ပင်နယ်တီအဆုံးအဖြတ်ယူရာမှာတော့၁၁လုံးစီအထိကန်သွင်းခဲ့ရပြီးမန်ယူအသင်းမှ၁၁မြောက်ပင်နယ်တီကို ကန်သွင်းခဲ့သူဂိုးသမားဒီဂီယာရဲ့ကန်သွင်းချက်တဖက်ဂိုးသမားကကာကွယ်သွားနိုင်ခဲ့ပါတယ်။

အခုရှုံးပွဲအတွက်အပိုင်အခွင့်အရေးကိုလွဲချော်ခဲ့သူရက်ဖိုစ့်နဲ့ပင်နယ်တီ၁၁လုံးမှာတစ်လုံးမှ ဖမ်းမမိဘဲကိုကန်သွင်းချက်ကြောင့်ရှုံးခဲ့ရတဲ့ဂိုးသမားဒီဂီယာတို့ဗီလိန်ဖြစ်ခဲ့ရပါတယ်

ထူးခြားချက်အနေနဲ့ ဖလားလက်မဲ့ ၄ရာသီလုံးကြုံခဲ့ရတာတောင်ယူဆိုက်တက် ဂိတ်မှူးများကတော့နာကျင်ဝမ်းနည်းနေဟနိမရှိပဲအရှုံးနဲ့နေသားကျသလိုပုံစံ‌တြွေဖစ်နေတာပါပဲ

နည်းပြကြီးဖာဂီကတော့ သူကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ တချိန်က လျမ်းလျမ်းတောက်ခဲ့တဲ့ အိမ်မက်ကဇာတ်ရုံကြီးနဲ့ သရဲနီတပ်မတော်ကြီးမှာ သရဲနီစိတ်ဓါတ်နဲ့ ပြင်းပြတဲ့ထက်သန်မှုတွေပျောက်ဆုံးနေတာကို ဒီကနေ့ပွဲမှာ အထင်အရှားတွေ့ခဲ့မှာ အသေအချာပဲဖြစ်ပါတာ့တယ်

ဆိုလ်းရှားနဲ့ဂိတ်မှူးများကတော့ အရှုံးတွေနဲ့နေသားကျနေပီမို့အထူးအထွေမပြောလိုပေမယ့် သရဲနီစစ်စစ်ကြီး ရွန်းနီကတော့ကွင်းထဲထိလိုက်အားပေးရင် ဂိတ်မှူးများကို ခုလိုဆဲသွားပါတယ်
“ငလိုးမသားတွေ”

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.