ဆိုလ်းရှားနေရာကို ယူနက်တက်DNAပါတဲ့ နည်းပြနဲ့အစားထိုးဖို့စဉ်းစားနေတဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ်ကို ပယ်နတီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီးခဲ့တဲ့နောက်မှာတော့ နည်းပြဆိုလ်းရှားရာထူးက မတည်မငြိမ်ဖြစ်လာခဲ့ပါပြီ။

ယူနိုက်တက်တို့ဟာ ဖလားလက်မဲ့လေးရာသီဆက်ကို ကြုံခဲ့ရပြီးတဲ့နောက်မှာ အသင်းအနေနဲ့ နည်းပြအသစ်ကို ပြောင်းလဲဖို့ စိတ်ဝင်စားနေပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းတစ်ဖက်မှာ ဂလေဇာအနေနဲ့ သူ့အာဏာကို မလွန်ဆန်ပဲ အေးအေးဆေးဆေး နေတတ်သလိုနေတဲ့ ဆိုလ်းရှားကို အသင်းကနေ ဆက်ထိန်းထားမယ်လို့လည်းမျှော်လင့်ရပါတယ်။

လက်ရှိမှာ ဆိုလ်းရှားနေရာအတွက် နာမည်ထွက်နေတဲ့ တခြားအသင်းနည်းပြတွေလည်းရှိနေပြီး ဇီဒန်းနဲ့လိဂ်ယူနိုက်ကMarcelo Bielsaတို့လည်းပါဝင်လာပါတယ်။ လက်ရှိမှာ Marcelo Bielsaကတော့ ယူနိက်တက်နည်းပြဖြစ်လာဖို့ တစ်ပြေးနေတယ်လို့ဆိုလာပါတယ်.

“ယူနိုက်တက် နည်းပြရာထူးအတွက် လိဒ်ယူနိုက်တက်အသင်းနည်းပြ Marcelo Bielsaဟာ ယူနိုက်တက်DNAနဲ့ကိုက်ညီသူဖြစ်ကြောင်း ၊ ယူနိုက်တက်မှာ ပျောက်ဆုံးနေတဲ့ အရာတွေကို Bielsaကပြန်လည်ယူဆောင်လာမှာဖြစ်ကြောင်းနဲ့ သူဟာ ကစားသမားတွေအပေါ်မှာလဲ သြဇာကြီးမားသူလဲဖြစ်သလို ယူနိုက်တက်ရဲ့ ဖလားလက်မဲ့ဖြစ်တာတွေကို ကုစားဖို့အတွက် နည်းပြဆိုးလ်ရှားနေရာမှာ အစားထိုးသင့်ကြောင်း Steven Raisemကရေးသားဖော်ပြထားခဲ့ပါတယ်၊

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.