ယူနိက်တက်ကိုလာဖို့ မီးစိမ်းပြလိုက်တဲ့ ရီးလ်ရဲမက်ဒရစ် နောက်တန်းကမွန်းစတား

မန်ချက်စတာယူနိက်တက်အသင်းဟာ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေရတဲ့ နောက်တန်းလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းဖို့ ဒီနှစ်နွေမှာ နောက်ခံမွန်းစတားတစ်ယောက်ယောက်ကိုတော့ မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတာပါ။

ယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ ရီးလ်ရဲမက်ဒရစ် နောက်တန်းကစားသမားကို ခေါ်ယူဖို့ချိတ်ဆက်နေကြပြီး ကစားသမားအနေနဲ့လည်း ယူနိက်တက်ကိုလာဖို့နီးစပ်နေပြီလို့သိရပါတယ်။

ယူနိုက်တက်နဲ့ အပြောင်းရွေ့တွေသတင်းတွေထွက်ပေါ်နေမှုအပေါ် ရီးလ်ရဲနောက်တန်းကစားသမားRaphael Varane က ယခုလိုပဲဖွင့်ဟလာပါတယ်

“ယူနိုက်တက်ကကျွန်တော့်ကိုခေါ်ယူမယ်လို့သတင်းတွေကြားရတော့အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။
ယူနိုက်တက်ဆိုတာ ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါပဲ။ ကစားသမားတိုင်းရဲ့အိမ်မက်ဆိုရင်လဲမမှားပါဘူး။ သူတို့မှာ အရမ်းကိုတက်ကြွပြီးအားပေးတဲ့ပရိတ်သတ်တွေလဲများစွာရှိပါတယ်။

ကျွန်တော်အနာဂတ်နဲ့ပတ်သတ်လို့ကတော့ အခုချိန်မှာ ပြင်သစ်အသင်းနဲ့ ယူရိုဖလားအတွက်ကိုအရင်ဆုံးအာရုံစိုက်နေပါတယ်။ အသင်းပြောင်းရွေ့ဖို့ရှိလားဆိုရင်တော့ ကျွန်တော့်ရဲ့တာဝန်ရှိသူနဲ့ ဆွေးနွေးမှုတွေပြုလုက်သွားမှာဖြစ်ပြီး အဲ့ဒီအခါကျရင်တော့ ကျွန်တော့်အနာဂတ်ကိုဆုံးဖြတ်သွားမှာပါ”

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.