မန်စီးတီးရှုံးတာကို ဝမ်းသာပြီး အင်စတာဂရမ်မှာ တက်လှောင်နေတဲ့ အီဗရာ

မနေ့ညက ပြီးဆုံးသွားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးမှာတော့ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးက အသဲကွဲခဲ့ရပါတယ်။

တူချယ်ရဲ့ ကောင်းမွန်သေသပ်လွန်းလှတဲ့ နည်းစနစ်တွေ ဗျူဟာတွေနဲ့
မိတ်ကပ်ဆိုင်ကအလှမယ်တွေဟာ ကလေးအသင်းကို ဒူးနဲ့မျက်ရည်သုတ်စေခဲ့ပါတယ်။

ရာသီဝက်မှာ နည်းပြလမ်းပတ်နဲ့တိုင်ပတ်နေတဲ့ ချဲဆီလ်းဟာ ရာသီကုန်မှာတော့ သောမတ်တူချယ်ရဲ့ပြောင်းလဲမှုနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားရသွားခဲ့ပြီး ပက်ဂတုံးလေးခဗျာတော့ ချန်ပီယံလိဂ်ဖလားကျိန်စာသင့်နေသလားထငိရအောင် ဖလားကံမွဲလွန်းခဲ့ပါတယ်။

မိတ်ကပ်ဆိုင်အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ဟားဗက်ဇ်က ပထမပိုင်းမှာတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒါဟာသူ့အတွက် နောက်ဆုံးဗိုလ်လုပွဲရောက်မှသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးဖြစ်ပါတယ်။

မန်စီးတီးရှုံးသွားလို့ မန်စီးတီးဖန်တွေ ဝမ်းနည်းငိုကြွေးကြသလို တစ်ဖက်မှာလည်း တစ်နေ့ကမှ ယူရိုပါလိဂ်ဖလားလက်လွတ်ဆုံးရှုံးလိုက်ရလို့ ဒူးနဲ့မျက်ရည်သုတ်ထားရတဲ့ ယူဆိုက်တက်ဖန်တွေဟာ အူမြူးနေကြပါတယ်။

အဲ့ဒီထဲမှာ ယူနိက်တက် လီဂျန့်ကြီး ပက်ထရစ်အီဗရာလည်းအပါအဝင်ပဲဖြစ်ပါတယ်။မန်စီးတီးအသင်းဗိုလ်လုပွဲမှာ ရှုံးပြီးတဲ့နောက် အီဗရာကသူ့အင်စတာဂရမ်မှာချန်ပီယံလိဂ်ဖလားပုံနဲ့သူ့မျက်နာရုပ်ပြောင်ကိုတွဲစပ်ပြီး “ဆာဘော်ဘီ…စီးတီးနာမည်လေးတစ်ချက်လောက်ပြန်စစ်ကြည့်ပါဦး.နိုး..ခုထိမရှိသေးဘူး..ပက်”ဆိုပြီးစကားပြောနေပုံကိုတင်ထားခဲ့တာပါ၊

စီးတီးဟာ ခုချိန်ထိ ချန်ပီယံလိဂ်ဖလားကျိန်စာသင့်နေတာကို အီဗရာကလှောင်ထားတာဖြစ်ပြီး သူနဲ့အတူ ယူနိက်တက်ဖန်တွေကလည်း မန်စီးတီးရှုံးနိမ့်သွားတာကို အူမြူးနေကြတာပဲဖြစ်ပါတယ်။

မန်စီးတီးရှုံးနိမ့်သွားတာမှန်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲဆီးလ်နဲ့မန်စီးတီးကစားသွားတာ အလွန်ကောင်းမွန်သပ်ရပ်တဲ့ပွဲတစ်ပွဲဖြစ်ပြီး ယူရိုပါလိဂ်အတွက် ဗီလာရီးရဲနဲ့ကန်ခဲ့တဲ့ ယူနိက်တက်အသင်းနင့်ယှဉ်ရင်တော့ ဆီနဲ့အီးလို့ပဲကွာလှပါတယ်။

ယူနိက်တက်တို့ဟာ ဗိုလ်လုပွဲကို စုတ်ပြတ်သတ်စွာသော ခြေစွမ်းနဲ့ကန်ခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ချဲဆီးလ်ကတော့ အံဩဖွယ်ကောင်းလောက်အောင် အဆင့်တန်းရှိရှိ ကစားသွားတာချင်းကွာခြားလှပါတယ်။

အခုလိုရှုံးနိမ့်မှုတွေဖြစ်နေတာတောင် ဘုတ်အဖွဲ့နဲ့ဂလေဇာက ခုချိန်ထိ လူသစ်ခေါ်ယူရေးမှာ နှာစေးနေတာဟာလည်း ယူနိက်တက်ကျရှုံးလာတဲ့အကြောင်းရင်းတွေထဲကတစ်ခုပဲဖြစ်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.