ယူနိုက်တက်မှာဆိုလ်းရှားနည်းပြဆက်လုပ်ခွင့်ရတာ အံဩမိကြောင်း ဝေဖန်လိုက်တဲ့ အာဆင်နယ်ဂန္တဝင်ဟောင်း

မန်ချက်စတာယူနိက်တက်အသင်းနည်းပြ ဆိုလ်းရှားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာရီးလ်ရဲအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဖလားတစ်လုံးရဖို့ လက်တစ်ကမ်းအလိုမှာရောက်နေတဲ့အခွင့်အရေးကို နည်းပြဆိုလ်းရှားဟာ လူစားလဲမှုအမှားတွေလုပ်ခဲ့တယ်လို့လည်း ယူနိုက်တက်ဂန္တဝင်ကစားသမားတွေက ဝေဖန်နေခဲ့ကြတာပါ။

ဆိုလ်းရှားဟာ ဗီလာရီးရဲလ်နဲ့ ပွဲမှာ လူစားလဲမှုတွေကို မိနစ်၁၀၀ကျော်မှစတင်လုပ်ဆောင်ခဲ့ပြီး မာတာနဲ့တဲလက်တို့ဆိုရင် ပွဲပြီးခါနီး စက္ကန့်၂၀အလိုမှ ထည့်သွင်းခဲ့လို့ ဘောလုံးတောင်တစ်ချက်မထိခဲ့ရတဲ့အထိဖြစ်ခဲ့ရသလို တစ်ချိန်လုံး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရက်စ်ဖို့ကို ပွဲချိန်ပြည့်ထည့်သွင်းအသုံးပြုခဲ့တာတွေကို ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ်

ယူနိက်တက်တို့ဟာ ၄ရာသီဆက် ဖလားလက်မဲ့အခြေအနေကိုရင်ဆိုင်ရပြီးတဲ့နောက်မှာတော့နည်းပြအပြောင်းအလဲကိစ္စက ဝေဖန်မှုတွေနဲ့အတူ တအုံးအုံးထွက်ပေါ်လာပါတယ်။ ဆိုလ်းရှားရဲ့လက်ရှိအနေအထားအရ ယူနိက်တက်ကစားသမားဟောင်းတွေသာမက အာဆင်နယ် ဂန္တဝင်ကစားသမားဟောင်းကြီးကပါခုလိုဝေဖန်လာပါတယ်။

“အာဆင်နယ်ဂန္ထဝင် ကစားသမားမာတင်ကီအွန်ကအိုလေဂန်နာ ဆိုးလ်ရှားအနေနဲ့ မန်ယူနည်းအဖြစ်ရှိနေသေးတာအရမ်းအံအားသင့်ရကြောင်းသူ့အနေနဲ့ ကံကောင်းကြောင်း မှတ်ချက်ပြုဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက် ရဲ့အနေထားနဲ့ အရင်စံနှုန်းတွေအရ ကြည့်မယ်ဆိုရင် ဆိုးလ်ရှားကို စာချုပ်သက်တမ်းမတိုးသင့်ပါဘူး။ ယူနိုက်တက်ဆိုတာတစ်နှစ်ကိုအနည်းဆုံးတော့ဖလားတစ်လုံးနှစ်စဉ်ယူပြီး အောင်မြင်မှုတွေနဲ့ ယှဉ်တွဲမြင်ရတဲ့အသင်းဖြစ်ကြောင်း၊ နောက်ပိုင်းယူနိုက်တက်ရဲ့ရလဒ်တည်ငြိမ်လာတာနဲ့ ပရီးမီးယားလိဂ်မှာအဆင့်နှစ် ရတာကြောင့် စာချုပ်သစ် ချုပ်ဆိုတာဖြစ်နိုင်ကြောင်း၊

ဒါပေမဲ့ မန်ယူကို အောင်မြင်မှုတွေ ယူပေးရမှာဖြစ်ကြောင်း အဲ့ဒီအတွက်ဖလားအောင်မြင်မှုရယူပေးနိုင်မဲ့နည်းပြမျိုးလိုအပ်ကြောင်း ကီအွန်က MetroSportမှာဝေဖန်သုံးသပ်ခဲ့ပါတယ်။

အစောပိုင်းရက်တွေတုန်းက ယူနိက်တက်ဟာ ဆိုလ်းရှားနေရာကိုအစားထိုးမယ့်နည်းပြတွေကို စဉ်းစားနေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အသင်းပိုင်ရှင် ဂလေဇာကတော့ သူတို့ကြိုးဆွဲရာကမယ့် ဆိုလ်းရှားကို အသင်းက ထုတ်ပယ်သွားဖို့ကိစ္စရပ်တွေကို ဗီတိုသုံးမယ့်သဘောရှိနေပါတ်ယ်။

ဒါကြောင့် ယူနိက်တက်ဟာ လက်ရှိမှာ ဆိုလ်းရှားကို စာချုပ်သက်တမ်းထပ်တိုးဖို့လုပ်နေပြီး
နွေရာသီဈေးကွက်အသစ်အတွက် ထိပ်တန်းခေါ်ယူမှုတွေလုပ်ဖို့ ဘတ်ဂျက်ထုတ်ပေးတော့မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ဖန်တွေရော ယူနိက်တက်အသင်းဟာ ဒီထက်ကောင်းတဲ့နည်းပြ တစ်ယောက်လိုနေသေးလား။ ဆိုလ်းရှားနဲ့ပဲရှေ့ဆက်ရင်ရော ဖလားရနိုင်မယ်လို့ထင်လား လွတ်လပ်စွာဝေဖန်သုံးသပ်သွားနိုငိပါတယ်နော်,

Leave a Comment

Your email address will not be published.