ပေါ့ဘာကိုရောင်းပီး ပေါင်သန်း၇၀တန်ဝက်စ်ဟမ်းကွင်းလယ်လူကို ခေါ်ဖွယ်ရှိနေတဲ့ ယူနိက်တက်

မန်ယူအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားပေါ့ဘာကိုစာချုပ်သက်တမ်းတိုးနိုင်ရေးဆွေးနွေးမှုကို လာမည့်တပါတ်အတွင်းထပ်မံပြုလုပ်မည်ဖြစ်ကြောင်းရိုင်းအိုလာကဆိုပါတယ်။

ပေါ့ဘာဟာလက်ရှိအချိန်ထိ တစ်ပတ်ပေါင်၅သိန်းနဲ့ကိစ္စဟာ ညှိလို့မရဖြစ်နေတာကြောင့် ပေါ့ဘာကိုရောင်းချဖို့ ယူနိက်တက်ကစဉ်းစားထားပြီး ဝက်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်ကို ခေါ်ယူဖွယ်ရှိနေတယ် မန်ချက်စတာညနေခင်းသတင်းကဖော်ပြထားပါတယ်။

မကြာခင်ရိုင်းအိုလာနဲ့မန်ယူအသင်းတာဝန်ရှိသူတွေဟာ Zoom ဖြင့်ဆွေးနွေးကြမှာဖြစ်ပြီးယခုဆွေးနွေးမှုဟာ ပေါ့ဘာအတွက်နောက်ဆုံးအကြိမ်ဆွေးနွေးခြင်းဖြစ်တယ်လို့ရွိင်းအိုလာကဆိုပါတယ်။

မန်ယူအသင်းဘက်က‌တော့ ကလပ်ရဲ့စံချိန်တင်လစာ တပတ် ပေါင် ၄သိန်းကိုပေးချေဖို့ကမ်းလှမ်းပေမယ့်
ရိုင်းအိုလာကတော့တပတ်ကိုပေါင်ငါးသိန်းမရရင်သူ့ကစားသမားဟာအသင်းပြောင်းရွှေ့လိမ့်မယ်လို့ထာပြီးစပိန်ကလပ်ရီးရဲယ်၊ပြင်သစ်အင်အာကြီးကလပ်အသင်းPSGနဲံ့ပေါ့ဘာရဲ့အသင်းဟောင်းဂျူဗင်တတ်အသင်းတို့နဲ့ချိတ်ဆက်နေပါတယ်။

မန်ယူအသင်းအနေနဲ့တော့ ရိုင်းအိုလာရဲ့တောင်းဆိုချက်ကို လက်ခံဖို့မရှိဘဲညှိနှိုင်းမရပါကကစားသမားကိုပေါင်သန်း၆၀ခန့်ဖြင့်ရောင်းချသွားဖို့ဆုံးဖြတ်ထားတယ်လို့ မန်ချက်စတာညနေခင်းမှာဖော်ပြထားပါတယ်။

အိုလေဂန်းနားဆိုရှားအနေနဲ့ ဝက်စ်ဟမ်းကြယ်ပွင့်ကို ပေါင်သန်း၇၀နဲ့အချိန်မရွေးလက်မှတ်ထိုးခေါ်ယူရန်အသင့်ရှိနေတယ်လို့ဖော်ပြထားပြီး ကစားသမားကိုယ်တိုင်ကလည်း အိုးထရက်ဖို့မှာကစားချင်နေတယ်လို့ ဝန်ခံပြောကြားထားပါတယ်။

ယူနိုက်တက်ကလည်းလက်ရှိမှာ ဒီကလန်ရိုက်နဲ့ချိတ်ဆက်နေပြီးပေါ့ဘာနဲ့ညှိနှိုင်းမှုအဆင်မပြေရင် ဒီခေါ်ယူမှုဟု အရင်လိုနာမည်ကြီးထမင်းငတ်ဖြစ်ဖွယ်မရှိတော့ပါဘူး။

သရဲနီတွေအနေနဲ့လည်း တကယ့်ကိုအရည်အချင်းမှီတဲ့ကွင်းလယ်တစ်ယောက်လိုနေတာအမှန်ဖြစ်ပါတယ်။ လီဗာပူးမှာ ဖာဘင်ဟို၊ စီးတီးမှာ ရို့ဒီ၊ ချဲလိဆီးမှာ ကန်တီ ဂျော်ဂျင်ဟိုတို့ရှိကြပြီး ယူနိုက်တက်မှာတော့ မာတစ်အလွန်ကစပြီး ဘယ်သူမှမရှိခဲ့တာလည်းကြာပြီဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ပေါ့ဘာကိုထွက်ခွာခွင့်ပေးခဲ့ပြီး ဒီကလန်ရိုက်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လိုနေတဲ့လိုအပ်ချက်တွေထဲက တစ်ခုကိုဖြည့်ဆည်းလိုက်ပြီးသားဖြစ်သွားနိုင်တယ်။ ပေါင်သန်း၇၀ဆိုတာကလည်း မျှတတဲ့ဈေးနုန်းဖြစ်တဲ့အတွက် ဂလေဇာနဲ့ဘုတ်အဖွဲ့တွေရဲ့ အခြေအနေကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.