မန်စီးတီးဖန် ကမ္ဘာကျော်Rock Starနဲ့အင်စတာဂရမ်မှာ ရန်ဖြစ်နေပြန်တဲ့ အီဗရာ(ရုပ်သံ)

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးကိုမန်စီးတီးအသင်းဟာ ၁ဂိုးဇီးရိုးနဲ့ရှုံးနိမ့်ပြီးတဲ့နောက်မှာ အီဗရာကတော့ မန်စီးတီးအသင်းကို အင်စတာဂရမ်မှုလှောင်ပြောင်မှုတွေပြုလုပ်နေပါတယ်။

မန်စီးတီးရှုံးသွားလို့ မန်စီးတီးဖန်တွေ ဝမ်းနည်းငိုကြွေးကြသလို တစ်ဖက်မှာလည်း တစ်နေ့ကမှ ယူရိုပါလိဂ်ဖလားလက်လွတ်ဆုံးရှုံးလိုက်ရလို့ ဒူးနဲ့မျက်ရည်သုတ်ထားရတဲ့ ယူဆိုက်တက်ဖန်တွေဟာ အူမြူးနေကြပါတယ်။

အဲ့ဒီထဲမှာ ယူနိက်တက် လီဂျန့်ကြီး ပက်ထရစ်အီဗရာလည်းအပါအဝင်ပဲဖြစ်ပါတယ်။မန်စီးတီးအသင်းဗိုလ်လုပွဲမှာ ရှုံးပြီးတဲ့နောက် အီဗရာကသူ့အင်စတာဂရမ်မှာချန်ပီယံလိဂ်ဖလားပုံနဲ့သူ့မျက်နာရုပ်ပြောင်ကိုတွဲစပ်ပြီး “ဆာဘော်ဘီ…စီးတီးနာမည်လေးတစ်ချက်လောက်ပြန်စစ်ကြည့်ပါဦး.နိုး..ခုထိမရှိသေးဘူး..ပက်”ဆိုပြီးစကားပြောနေပုံကိုတင်ထားခဲ့တာပါ၊

စီးတီးဟာ ခုချိန်ထိ ချန်ပီယံလိဂ်ဖလားကျိန်စာသင့်နေတာကို အီဗရာကလှောင်ထားတာဖြစ်ပြီး သူနဲ့အတူ ယူနိက်တက်ဖန်တွေကလည်း မန်စီးတီးရှုံးနိမ့်သွားတာကို အူမြူးနေကြတာပဲဖြစ်ပါတယ်။

တစ်နေ့ကမှအင်စတာဂရမ်မှာ ရုပ်ပြောင်ပုံလုပ်တာနဲ့အားမရသေးတဲ့အီဗရာဟာ မန်စီးတီးအမာခံပရိတ်သတ်ဖြစ်တဲ့ ကမ္ဘာကျာ်OASISအဖွဲ့က ရောစ့်စတားတစ်ဦးဖြစ်တဲ့ Gallagherကို သူ့ရဲ့ကျော်ကြားတဲ့သီချင်းဖြစ်တဲ့”Wonderwall REMIX”ကိုသီဆိုရင်းအီဗရာက သောက်ခွက်ပြန်ပြောင်ခဲ့တာပါ။

OASISအဖွဲ့ရဲ့အဆိုတော် Gallugherနဲ့သူ့အကိုတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပေါ်တိုကိုလာရောက်အားပေးခဲ့ကြပြီး မန်စီးတီးရှုံးနိမ့်တာကိုကြေကွဲနေတဲ့အချိန် အီဗရာရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာပြန့်နှံ့လာတာပါ။

သူတင်ခဲ့တဲ့ဗီဒီယိုမှာ အီဗရာဟာကားထဲမှာထိုင်နေပြီးရော့စတားကြီး Liam Gallagherရဲ့ စတိုင်အဝတ်အစား၊ ဆံပင်ပုံစံနဲ့မျက်မှန်ကအစ တူအောင်လုပ်ပြီးထိုင်နေပါတယ်။

ပြီးတာနဲ့သူဟာဗီဒီယိုစစချင်း ကင်မရာကိုကြည့်ပီးရယ်မောလိုက်ပြီးWonderwallသီချင်းစာသားကိုဆိုလိုက်ပါတယ်။ အဲ့ဒီနောက်သူက” Liam..မင်းဘယ်မှာလဲ??မင်းမှတ်မိသေးလား?ငါ့ယူနိက်တက်ရှုံးတုန်းကရယ်ထားတာလေ?ကဲအခုမင်းအလှည့်ပဲ”

” မနာလိုဝန်တိုမဖြစ်နဲ့။ ဒီနေ့ဟာ မင်းအတွက် အထူးနေ့တစ်နေ့ပါပဲဆိုတာငါပြောရုံပါပဲ။ မန်ချက်စတာအပြာကြီးပြောပြောနေတာရပ်လိုက်တော့။ ငါက မင်းတို့ထက် ဆုဖလားတွေအများကြီးပိုင်ဆိုင်ထားတယ်။”ဆိုပီးရယ်မောနေခဲ့တာပါ။

အဲ့ဒီနောက်အီဗရာဟာ ချဲလ်ဆီးနဲ့မန်စီးတီးပွဲမှာ စီးတီးဖြစ်ခဲ့တာကို “သူ့လည်ပင်းသူပြန်ညှစ်ပီး အတင်းလုယူခံရတဲ့ လက်ဟန်ခြေဟန်အမူအရာနဲ့လုပ်ပြပြီး” သီချင်းRemixအတွက်တော့ဆောတီးပဲ ဒါပေမယ့်အချိန်ကျပြီ”ဆိုပြီးအီဗရာဟာ ကမ္ဘာကျော်သီချင်းကို သူ့ဗားရှင်းနဲ့သူအော်ဆိုနေခဲ့တာပါ။ “အောင်မြင်မှုတွေမပြီးမြောက်သေးခင် မင်းတို့အိမ်နီးချင်းတွေဆူညံလွန်းတယ်’ ‘I Love This Game”ဆိုပြီးသူ့မူပိုင်စာသားနဲ့ဗီဒိယိုကိုပီးဆုံးထားပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.