စပိန်မှာခြေစွမ်းပြလို့ လာလီဂါကလပ်တွေ စိတ်ဝင်စားခြင်းခံနေရတဲ့ ပယ်လစ်စထရီရဲ့Skillများ(ရုပ်/သံ)

မန်ယူအသင်းမှ စပိန်လာလီဂါကလပ်အသင်းအာလာဗက်အသင်းကို အငှ‌ားချထားတဲ့ဥရုကွေးလူငယ်ကြယ်ပွင့် ပါယ်လီစတာရီကို နောက်ထပ်တစ်ရာသီထပ်မံအငှားချပေးဖို့ မန်ယူအသင်းထံ ကမ်းလှမ်းလိုက်ပါတယ်။

မန်ယူအသင်းကလည်းပါယ်လီစတာရီ ကစားနိုင်တဲ့ညာတောင်ပံနေရာမှာဒေါ့မွန်အသင်းမှဆန်ချိုကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေတဲ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်က ဝယ်ယူထားတဲ့ ဒီယာလိုကလည်းနောက်နှစ်မှာအသင်းကြီးလူစာရင်းမှာ ပါဝင်လာတော့မှာမို့ ဥရုကွေးကြယ်ပွင့်ကို လာလီဂါမှာဆက်ထားဖို့သဘောတူညီလိုက်ကြောင်းသိရပါတယ်။

ပါယ်လီစတာရီဟာအာလာဗက်အသင်းနဲ့လာလီဂါ၁၂ပွဲကစားခွင့်ရရှိထားပြီးဒဏ်ရာကြောင့် အနားယူခဲ့ရမှုကြောင့်ပွဲကစားခွင့်တွေဆုံးရှုံးထားပေမယယ့် ဒဏ်ရာမှပြန်လာပြီးချိန်မှစပြီးအာလာဗက်အသင်းအတွက်ခြေစွမ်းပြကစားနိုင်သူပါ။

အသက်၁၉နှစ်အရွယ်ဥရုကွေးကြယ်ပွင့် ဟာ တောင်အမေရီကရော့ခ်စတားတစ်ဦးရဲ့မွေးစားသားဖြစ်ပြီ ဥရုကွေးကလပ်အသင်းအင်ဒိပန်းနန့်အသင်းမှာ အခြေစွမ်းပြကစားနေနိုင်တာကြောင့် မန်ယူအသင်းကခေါ်ယူခဲ့တာပါ။

ယင်းနောက်မှာတော့ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာဥရောပအတွေ့အကြုံရရှိစေရန်လာလီဂါကလပ်အသင်း အာလာဗက်ထံရာသီဝက်အငှားနဲ့ သွားရောက်ကစားစဉ်ခြေစွမ်းပြနိုင်တာကြောင့် လာလီဂါ ကလပ်အသင်းက ကစားသမားလေးကို ဆက်လက်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ပယ်လစ်စထရီရဲ့အနာဂါတ်နဲ့ပက်သက်ပြီးမနက်ဖြန်မှာ ယူနိုက်တက်နဲ့ဆွေးနွေးသွားမှာဖြစ်ပြီးကစားသမားအနေနဲ့လည်း စပိန်မှာဆက်ရှိနေစေချင်သေးသလိုယူနိက်တက်ဘက်ကလည်း ကစားသမားအတွေ့အကြုံကောင်းတွေရစေဖို့ထပ်မံအဌားချဖို့အလိုရှိနေတာပါ။ အောက်မှာပယ်လစ်စထရီရဲ့အလာဗက်မှာခြေစွမ်းပြထားတဲ့စကေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Leave a Comment

Your email address will not be published.