ယူနိက်တက်ရဲ့ဖလားအိမ်မက် ခရီးရှည်ကို ဂလေဇာရဲ့ ရုပ်သေးရုပ်လေးဆိုလ်းရှား ဦးဆောင်နိုင်ပါ့မလား?

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအိုလေဆိုလ်းရှားကို စာချုပ်သစ်ထပ်ချုပ်ဆိုဖို့ စတင်ဆွေးနွေးနေပြီလို့ မန်ချက်စတာယူနိုက်တက်ညနေခင်းသတင်းကဖော်ပြပါတယ်။

လက်ရှိမှာ ဆိုလ်းရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်က တစ်နှစ်သက်တမ်းပဲ ကျန်တော့တာကြောင့် ဆိုလ်းရှားကို နောက်ထပ် စာချုပ်ချုပ်ဆိုနိုင်ဖို့ဆွေးနွေးနေတာဖြစ်ကြောင်းသိရပါတယ်။

အခုဆွေးနွေးမှုအရ မန်ချက်စတာယူနိုက်တက်ဟာ ဆိုလ်းရှားကို လုပ်ခလစာပိုတိုးပေးပြီး 3နှစ်သက်တမ်းတိုးမယ်လို့ဆိုထားတယ်။ဒါကိုကြည့်ခြင်းအားဖြင့် ဆိုလ်းရှားဟာ လာမယ့် ၂၀၂၅အထိ ယူနိုက်တက်မှာ ရှိသွားဖို့ဖြစ်နိုင်တယ် လို့ ယူနိုက်တက်ညနေခင်းသတင်းကဖော်ပြပါတယ်။

ဆိုလ်းရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်တစ်လျောက် ဝေဖန်မှုတွေကြုံတွေ့ခဲ့ရပေမယ့် သူကိုင်တွယ်ခဲ့တဲ့ သက်တမ်းအတွင်း မော်ရင်ဟိုထက် ပိုကောင်းမွန်တဲ့ အသင်းတည်ဆောက်မှု လမ်းကြောင်းမှန်ကို ရောက်ခဲ့တယ်လို့ ဂလေဇာမိသားစုနဲ့ အသင်းတာဝန်ရှိသူတွေကသတ်မှတ်ထားပါတယ်။

တစ်နည်းအားဖြင့်လည်း အိုလေဟာ တခြားနည်းပြတွေလို အသင်းပိုင်ရှင်တွေကို ဇောတကတက်နေမယ့် နည်းပြမျိုးမဟုတ်ပဲ လိုတိုင်းဆွဲလို့ရနေတဲ့ ရုပ်သေးလိုနည်းပြဖြစ်နေတာကြောင့်လည်း ဂလေဇာဘက်က ထုတ်ပယ်တာမျိုးလုပ်သွားတာဖြစ်လာမှာမဟုတ်ပါဘူး။

ဆိုလ်းရှားဟာ အသင်းတည်ဆောက်မှုမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျောက်နိုင်တယ်ဆိုပေမယ့်လို့ ဆုဖလားတွေရရှိနိုင်မယ့်အချိန်တွေမှာတော့ တစ်ခုမဟုတ် တစ်ခုနဲ့ ခြေချော်သွားလေ့ ရှိပါတယ်။

Dailly Expressရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ နောက်ထပ် ပရောချက်တစ်ခုအနေနဲ့ ဖလက်ချာတို့လိုကစားသမားတွေကို အသင်းအတွက် နည်းစနစ်ဒါရိုက်တာ အားကစားဒါရိုက်တာတွေခန့်ထားဖို့ရှိတယ်လို့လည်းဆိုတယ်။

ဒါ့အပြင် ဆန္ဒပြမှုတွေခံနေရတဲ့ ဂလေဇာကလည်း ဒီနွေမှာ ထိပ်တန်းခေါ်ယူမှုတွေလုပ်ပေးသွားမယ်လို့ ကတိပေးထားပြီး အရင်နှစ်တွေကလို ပျားရည်နဲ့ဝမ်းချတဲ့လုပ်ရပ်မျိုးတွေကိုပဲလုပ်လာဦးမလားဆိုတာတော့မသိနိုင်သေးပါဘူး။

လက်ရှိမှာတော့ဆိုလ်းရှားကို လက်ရှိထက် လုပ်ခလစာပိုပေးပြီးရင် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဆိုလ်းရှားလိုချင်တဲ့ Targetတွေကိုလည်း ပစ်မှတ်ထားထားတယ်လို့ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆိုလ်းရှားကို လုပ်ခလစာ ၇ဒဿမ၅သန်းကနေ ၁၀သန်းအထိ ပေးမယ်လို့သိရပြီးဒီစာချုပ်အရ ဆိုလ်းရှားဟာ ယူနိုက်တက်မှာ ၂၀၂၅အထိဆက်ရှိနေမယ်လို့သိရပါတယ်။

United အနေ နဲ့စပိန် ကလပ် Villareal အားရှံးနိမ်းခဲ့ပြီးနောက် 2020-2021 ဘောလုံးရာသီတွင်လည်းဖလားလက်မဲ့ဖြင့်ဆက်လက်ဖြတ်သန်းခဲ့ရပြီးနောက် ပရိတ်သတ်များအနေဖြင့် Ole အပေါ်ထောက်ခံမှုလျော့ကျလာနေပါတယ်

ဆိုလ်းရှားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လူစားလဲမှုတွေကအစ ကစားသမားဟောင်းကြီးတွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပြီး ပရိတ်သတ်အများစုကတော့ ဆိုလ်းရှားကို အရင်လိုထောက်ခံမှုမရှိကြတော့တဲ့အထိဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်လိုက်ရင် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကစားသွားတဲ့ယူနိုက်တက်အသင်းခြေစွမ်းနဲ့ ဆီနဲ့ရေလိုကွာနေတာဟာ ငြင်းမရနိုင်ပါဘူး.ချယ်လ်ဆီးက မှန်ကန်တဲ့နည်းပြလက်အောက်မှာ နွေတုန်းက သန်း ၂၀၀ ကျော်သုံးခဲ့တဲ့အကျိုးကိုလက်ငင်းခံစားလိုက်ရတာပါ ။

လီဗာပူးလ်ကလည်း ဒီရာသီမှာ ဒဏ်ရာရကစားသမားတွေများနေလို့သာ အဆိုးဆုံးအခြေအနေတစ်ခုကို ရောက်ခဲ့တာဖြစ်ပြီး ကစားသမားတွေအင်အားတောင့်တင်းပြီးပြန်သက်သာရင် သူတို့ရဲ့အကောင်းဆုံးနေရာကိုပြန်လာဦးမှာပါ။ ဒီနွေဈေးကွက်မှာ ယူနိုက်တက်အနေနဲ့ ပြင်ဆင်မှုကောင်းကောင်းမလုပ်နိုင်ပဲ ဂလေဇာအလိုကျခေါင်းညိတ်ခေါင်းခါလုပ်နေရင်တော့ လာမယ့်ရာသီမှာ ဖလားအိမ်မက်ဆိုတာလည်း ဝေလာဝေးပဲဖြစ်နေဦးမှာပါ။

အခုဆိုရင် ယူနိက်တက်တို့ဟာ ဖလားလက်မဲ့ ၄ရာသီဆက်ကို ကြုံတွေ့ခဲ့ရပြီး နည်းပြမော်ရင်ဟိုလက်ထက်မှာတုန်းက ယူရိုပါလိဂ်ဖလားကို ယူဆောင်နိုင်ပေးခဲ့ပါသေးတယ်။

လက်ရှိOleရဲ့စာချုပ်ဟာ United နဲ့ 2022 မှာ ကုန်ဆုံးမှာဖြစ်ပြီး ယခု သုံးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါက အသင်းမှာ 2025 အထိ တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပြီးတစ်နှစ်လုပ်ခ စတာလင်ပေါင် ၁၀သန်းခန့်ရရှိမှာလည်းဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ယူနိုက်တက်တာဝန်ရှိသူတွေဟာ သူတို့အသင်းအနာဂါတ်နဲ့ နောက်ထပ်လုပ်မယ့် ပရောဂျက်အတွက် ဆိုလ်းရှားနဲ့သင့်တော်ပြီး ယုံကြည်ချက်ထားတယ်လို့ မှတ်ချက်ပြုရမှာဖြစ်တဲ့အတွက် ရှေ့မှာ ဆိုလ်းရှားအတွက် ကြိုတင်ပြင်ဆင်စရာ လုပ်စရာတွေကအများကြီးပဲရှိလာမှာဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေဘက်က လိုအပ်တာတွေဖြည့်ဆည်းပေးနိုင်ခဲ့ရင်တော့ ဖလားအိမ်မက်ကို အသက်သွင်းဖို့က နည်းပြအိုလေရဲ့ တာဝန်ဖြစ်လာမှာပါ။

ဒီတော့ မန်ယူပရိတ်သတ်ကြီးတွေကရောဆိုလ်းရှားဟာ ယူနိက်တက်ကိုဖလားတွေယူဆောင်လာနိုင်ပေးမယ့်သူလို့ထင်လား အသင်းအတွက် ဆက်လက်ရှိစေနေချင်သေးလား ဘယ်လိုသဘောထားလဲဆိုတာမှတ်ချက်လေးရေးပေးခဲ့ကြပါဦး..

David Ba Kyaw

Leave a Comment

Your email address will not be published.