ယူနိုက်တက်မှာပျက်ဆီးသွားခဲ့တဲ့ကြယ်ပွင့် (သို့) ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးလူခေါ်မှုစာရင်းမှာ နံပါတ်၂ချိတ်ခဲ့သူ

၂၀၂၀-၂၁ ရာသီအတွက်ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ခေါ်ယူမှုစာရင်းထဲတွင်မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူ တက်သစ်စလူငယ်ကြယ်ပွင့်လေး ပါဝင်လာခဲ့ပါတယ်။

နယ်သာလန်ကွင်းလယ်လူ ဒိုနီဗန်ဒီဘတ်ချ်က အဆိုးရွားဆုံးခေါ်ယူမှု အဆင့် ၂ နေရာကနေ ပါဝင်လာခဲ့တာပါ။ ဗန်ဒီဘတ်ချ်ဟာ အေဂျက်ဇ်ကနေ ယူနိုက်တက်အသင်းကိုပေါင်သန်း၄၀ နဲ့ပြောင်းရွေ့လာခဲ့ပြီး ပုံမှန်ပွဲကစားခွင့်တောင် ရရှိခြင်းမရှိဘဲ ရုန်းကန်နေရတဲ့ကစားသမားလဲဖြစ်ပါတယ်။

ဗန်ဒိဘိဟာ ပင်ကိုယ်ခြေစွမ်းခြေစကောင်းမွန်ပေမယ့် ယူနိက်တက်မှာ အရံခုံမှာပဲ အချိန်တွေကုန်ဆုံးနေခဲ့တာကြောင့် ယူနိက်တက်ရဲ့ ကစားသမားဟောင်းကြီးတွေက သူ့အရည်အချင်းတွေမပျက်စီးသွားအောင် အသင်းပြောင်းဖို့ကိုလည်းတိုက်တွန်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သတင်းတွေအရ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အသင်းကထွက်ခွာမလိုလုပ်ခဲ့ပြီးမှ ယူနိုက်တက်မှာဆက်နေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

နယ်သာလန်သားဟာ ယူနိုက်တက်မှာပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အင်တာမီလန်အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ ဗန်ဒီဘိခ်တစ်ယောက် အေဂျက်စ်ကနေ ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို ဆိုးလ်ရှားကလည်း ဖာနန်ဒက်စ်ကိုသာ ဦးစားပေးအဖြစ် ပွဲထုတ်နေခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ ကစားသမားပွဲထုတ်မှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သလို ဗန်ဒီဘိခ်ဟာ အင်္ဂလန်မှာအထိုင်ကျဖို့ အချိန်လိုအပ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

အင်တာမီလန်အသင်းက ဗန်ဒီဘိခ်ကို ချိတ်ဆက်နေပေမယ့် တရားဝင်မကမ်းလှမ်းရသေးသလို ယခင်တုန်းကလည်း အင်တာဟာ ယူနိုက်တက်ထံကနေ လူကာကူ ၊ ဆန်းချက်ဇ်တို့ကို ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းဌာနတစ်ခုကတော့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ဗန်ဒီဘိခ်ကတော့ သူယူနိုက်တက်ကိုပြောင်းလာတာဟာ အခွင့်အရေးကောင်းတွေရယူချင်တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်ကစားသမားဟောင်း ဗန်ဒါးဆားကြောင့် အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး သူဟာ အေဂျက်အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကကစားသမားတစ်ဦးဖြစ်ခဲ့သူပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းကိုရောက်ရှိလာချိန်မှာ သူ့ရဲ့ တစ်ချက်ထိ ဘောလုံးအမြန်ကစားနိုင်စွမ်းဟာ ယူနိုက်တက်အသင်းရဲ့ လက်ရှိကစားနေဟန်နဲ့ အံမဝင်သေးသလို သူဖန်တီးပေးလိုက်တဲ့ ဘောလုံးတွေကို လည်း ယူနိုက်တက်ရှေ့တန်းက တိုက်စစ်မှူးတွေက အသုံးမချနိုင်သေးပါဘူး။

ဝက်ဖိုဒ်နဲ့ပွဲက ပထမပိုင်း (၄၂)မိနစ်မှာ မာတာကိုနောက်ပေါက်နဲ့ချပေးတဲ့အလုံးသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဗန်ဒိဘိခ်နဲ့ မာတာရဲ့အချိတ်အဆက်ဟာ FA ပွဲတစ်ပွဲအတွက် အလွန်လှပတဲ့ ဂိုးဖန်တီးမှုတစ်ခု ဖြစ်သွားနိုင်ပေမယ့် ဝက်ဖိုဒ် ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဒီအခွင့်အရေးဆုံးရှုံးသွားခဲ့ရတာပါ။

ဒါပေမယ့် ဗန်ဒိဘိခ်ဟာ ဝက်ဖိုဒ်နဲ့ ကစားခဲ့တဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ပေးပို့မှုအကြိမ် ၇၀ အထိလုပ်နိုင်ခဲ့ပြီး ၄ ကြိမ်သာလွဲချော်ခဲ့ပါတယ်။ ဘောလုံးဆယ်ယူမှု ၁၁ ကြိမ်ရှိခဲ့သလို ဘယ်ကစားသမားထက်မဆို သူ့ရဲ့စွမ်းဆောင်နိုင်မှုဟာပိုများပါတယ် ။

ဒါကြောင့်လည်း လက်ရှိမှာ ယူနိက်တက်ရဲ့ အပယ်ခံကစားသမားဖြစ်နေပေမယ့် မကြာခင်မှာ ယူနိုက်တက်အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရလာမယ်လို့ ဗန်ဒီဘိခ်က အခိုင်အမာယုံကြည်နေပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.