ပေါ့ဘာနဲ့တွဲရိုက်ထားတဲ့ပုံကို တင်လိုက်တဲ့ ရီးရဲနောက်ခံလူVaraneနဲ့ အေးဂျင့်လုပ်ပေးဖို့တောင်းဆိုခံနေရတဲ့ပေါ့ဘာ

ယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ ရီးလ်ရဲမက်ဒရစ် နောက်တန်းကစားသမားVaraneကို ခေါ်ယူဖို့ချိတ်ဆက်နေကြပြီး ကစားသမားအနေနဲ့လည်း ယူနိက်တက်ကိုလာဖို့မီးစိမ်းပြထားတာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ ပေါ့ဘာက Varaneနဲ့ဘာစီလိုနာကGriezmannတို့အတူတွဲရိုက်ထားတဲ့ပုံကို ရီးရဲလ်နောက်ခံလူက အင်စတာဂရမ်မှာတင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနက်တက်ဖန်တွေက ခုလိုတင်လိုက်တဲ့အပေါ ပေါ့ဘာအနေနဲ့ Varaneအတွက် အေးဂျင့်လုပ်ပြီးအိုးထရက်ဖို့ကိုခေါ်လာသင့်ကြောင်း နောက်ပြောင်ရေးသားပီးတောင်းဆိုနေကြတာပါ။

အင်စတာဂရမ်အသုံးပြုသူတွက အဲ့ဒီပုံကိုရှယ်နေကြပီး “အေးဂျင့်ပေါ့ဘာသူ့ကို အိမ်ကိုခေါ်ခဲ့..အေဂျင့်ပေါ့Varaneကိုအိုးထရက်ဖို့ကိုခေါ်ဆောင်ခဲ့ပါ.ပေါ့မင်းဘာလုပ်ရမလဲဆိုတာသိတယ်နော်”ဆိုတဲ့ ကပ်ပရှင်တွေနဲ့
ပေါကိုကြားထဲက အေးဂျင့်လုပ်ဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အပြောင်းရွေ့တွေသတင်းတွေထွက်ပေါ်နေမှုအပေါ် ရီးလ်ရဲနောက်တန်းကစားသမားRaphael Varane က ယခုလိုပဲဖွင့်ဟလာပါတယ်

“ယူနိုက်တက်ကကျွန်တော့်ကိုခေါ်ယူမယ်လို့သတင်းတွေကြားရတော့အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။
ယူနိုက်တက်ဆိုတာ ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါပဲ။ ကစားသမားတိုင်းရဲ့အိမ်မက်ဆိုရင်လဲမမှားပါဘူး။ သူတို့မှာ အရမ်းကိုတက်ကြွပြီးအားပေးတဲ့ပရိတ်သတ်တွေလဲများစွာရှိပါတယ်။

ကျွန်တော်အနာဂတ်နဲ့ပတ်သတ်လို့ကတော့ အခုချိန်မှာ ပြင်သစ်အသင်းနဲ့ ယူရိုဖလားအတွက်ကိုအရင်ဆုံးအာရုံစိုက်နေပါတယ်။ အသင်းပြောင်းရွေ့ဖို့ရှိလားဆိုရင်တော့ ကျွန်တော့်ရဲ့တာဝန်ရှိသူနဲ့ ဆွေးနွေးမှုတွေပြုလုက်သွားမှာဖြစ်ပြီး အဲ့ဒီအခါကျရင်တော့ ကျွန်တော့်အနာဂတ်ကိုဆုံးဖြတ်သွားမှာပါ”လို့ဆိုပါတယ်။

ယူနိက်တက်တို့အနေနဲ့ဒိနှစ်နွေမှာ မက်ဂွိုင်းယားနဲ့တွဲဖက်နိုင်မယ့် နောက်ခံမွန်းစတားတစ်ယောက်လိုနေတာဖြစ်ပြီး Varaneကိုတော့ သူ့အသင်းက ပေါင်သန်း၆၀လောက်နဲ့ရောင်းချသွားဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာ ယူနိက်တက်က ပစ်မှတ်ထားနေတဲ့ တိုက်စစ် အလယ်တန်းနဲ့ နောက်တန်း ၄ယောက်မှာVaraneလည်းပါဝင်နေတာဖြစ်ပြီး ယူနိက်တက်တို့က လတ်တလောသတင်းတွေအရ ကွင်းလယ်ပိုင်းအတွက် ပေါ့ဘာနဲ့ ရိုနယ်ဒိုကို အလဲအထပ်လုပ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ကြိုးစားနေကြတယ်လို့ဆိုပါတယ်။မန်ဖန်ပရိတ်သတ်ကြီးရောVaraneကိုကြိုက်ကြရဲ့လား..Skillလိုချင်ကွန်မန့်မှာမန့်သွားပေးနော်.တင်ပေးပါ့မယ်

David Ba Kyaw

Leave a Comment

Your email address will not be published.