ချိန်ပါကြီး မန်ယူရဲ့ နွေပစ်မှတ်ကစားသမားတွေကို တစ်ကယ်ဖြတ်ခုတ်တော့မယ့် တူချယ်

နွေရာသီအပြောင်းအရွေ့ရောက်တိုင်း အကိတ်တွေနဲ့နာမည်ထွက်တတ်တဲ့ယူနိက်တက်တို့ကတော့ နောက်ဆုံးမှာ ကျော်ကျော်နန္ဒာနဲ့ပဲဇာတ်သိမ်းမလားဆိုတာ စောင့်ကြည့်ရမယ့်ကာလရောက်လို့လာပြန်ပါပြီ။

နွေရာသီအပြောင်းအရွေ့ရောက်ခါနီးကတည်းက “နာမည်ကျော်တွေနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အခုချိန်ထိ အသင်းမှာ ရှိနေသေးတဲ့ ကွင်းလယ်ဗိုလ်ချုပ်ပေါ့ဘာနဲ့တောင် ညှိနှိုင်းလို့မရသေးတဲ့ ယူနိက်တက်တို့ဟာ ဒီနွေရာသီမှာ ပစ်မှတ် ၄ခုထားထားတယ်လို့ဆိုပါတယ်။

ရှေ့တန်း ကွင်းလယ်နဲ့တိုက်စစ် တို့အတွက် အနည်းဆုံး ၄ယောက်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဂလေဇာကလည်းတန်ဖိုးကြီးကစားသမားတွေခေါ်ယူပေးမယ်လို့ ဆိုလ်းရှားကို ပုဂ္ဂိုလ်ရေးအရကတိပေးထားတယ်ဆိုပါတယ်။ ရှေ့တန်းအတွက် ဟာလန်းကို မန်ယူက အရင်ကစိတ်ဝင်စားပေမယ့် ဒေါ့မွန်အသင်းဘက်က ရောင်းချသွားဖွယ်မရှိလို့ ယူနိက်တက်တို့ဟာ စပါးက ဟာရီကိန်းနဲ့ဒေါ့မွန်ကဆန်ချို ၂ယောက်ထဲက တစ်ယောက်ယောက်ကို လိုချင်နေပါတယ်။

ကွင်းလယ်မှာ ဒီကလန်ရိုက်နဲ့ဂရေးလစ်ကိုပစ်မှတ်ထားထားပြီး ဂရေးလစ်အေးဂျင့်ကတောင် မန်ယူကို ဂရေးလစ်ကို ထိပ်ဆုံးပစ်မှတ်မှာမထားဘုးဆိုပြီးထုတ်ဖော်ပြောကြားဖူးပါတယ်။ ဒါ့အပြင် အိတ်ပေါက်ဖားကောက်ြဖ်စနေတဲ့ နောက်တန်းကို ပြုပြင်ဖာထေးဖို့ဆိုရင် မက်ဂွိုင်းယားနဲ့တွဲပေးဖို့ နောက်ခံလူလိုနေလို့ ရီးရဲလ်က Varaneတို့ကို ပစ်မှတ်ထားထားပါတယ်။

လက်ရှိ ယူနိက်တက်ဘက်က ပစ်မှတ်ထားတဲ့ကစားသမားတွေထဲက ၃ယောက်ကို မန်စီးတီးကလည်း အရင်တည်းက လိုချင်နေတာဖြစ်ပြီး အခုဆိုရင် ချဲလ်ဆီးနည်းပြတူချယ်ကပါ သူလိုချင်တဲ့ကစားသမားတွေကို ထုတ်ပြောလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီးနောက်မှာတော့ နည်းပြတူချယ်လ်အနေနဲ့ ပိုကောင်းတဲ့အသင်း တစ်သင်းဖြစ်လာအောင် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာသူအလိုရှိတဲ့ကစားသမားတွေကိုခေါ်ယူချင် ကြောင်းပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက နည်းပြဟောင်း လမ်းပတ်အလိုရှိတဲ့ ကစားသမားတွေကို ပေါင်သန်း ၂၃၀ ကျော်အသုံးပြုပြီး ခေါ်ယူပေးခဲ့ တာကြောင့် တူချယ်လ်အနေနဲ့ အခုလိုပြောခဲ့တာလို့လည်း သိရပါတယ်။

သတင်းတွေရဲ့ဖော်ပြမှုအရတော့ ချဲလ်ဆီးအသင်းကနေ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂီရော့ဒ်နဲ့ အေဘရာဟမ်တို့ ထွက်ဖို့ ရှိနေတာကြောင့် တူချယ်လ်အနေနဲ့ တိုက်စစ်မှူးခေါ်ယူဖို့ လိုအပ်နေပြီး ဒေါ့မန်တိုက်စစ်မှူးဟာလန်း၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူတို့ကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် တူချယ်လ်အနေနဲ့ အသင်းက ကာလရှည်ကြာစောင့်ကြည့်နေခဲ့တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုအသင်းကထွက်ခွာဖို့ရှိနေတဲ့ ရီးရဲနောက်ခံလူVaraneက်ကိုလည်း ခေါ်ယူချင်နေတယ်လို့ထုတ်ဖော်ပြောကြားလာပါတယ်။

ပြိုင်ဖက်အင်အားကြီး အသင်းတွေနဲ့ အကြိုက်တူနေတဲ့ ယူနိက်တက်တို့အနေနဲ့ ဒီနှစ်နွေမှာတော့ လူသစ်ခေါ်ရေးစီမံချက်ကို လေပေါကြီးလုပ်နေရင်တော့ ပြိုင်ဖက်အသင်းတွေဆီ ကိုယ်ရည်ရွယ်ထားတဲ့ ကစားသမားကောင်းတွေပါသွားနိုင်ပါတယ်။

ဘာဖြစ်လို့ လဲဆိုတော့ ယူနိက်တက်တို့ဟာ နွေရောက်တိုင်း နာမည်ကျော်ကစားသမားတွေနဲ့နာမည်ထွက်လာပြီးရင် ဈေးကွက်ပိတ်ခါနီးလောက်မှ သက်ကြားအိုနဲ့အသုံးမလိုတဲ့ကစားသမားတွေကောက်ဝယ်ပြီး ပရိတ်သတ်ကို ချွေးသိပ်တတ်တဲ့ ဂုတ်သွေးစုပ်ဂလေဇာနဲ့ဘုတ်အဖွဲ့ကြောင့်ပါပဲ။

ဒီနှစ်နွေမှာ ယူနိက်တက်တို့ဟာ ပြင်ဆင်မှုကောင်းကောင်းမလုပ်ခဲ့ရင်တော့ နောက်ရာသီမှာ ဒီနစ်လို ဗိုလ်လုပွဲတောင် တက်နိုင်မယ်မထင်ပါဘူး။ အခုဆိုရင်လည်း လေတစ်လုံးမိုးတစ်လုံးပြောထားတဲ့ ယူနိက်တက်တို့ဟာ ပထမဆုံးဝယ်ယူမှု ဂျင်းအကြီးစားဂိုးသမားကို အလကားရလို့ ပြန်ခေါ်ထားပြီလည်းဖြစ်ပါတယ်။

ဒီတော့ နွေဈေးကွက်မှာ နှစ်တိုင်းဖြစ်နေကျ ငါ့ရည်းစားသူများနဲ့ညားဖြစ်မလား ဂလေဇာကတိတည်ပြီး လိုအပ်နေတဲ့ ကစားသမားတွေ ခေါ်ပေးနိုင်မလားဆိုတာတော့ “နွေရာသီလူသစ်ခေါ်ရေးပုံပြင်များ”ကိုဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစိပ်ါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.