ဆန်ချိုအတွက် ကျောနံပါတ်တောင် စဉ်းစားနေပြီဆိုတဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းဟာ သူတို့ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုနဲ့ပက်သက်ပြီး မကြာခင်သတင်းကောင်းတစ်ခုကိုကြေငြာဖွယ်ရှိပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဆန်ချိုနဲ့ယူနိက်တက်တို့ရဲ့ချိတ်ဆက်မှုဟာ တော်တော်လေးအဆင်ပြေနေပြီဖြစ်ပြီးယူနိက်တက်ဘက်က ဆန်ချို့အတွက်ကျောနံပါတ်အသစ်တစ်ခုကိုပေးဖွယ်ရှိနေပါတယ်။

ဆန်ချိုဟာဒေါ့မွန်မှာတုန်းက ကျောနံပါတ်၇ကိုဝတ်ဆင်ပေမယ့် မန်ချက်စတာယူနိက်တက်အသင်းမှာတော့ တခြားနံပါတ်ကိုပြောင်းလဲဝတ်ဆင်ရဖွယ်ရှိတယ်လို့ ဒေးလီးမေးသတင်းမှာဖော်ပြထားပါတယ်။

နောက်ထပ်United Standသတင်းကဖော်ပြချက်အရ ဆန်ချိုကို အမြန်ဆုံးယူနိက်တက်တို့က ခေါ်ယူဖို့လုပ်နေတာဖြစ်ပြီး မော်ရင်ဟိုအောက် ၂၀၁၇မှာတစ်ကြိမ် ဆိုလ်းရှားလက်အောက်မှာ ၂ကြိမ် ယူနိက်တက်ကိုရောက်ဖို့နီးစပ်ခဲ့သူလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ယူနိက်တက်ဘက်ကPRအဖွဲ့နဲ့ဘုတ်အဖွဲ့ဝင်တွေရဲ့အစည်းအဝေးအပြီးဆန်ချိုအတွက် ပေါင်၈၅သန်းပေးချေဖို့အသင့်ရှိနေပြီးဖြစ်တယ်လို့ဆိုပါတယ်။

အသက်၂၁နှစ်အရွယ်ကစားသမားဟာမကြာခင်ယူနိက်တက်ကိုရောက်လာတော့မယ်လို့သတင်းကောင်းကြားရဖွယ်ရှိနေပြီး ယူနိက်တက်ဘက်ကဆန်ချိုကို နံပါတ်၇ဂျာစီကိုပေးဖွယ်မရှိဘူးလို့သိရပါတယ်။

ယူနိက်တက်တို့ဟာ ကျိန်စာသင့်ကျောနံပါတ် ဖြစ်တဲ့ နံပါတ် ၇ကို ဥရုဂွေးတိုက်စစ်မှူးကာဗာနီကို ဝတ်ဆင်စေခဲ့ပြီးကာဗာနီဟာ ဒီကျောနံပါတ်ကျိန်စာကိုချေဖျက်ပြနေတာလည်းဖြစ်လို့ဆန်ချိုကို ကျောနံပါတ်အသစ်တစ်ခုပေးဖွယ်ရှိနေပါတယ်။ ကျောနံပါတ်၇နဲ့ပက်သက်ပြီးဆိုလ်းရှားက

“ကျွန်တော်ကာဗာနီကိုမေးခဲ့တယ်။ ဒီကျောနံပါတ်ရဲ့သမိုင်းကြောင်းကိုသိလားပေါ့။ သူကဒီဟာကိုဝတ်ဆင်ဖို့သူ့ကိုသူသံသယမရှိခဲ့ဘူး။အခုလည်းသူဟာကျောနံပါတ်၇ရဲ့တန်ဖိုးတွေကိုပြသနေတာဖြစ်ပါတယ်”လို့ပြောပါတယ်။

ဒါကြောင့် ယူနိက်တက်တို့ဟာဆန်ချိုကို သီးသန့်ဖယ်ထားတဲ့ဂျာစီနံပါတ်တစ်ခုကိုပြောင်းလဲပေးဖွယ်ရှိနေပါတယ်။ဒါပေမယ့် ယူနိက်တက်ဘက်မှာရွေးချယ်စရာအများကြီးတော့မရှိနိင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဓိကကျတဲ့ကျောနံပါတ်တွေအကုန်လုံးက ယူထားပီးသားဖြစ်နေလို့ပါပဲ။ နံပါတ်၁၀ကို ရက်ဖို့က ဝတ်ဆင်ပီးသားဖြစ်သလို နံပါတ် ၁၁ကိုသစ်သားစိမ်းလေး ဂရင်းဝုဒ်ကဝတ်ဆင်ထားပါတယ်။ နံပါတ်၉ကိုတော ပွဲတိုင်းကျော်ကြီးမာရှယ်ကဝတ်ဆင်ထားတာဖြစ်လို့ ယူနိက်တက်တို့ဟာဆန်ချိုအတွက် ကျောနံပါတ်တစ်ခုကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။

ယူနိက်တက်တို့ဟာဆန်ချိုကို၉၀ရာခိုင်နှုန်းသေချာနီးစပ်နေပြီဖြစ်တဲ့အတွက် နောက်ထပ်ပစ်မှတ်တွေဖြစ်တဲ့ ဒီကလန်ရိုက် ဗားရင်း ရော်နယ်ဒိုတို့နဲ့ပက်သက်ပြီး ဆက်လက်ကြိုးစားရတော့မှာလည်းဖြစ်ပါတယ်။ ဒီတော့ သတင်းတွေအရဆိုမကြာခင်မှာ သတင်းကောင်းကြားရဖွယ်ရှိနေပြီးပရိတ်သတ်တွေကရောဆန်ချိုကို ဘယ်ကျောနံပါတ်နဲ့မြင်တွေ့ချင်ပါသလဲ??

David Ba Kyaw

Leave a Comment

Your email address will not be published.