ယူနိုက်တက်ရဲ့မကောင်းတဲ့သောက်ကျင့်တစ်ခုကိုပြင်ဖို့ တိုက်တွန်းလိုက်တဲ့ရွိင်ကိန်း

မန်ချက်စတာယူနိုက်တက်အနေနဲ့ နောက်ရာသီမှာ ဖလားအိမ်မက်တွေဆက်မက်ချင်ရင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးမှ အဖြစ်သဘောခေါ်ယူပြတတ်တဲ့ မကောင်းတဲ့အကျင့်ကိုပြင်ဖို့ ရွိင်ကိန်းကတိုက်တွန်းလိုကိပါတယ်။

လက်ရှိမှာ ယူနိက်တက်တို့ရဲ့ ပစ်မှတ်ကစားသမားတွေဟာ မန်စီးတီးနဲ့ချဲလ်ဆီးတို့ရဲ့ အပြိုင်စိတ်ဝင်စားမှုခံနေရပြီး ယူနိက်တက်နဲ့နီးစပ်နေပြီးသားကစားသမားတွေပါ ပြိုင်ဖက်အသင်းတွေဆီရောက်သွားနိုင်တဲ့ အနေအထားရှိနေတာပါ။

ယူနိက်တက်တို့ဟာဖလားလက်မဲ့ ၄ရာသီဆက်ဖြစ်ခဲ့ပြီးတဲ့နောက် မဖြစ်မနေလူသစ်ခေါ်ယူမှုတွေလုပ်သင့်ပြီး ကွင်းလယ်မှာ ဖရက်နဲ့တော်မီနေးကို သုံးနေသမျှ ဖလားမရနိုင်ဘူးလို့ ဝေဖန်ဖူးတဲ့ ရွိင်ကိန်းဟာ အခုခါမှာလည်း နွေရာသီအပြောင်းအရွေ့အတွက် စိတ်အေးလက်အေးနဲ့မလုပ်သင့်ပဲ ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်ကြောင်းခုလိုတိုက်တွန်းလာပါတယ်။

“နောက်နှစ်ဖလားအိမ်မက်ဆက်မက်ချင်ရင် ကွင်းလယ်နဲ့နောက်တန်းကိုမဖြစ်မနေခေါ်ယူရပါမယ်။ မနှစ်ကလို ဈေးကွက်ပိတ်ခါနီးမှ တွေ့ကရာလူအဖြစ်သဘောမျိုးခေါ်ယူပြမယ်ဆိုတဲ့အကျင့်ကတစ်ကယ်တော့ အသင်းကိုပျက်စီးစေပါတယ်။ အသင်းမှာတစ်ကယ်လိုအပ်နေတဲ့ ခေါ်ယူမှု ၄ခုလောက်တော့အနည်းဆုံးလိုနေပါတယ်။ ဒါကိုအချိန်မှီကုစားနိုင်မှကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်လို့ရပါမယ်”လို့ရွိင်ကိန်းကဆိုပါတယ်။

ယူနိက်တက်တို့လက်ရှိမှာလည်း ဟယ်ရီကိန်း ဆန်ချို ၊ ဒီကလန်ရိုက်၊ ဂရေးလစ်၊ ဗာရန်း တို့ကိုပစ်မှတ်ထားနေတာဖြစ်ပြီး ဒီကစားသမားတွေကိုပြိုင်ဘက်အသင်းတွေကလည်းပစ်မှတ်ထားနေကြပါတယ်။ အခုဆိုရင် နည်းပြတူချယ်ရဲ့ ဒီနှစ်နွေခေါ်ချင်တဲ့ ကစားသမား စာရင်းမှာ ယူနိက်တက်ပစ်မှတ် ၃ယောက်အထိပါဝင်လာပြန်ပါတယ်။

နည်းပြဆိုလ်းရှားအနေနဲ့ ဂလေဇာကို မလွန်ဆန်နိုင်တာမှန်ပေမယ့် နည်းပြတစ်ယောက်ရဲ့လုပ်သင့်လုပ်ထိုက်တဲ့ ရှိသင့်တဲ့ ပြောဆိုတိုက်တွန်းမှုတွေမလုပ်ပဲ သွေးအေးပြီး အုပ်ချုပ်သူအလိုကျနေနေမယ်ဆိုရင်တော့ ယူနိက်တက်အသင်းရဲ့ အောင်မြင်မှုလမ်းကြောင်းဟာ အိမ်မက်ထဲကအိမ်မက်ဖြစ်နေဦးမှာပါပဲ။

မန်ချက်စတာယူနိက်တက်အနေနဲ့ ဒီနှစ်နွေမှာ နှာမစေးပဲ ခပ်မြန်မြန်ခေါ်ယူသင့်တဲ့ ကစားသမား၂ယောက်ကိုလည်း‌ ပေါ်စခိုးကတိုက်တွန်းထားပြီးဖြစ်ပါတယ်။ ယူနိက်တက်ဘက်ကလည်း စိတ်ဝင်စားပြီးကြိုက်နေတဲ့ကစားသမားတွေဖြစ်သလို ကစားသမားတွေကိုယ်တိုင်က မီးစိမ်းပြထားပေမယ့် တရားဝင်ကမ်းလှမ်းမှုမျိုးတွေဘာတစ်ခုမှစတင်ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်။

ဒီတော့ နွေရောက်တိုင်းပုံပြင်ပြောတတ်တဲ့ ယူနိက်တက်တို့ရဲ လူသစ်ခေါ်ရေးစီမံချက်ဘယ်လောက်ထိ အကောင်ထည်ဖော်နိုင်မနိုင်ကပဲ အသင်းရဲ့နောက်ရာသီ အဆင့်အတန်းတစ်ခုကို မီးမောင်းထိုးပြသွားမှာပဲဖြစ်ပြီး ရင်ခုန်စွာနဲ့ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.