အိမ်မပိုင်ပဲအထာပေးတဲ့မကြီးဆိုလ်းကို စိတ်နာသွားရှာတဲ့ ဂရေးလစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေမှာ အက်စတွန်ဗီလာအသင်းက ကွင်းလယ်ကစားသမား ဂျက်ဂရေးလစ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်စတွန်ဗီလာကွင်းလယ်ကြယ်ပွင့် ဖင်ကောက်လေး(ခေါ်) ဂျက်ဂရေးလစ်ကတော့ သူသွားချင်တဲ့အသင်းကိုရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

The Athelticသတင်းရဲ့အဆိုအရ ဂရေးလစ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန်ချက်စတာယူနိက်တက်မှာကစားချင်ခဲ့တာမှန်ပေမယ့် ဒီနှစ်မှာတော့ ပက်ဂတုံးရဲ့ ကလေးအသင်းကိုပဲသွားကစားချင်တယ်လို့ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ကွင်းလယ်ကစားသမား ပေါပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေတယ်ဆိုပေမယ့် ပေါ့ဘာဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းကို တောင်းဆိုနေပြီး ယူနိုက်တက်က ပေါ့ကို ၄သိန်းနဲ့ ညှိနှိုင်းနေတာဖြစ်ပြီး ပေါ့ဘာရဲ့ အနာဂါတ်ကမသေချာမရေရာဖြစ်နေတဲ့အတွက် ကွင်းလယ်ကြယ်ပွင့်ထပ်ခေါ်ဖို့လိုအပ်နေတာပါ။

ဂရေးလစ်ကို ခေါ်ယူဖို့ ယူနိုက်တက်က ပြီးခဲ့တဲ့ ၂နှစ်လောက်တည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီးမြင့်မားလွန်းတဲ့ဈေးကြောင့်မခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဂရေးလစ်ကတော့ ယူနိုက်တက်ကို ပြောင်းလိုတဲ့ ဆန္ဒရှိတယ်လို့ ယူဆရပြီး ယူနိုက်တက်ရောက်ရင် ဘယ်ကျောနံပါတ်ကို ဝတ်ဆင်ချင်တယ်ဆိုတာတောင် အရိပ်အမြွတ်ပြောကြားဖူးပါတယ်။

ဒီနှစ်နွေမှာ အပြောင်းအရွေ့ဖြစ်ဖို့ တော်တော်လေးနီးစပ်နေပြီလို့ ယူဆနေပြီဖြစ်တဲ့ ဂရေးလစ်နဲ့ ယူနိုက်တက်ကြားက အခြေအနေကောင်းတစ်ခုမှာ ဂရေးလစ်ရဲ့အေးဂျင့်ဖြစ်သူ ဂျွန်နသန်ဘားနပ် ကတော့ ယူနိုက်တက်နဲ့ပက်သက်ပြီး အံ့ဩစရာကောင်းတဲ့ စကားကို ခုလိုဆိုလာပါတယ်။

“ဘာတွေဆက်ဖြစ်လာမလဲတော့မသိနိုင်ဘူး။ အဖြစ်မှန်က ဂျက်ကို စိတ်ဝင်စားနေတဲ့ ထိပ်သီးအသင်းတွေအများကြီးရှိတယ်။ ဒါပေမယ့် သေချာတာက ယူနိုက်တက်က နွေရာသီအပြောင်းအရွေ့ရဲ့ ထိပ်ဆုံးဦးစားပေးစာရင်းထဲမှာ ဂျက်ကို မထည့်ထားဘူးသူတို့ဘက်က ဂျက်ကိုလိုချင်တယ်ဆိုတာ အပြောပဲရှိတယ်လို့ ကျွန်တော်ထင်တယ်ဂျက်အနေနဲ့ ကြိုက်တာကိုရွေးချယ်ပြီး သူသွားချင်တာကို သွားလို့ရတယ်။”လို့ဂရေးလစ်အေးဂျင့်က အားမလိုအားမရပြောဆိုလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိက်တက်ဟာ အပြောင်းအရွေ့ဈေးကွက်ရောက်တိုင်း ထိပ်သီးကစားသမားတွေကို ခေါ်ယူမယ်လို့ နာမည်ကြီးတဲ့အသင်းဖြစ်ပေမယ့် ဈေးကွက်ပိတ်ခါနီးမှ နာမည်ထွက်နေတဲ့ ကစားသမားတွေ တစ်ယောက်မှ မဝယ်တတ်တဲ့အသင်းလည်းဖြစ်နေတာကြောင့် ဂရေးလစ် အေးဂျင့်ပြောတာလည်းမှားမယ်မထင်ပါဘူး။

ဂရေးလစ်အနာဂါတ်နဲ့ပက်သက်ပြီး ဂရေးလစ်အေးဂျင့်ဘားနက်က မရှက်မရွံ ယူနိုက်တက်ဘက်ကို ပြောဆိုလိုက်တာက ဂရေးလစ်ကို ခေါ်ဖို့ လက်မနှေးသင့်ဘူးလို့ တိုက်တွန်းလိုက်တာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ယူနိုက်တက်ဘက်က လူသစ်ခေါ်ယူဖို့ တိကျတဲ့အသံတွေထွက်မလာသေးဘူး

ပေါပေါ့ဘာသာ ကွင်းလယ်မှာ မရှိဘူးဆိုရင် ဂရေးလစ်လိုကစားသမားကတော့လိုနေတာအမှန်ပဲဖြစ်ပါတယ်။“ဂျက်က ဗီလာကိုချစ်ပါတယ်။ ကျွန်တော်တို့ အခြေအနေတစ်ခုကိုစောင့်နေပါတယ်။ ကျွန်တော်တို့က ဂျက်အတွက် လုပ်စရာရှိတာတွေအကောင်းဆုံးလုပ်ပြီးစောင့်နေပါတယ်။ ဒီကြားထဲမှာ ဂျက်က ကံမကောင်းစွာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမယ့် ခုဆို သူမြက်ခင်းစိမ်းတွေပေါ်ပြန်လာနိုင်နေပါပြီ။ သူ့မှာစိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြန်ရရှိနေပါပြီ”လို့ Sky Sportsနဲ့ အင်တာဗျူးမှာပြောခဲ့ပါတယ်။

ဒါ့အပြင် ဘားနက်ကဆက်လက်ပြီး”ကွင်းထဲမှာဆို သူဟာ သူဘာလုပ်ချင်လဲဆိုတာကို သေချာသိတယ်။ လုပ်လည်းလုပ်နိုင်တယ်။ သူဟာနွေရာသီမှာ ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်နိုင်ပါတယ်။ အခြေအနေပေးရင် အခွင့်အလမ်းကောင်းတွေသူအများကြီးပိုင်ဆိုင်ရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့လည်းဆိုပါတယ်။

ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကိုပဲ ဆက်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေတာဖြစ်ပြီး တိုက်စစ်မှူး ကာဗာနီကိုတော့ စာချုပ်သစ်ချုပ်ဆိုနိင်ခဲ့ပြီဖြစ်ပါတယ်။

အိမ်မပိုင်ပဲအထာတွေလျောက်လျောက်ပေးတဲ့မကြီးဆိုလ်းကတော့ယူနိုက်တက်ကို ချုပ်ကိုင်ထားတဲ့ ဂလေဇာမိသားစုရဲ့ ငွေကြေးနဲ့ပက်သက်တဲ့ မူဝါဒတွေကြောင့် လူသစ်ခေါ်ရေးဆိုတာ လွယ်လွယ်နဲ့မဖြစ်လာနိုင်တဲ့ကိစ္စဖြစ်နေတုန်းပါပဲ။ ဒိတော့ မန်ယူပရိတ်သတ်ကြီးရော ယူနိုက်တက်က ဂရေးလစ်ကို ခေါ်ယူသင့်တယ်ထင်ပါသလား။ ခေါ်ယူလိမ့်မယ်ဆိုတာရောဖြစ်လာနိုင်ပါ့မလား?

ခရစ်စတီယာနိုဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.