PSGနဲJUVထက်အိုးထရက်ဖို့ကိုလာချင်ပါတယ်ဆိုတဲ့ပေါင်သန်း၄၀တန် ကွင်းလယ်ကြယ်ပွင့်

ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် တစ်ကယ်တမ်းကစားရမယ်ဆိုရင် အိုးထရက်ဖို့မှာကစားချင်တယ်ဆိုပြီး အက်သလက်တီကိုကြယ်ပွင့်ကစားသမားSaulကပြောကြားလိုက်ပါတယ်။

ယူနိက်တက်တို့ဟာ ဒိနှစ်နွေမှာ ကွင်းလယ်အတွက် ဒီကလန်ရိုက် ဂရေးလစ်တို့ကို စိတ်ဝင်စားနေတာဖြစ်ပြီး ဂရေးလစ်က အရင်နှစ်က ယူနိက်တက်မှာကစားချင်တာမှန်ပေမယ့် ဒိနှစ်မှာမန်စီးတီးမှာကစားချင်ကြောင့်းပြောကြားထားပြီး ဒီကလန်ရိုက်ကတော့ ချဲဆီးအသင်းကနည်းပြတူချယ်ကပါဆက်သွယ်နေပြီဖြစ်ပါတယ်။

ယူနိက်တက်တို့ကတော့လောလောဆယ်မှာ ဒေါ့မွန်ကဆန်ချိုကိုဦးစားပေးပစ်မှတ်ထားနေတဲ့အတွက် အပြောင်းအရွေ့ကလည်းတော်တော်လေးနီးစပ်နေပြီလို့သိရပါတယ်။

အဲ့ဒီအချိန်မှာပဲ အက်သလက်တီကိုမက်ဒရစ်အသင်းက CMF DMFနှစ်မျိုးလုံးလောက်ကစားနိုင်တဲ့ Saul Niguezကတော့ သရဲနီတွေရဲ့အိုးထရက်ဖို့မှာကစားချင်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

သူနဲ့ပက်သက်ပြီးတော့ ယူနိက်တက်ဘက်က မေးမြန်းစုံစမ်းထားတဲ့အဆင့်ပဲရှိနေတာဖြစ်ပြီးတော့ ပေါင်သန်း၄၀လောက်နဲ့ရဖွယ်ရှိနေပါတယ်။

အသက်၂၆နစ်အရွယ်ရှိတဲ့ ကွင်းလယ်ကြယ်ပွင့်ဆောဟာ ၂၀၂၆အထိအသင်းနဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်ပေမယ့် ပေါင်သန်း၆၀လောက်နဲ့အသင်းကရရင်ရောင်းချင်နေတာပါ။

“တကယ်လို့Saulကအက်သလက်တီကိုက ထွက်ခွာချင်တယ်ဆိုရင်လည်း ပြဿနာတော့မရှိပါဘူး။ အပြောင်းအရွေ့ကနှစ်ဖက်လုံးအတွက်အကျိုးရှိမှာပါ။”လို့ကလပ်ရဲ့ဒါရိုက်တာ Miguel Angel Gil ကဒေးလီးမေးကပြောကြားထားပါတယ်။

ဒီကလန်ရိုက်ကတော့ ယူနိုက်တက်နဲ့ချိတ်ဆက်မှုရှိထားပေမယ့် သက်သာတဲ့ဈေးနှုန်းအရဆိုရင် ဆော်ကတော့ ယူနိုက်တက်အတွက်ပိုနီးစပ်မှုရှိပါတယ်။

ဘာလို့လဲဆိုတော့ ဂလေဇာက ယူနိက်တက်ကို ပေါင်သန်း၁၅၀သာ အဆုံးပိတ်အသုံးပြုခွင့်ပေးထားလို့ ယူနိက်တက်တို့ရဲ့ ပစ်မှတ်တွေဟာ လိုချင်သလိုရပါ့မလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်လို့ပါပဲ။တစ်ကယ်လို့ ယူနိက်တက်တို့ကသာ အက်သလက်ကြယ်ပွင့်ကို လိုချင်တယ်ဆို ပေါင်သန်း၄၀လောက်နဲ့ရနိုင်တယ်လို့ဒေးလီးမေးလ်ကဖော်ပြထားပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.