တချိန်ကကျော်ကြားမှုတွေရဲ့အဝေး ရောက်သထက်ရောက်လာတဲ့ ယူနိက်တက်ကြယ်ပွင့်

တစ်ချိန်က မြန်မာပရိတ်သတ်တွေတင်မကကမ္ဘာ့ပရိတ်သတ်တွေအကြား အင်မတန်ရေပန်းစားခဲ့တဲ့ ယူနိက်တက်မှာ ထွန်းလင်းတောက်ပခဲ့တဲ့ ယူနိက်တက်ကြယ်ပွင့်လေးကတော့ တစ်ချိန်ကကျော်ကြားမှုတွေရဲ့အဝေးရောက်သထက်ရောက်လာခဲ့ပါတယ်

သူကတော့ ယူနိက်တက်မှာ ခြေစွမ်းမပြနိုင်လို့ အချိန်အတော်ကြာ အရံခုံထိုင်ခဲ့ရပြီးနောက်မှာ ဝက်စ်ဟမ်းအသင်းမှာ အဌားသွားရောက်ကစားနေရတဲ့ စူပါလင်းဂက်ပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ တစ်ချိန်က “စူပါလင်းဂက်”ဆိုပြီး ပရိတ်သတ်တွေ ချစ်ကြိုက်ခဲ့တဲ့ ကစားသမားဟာ အချိန်အတော်ကြာ ခြေစွမ်းမပြနိုင်ခဲ့ပဲ နဲ့ ပွဲထွက်ခွင့်ဆုံးရှုံးနေခဲ့ရတာပါ။

သူနဲ့ပက်သက်လို့ ဘာဘာတော့က အသင်းက ထွက်သွားဖို့အချိန်တန်ပြီဆိုပြီး ခုလိုပြောခဲ့ပါသေးတယ်။”Oleက သူ့ကိုကစားခိုင်းဖို့အတွက်မယုံကြည်တော့ပါဘူး။ပြီးတော့ အသင်းရဲ့ဘယ်နေရာကိုမှ ကစားဖို့အတွက် သူ့အတွက်မှန်ကန်တဲ့နေရာတစ်ခုရှိမနေပါဘူး။

သူ အဂ်လန်နိုင်ငံအတွက်ကစားပေးပြီး ဂိုးတွေသွင်းခဲ့တာကို ကျွန်တော်မှတ်မိနေပါသေးတယ် ဒါပေမယ့် ဒါတွေကအားလုံးက အခုချိန်မှာကျွန်တော့်အတွေးထဲမှာပျောက်ကွယ်ကုန်ပါပြီ။သူအရင်တုန်းကရှိခဲ့ဖူးတဲ့ပုံစံတွေကို ပြန်လည်ရှာဖွေဖို့လိုအပ်နေပါတယ်။

အခုလည်းလင်းဂက်ဟာ ဝက်စ်ဟမ်းအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနေလို့ ဝက်စ်ဟမ်းဘက်က နောက်တစ်ရာသီဆက်အဌားချပေးဖို့အလိုရှိနေတာဖြစ်ပေမယ့် ယူနိက်တက်ဘက်ကတော့ လင်းဂက်ကို မကြာခင်ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်၊

ဒါ့အပြင်လင်းဂက်အတွက် နောက်ထပ်ထိုးနှပ်ချက်တစ်ခုဖြစ်လာစေတဲ့အကြောင်းအရာတစ်ခုကတော့ တောင်ပံကစားသမားလင်းဂက်ဟာ ဥရောပဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ရွေးစင်အသင်းကရွေးချယ်ခြင်းခံရခြင်းမရှိခဲ့ပေမယ့် လင်းဂက်ဟာ ဒီနေ့ညမှာကစားမယ့် ဩစတျေးလျနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးသွားရမယ်လို့တော့သိရပါတယ်။ အကြောင်းကတော့ တိုက်စစ်မှူး ရက်စ်ဖို့က ဒီနေ့ညပွဲစဉ်မှာပါဝင်ကစားနိုင်မှာမဟုတ်သေးပဲကစားသမားလိုအပ်နေတာကြောင့်အဖြည့်ခံကစားရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လင်းဂက်ရဲ့အနာဂါတ်ဟာ ယူနိက်တက်မှာလည်းသေချာရေရာမှုမရှိပဲရောင်းထုတ်သွားခံရဖွယ်ရှိနေပါတယ်။ဒါနဲ့ပက်သက်ပြီးအသင်းမန်နေဂျာဆိုလ်းရှားကတော့ခုလိုမှတ်ချက်ပြန်ပြုလာပါတယ်။

“သူကငယ်မွေးခြံပေါက်ပါ။ ဒါပေမယ့် အချိန်တွေကို ဖြုန်းတီးသလိုဖြစ်နေတာကို စဉ်းစားသင့်တယ်။ အသင်းရဲ့နည်းပြအနေနဲ့ အသင်းနဲ့ အံဝင်ခွင်ကျတဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့သူတွေကို အသင်းမှာဆက်ရှိစေမှာဖြစ်ပြီး မရှိတဲ့သူတွေကိုတော့ ရောင်းထုတ်သွားရမှာပါ”လို့ဆိုပါတယ်။

ဒီလိုပြောကြားချက်အရ ယူနိုက်တက်ဟာ အသင်းနဲ့ အံ့ဝင်ခွင်မကျတဲ့ ကစားသမားတွေကို ဒီနှစ်နွေမှာ ရောင်းထုတ်သွားတော့မယ့် အခြေအနေရှိနေပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.