အလန်းရှီးယားထုတ်ဖော်ချီးကျူးလိုက်တဲ့ ယူနိက်တက်ကFinishing Skillအကောင်းဆုံးကစားသမား

မန်ချက်စတာယူနိက်တက်အသင်းမှာ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲ Finishing Skillအကောင်းဆုံးကစားသမားတစ်ဦးကို အင်္ဂလန်ကစားသမားဟောင်း အလန်းရှီးယားက ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ နည်းပြကြီးဖာဂူဆန်ကိုယ်တိုင်တောင် ချီးကျူးဖူးတဲ့ ကစားသမားပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးမှာရှိတဲ့ လူငယ်ကစားသမားတွေထဲမှာမှ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားကိုတော့ ဆာအဲလက်ဖာဂူဆန်ကိုယ်တိုင်က ထုတ်ဖော်ချီးကျူးဂုဏ်ပြုခဲ့တာပါ။

ဆာအဲလက်ဖာဂူဆန်အနေနဲ့ သူသက်တမ်းတစ်လျောက်ယူနိုက်တက်အပြင်အခြားသောအသင်းတွေက ပင်ကိုယ်ပါရမီရှိပါတယ်ဆိုတဲ့ ကစားသမားပေါင်းများစွာကိုတွေ့ခဲ့ဖူးတယ်လို့ပထမဆုံး ဆာအဲလက်ကဆိုပါတယ်။ယူနိုက်တက်မှာဆို ရွိင်ယန်ဂစ် ပေါ်လ်စခိုး ဒေးဗစ်ဗက်ခမ်း ရော်နယ်ဒို ရွန်းနီ စတဲ့ကစားသမားတွေအားလုံးဟာ ကမ္ဘာ့အဆင့်ထိပ်တန်း ပါရမီရှင်ကစားသမားတွေပေါ်ထွက်ခဲ့သလို လက်ရှိမှာဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးကို မြင်တွေ့နေရပြီလို့ ဆာအဲလက်ကဆိုပါတယ်။

လက်ရှိ‌ ဒေါ့မွန်ကဟာလန်းနဲ့ပီအက်စ်ချီက မက်ပီတို့ကို ကမ္ဘာ့အကောင်းဆုံးဘယ်သူလဲဆိုတာ အငြင်းပွားမှုတွေမြင့်တက်နေချိန်မာပဲ နဗီးနဲ့ဆာအဲလက် အမေးအဖြေစကားဝိုင်းမှာ မန်စီးတီးလူငယ်ကစားသမား ဆာအဲလက်က သူ့အမြင်ကို အဲ့ဒီလိုပြောဆိုခဲ့တာပါ

“ငါ့အမြင်မှာ မေဆင်ဂရင်းဝုဒ်က ကမ္ဘာ့ထိပ်တန်းအဆင့်ကိုသွားနေပြီ။”လို့ဆာအဲလက်ကစတင်ပီးပြောဆိုလိုက်ပါတယ်။“သူဟာအေးဆေးလွန်းတဲ့ကြီးမြင့်တဲ့ တိုက်စစ်မှူးတစ်ယောက်ပဲ။ ဒါကရှားတယ်။ သူဘယ်တော့မှထိတ်လန့်‌ကြောက်ရွံနေတာမျိူးတွေမရှိဘူး။ သူ့ကန်ချက်တွေက တိကျပီးပျော့ပျောင်းတယ်။ သွေးအေးတဲ့တိုက်စစ်မှူးပဲ။ သူက မန်စီးတီးက ဖိုဒန်းထက်လည်းငယ်ပါသေးတယ်။ ဖိုဒန်နဲ့ဘာမှမကွာပါဘူး။ မကြာခင်ဖိုဒန်ကိုမှီလာပါလိမ့်မယ်။ဖိုဒန်ကဆေးဗားလ်နေရာကိုယူလာပြီးတော့သူလည်းအံဩဖွယ်ကောင်လေးပဲ”လို့ဆာအဲလက်ကသုံးသပ်ပါတယ်။

အခုလည်း အလန်းရှီးယားက တိုက်စစ်မှူးလူငယ်ဂရင်းဝုဒ်နဲ့ပက်သက်ပြီး ခုလိုမှတ်ချက်ပြုလာပါတယ်။ “မေဆင်ဂရင်းဝုဒ်ဟာ လက်ရွေးစင်အသင်းမှာပါသင့်လို့ပါခဲ့တဲ့ကစားသမားပါ။ ဂိုးလိုအပ်တဲ့အခါမျိုးမှာSuper Subအနေနဲ့သုံးကြည့်လိုက်ပါ။ သူ့မာအသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင် ကောင်းမွန်လွန်းတဲ့ ဂိုးသွင်းစွမ်းရည်ရှိပါတယ်။ သူကယူနိက်တက်မှာ အဆုံးသတ်အသေချာဆုံးကစားသမားပါပဲ။ သူအင်္ဂလန်အသင်းကိုနောက်တစ်ဆင့်ရောက်အောင်ကူညီပါလိမ့်မယ်”လို့အလန်းရှီးယားကမှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီးလူငယ်တိုက်စစ်မှူးဖြစ်တဲ့ ဖိုဒန်ကိုယ်တိုင်ကလည်း ယူနိက်တက်အသင်းက မေဆင်ဂရင်းဝုဒ်သစ်သားစိမ်းလေးကို “ကျွန်တော်မြင်ဖူးသမျှတိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးအဆုံးသတ်သူပါပဲ”လို့ချီးကျူးခဲ့ဖူးပါတယ်။

ဖိုဒန်လိုပဲ ကွင်းလယ်ဗိုလ်ချုပ်လို့ တင်စားထားတဲ့ ပေါ့ဘာကလည်း သူတွေ့ဖူးသမျှတိုက်စစ်မှူးထဲမှာ ကာဗာနီနဲ့ဂရင်းဝုဒ်လောက် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးမရှိသေးဘူးလို့ဆိုထားပါတယ်။

လက်ရှိသစ်သားစိမ်းလေးဟာ ယူနိက်တက်ရဲ့ ပွဲစဉ်တွေတိုင်းလိုလို ခြေစွမ်းပြပြီးဂိုးတွေသွင်းယူနေတာဖြစ်ပြီး ဖိုဒန်ကတော့ သစ်သားစိမ်းလေးကိုခုလိုဆက်ချီးကျူးသွားပြန်ပါတယ်

“သိတဲ့အတိုင်းပဲ သူ့ဂိုးသွင်းစွမ်းရည်က ခြေထောက်နှစ်ဖက်စလုံးနဲ့ဂိုးသွင်းယူနိင်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူးအဂူရိုနဲ့တောင်နှိုင်းယှဉ်လို့ရပါတယ်။ သူ့အသက်အရွယ်အရဆို သူဟာမယုံကြည်နိုင်လောက်အောင် ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးပါ။ သူကဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဂိုးတွေသွင်းယူနိင်ပါတယ်။ ပြီးတော့အရမ်းတည်ငြိမ်အေးဆေးလွန်းပါတယ်”လို့ဆိုပါတယ်။

အနာဂါတ်အောင်မြင်မှုလမ်းတွေပွင့်နေပြီဖြစ်တဲ့ဂရင်းဝုဒ်ကတော့ လူတိုင်းချီးကျုးနေရချိန်မှာပဲအင်္ဂလန်လက်ရွေးစင်အသင်းအတွက်မကစားနိုင်တော့ပဲ ဒဏ်ရာပြဿနာကြောင့်ဆိုပြီး အင်္ဂလန်လူစာရင်းကနေနှုတ်ထွက်ခဲ့ပါတယ်။ သူနဲ့အတူ အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး ရက်စ်ဖို့ကလည်း ဒီနေ့ညကန်မယ့် ဩစတျေးလျနဲ့ပွဲမှာ မပါဝင်နိုင်ပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရတဲ့ လင်းဂက်က ဒီနေ့ညပွဲမှာ အဖြည့်ခံပါဝင်ကစားသွားရမှာလည်းဖြစ်ပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.