ကျောနံပါတ်နဲ့လူစာရင်းကိစ္စ ဖာဒီနန်နဲ့ပရိတ်သတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုခံနေရတဲ့ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ မနေ့က ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦး လူစာရင်းကို ကြေညာ ခဲ့ပြီး ပရိသတ်တွေနဲ့ ဘောလုံးကစားသမားဟောင်းကြီးတွေကြားထဲ တော်တော်လေးပြောစရာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။ဆောက်ဂိတ် ဟာ ဝေါလ်ကာ ၊ အာနိုး ၊ ထရစ်ပီယာ ၊ ရစ်ဆီဂျိမ်းစ် စတဲ့ ညာနောက်ခံလူ လေးဦးကို ရွေးချယ်ခဲ့ပြီး ဒီရာသီမှာ ခြေစွမ်းပြ ခဲ့ကြတဲ့ ဝက်ဒ်ပရောက်စ် ၊ လင်ဂတ် ၊ ဝက်ကင်းစ် ၊ ဘန်ဝှိုက် ၊ ဂေါ့ဖရေးစတဲ့ ကစားသမားတွေကို လူစာရင်း ကနေ ချန်လှပ် ခဲ့ပါတယ် ။ ဂရင်းဝုဒ်ကတော့ ဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းကနေ နှုတ်ထွက် သွားခဲ့တာပါ ။

ဖာဒီနန်ဆောက်ဂိတ်ကိုဝေဖန်တာကတော့ ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိက်တက်အသင်းက အသင်းခေါင်းဆောင်မက်ဂွိုင်းယားကို လူစာရင်းမှာထည့်သွင်းအသုံးပြုခဲ့တာနဲ့ပက်သက်ပြီးဆောက်ဂိတ်ကိုဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်တော်ကတော့မက်ဂွိုင်းယားကို လူစာရင်းမှာမထည့်စေချင်ပါဘူး။ သူဟာ ဒဏ်ရာတွေကနေပြန်မလာနိုင်သေးပါဘူး။ သူ့ကဘယ်လိုစဉ်းစားပြီးဘာတွေကိုမျှော်လင့်ပြီး မက်ဂွိုင်းယားကိုထည့်တာလဲဆိုတာလည်းမစဉ်းစားတတ်ပါဘူး။ ပုံမှန်မဟုတ်သေးတဲ့ ကစားသမားကိုထည့်တော့ရော ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေထွက်လာမယ်သူထင်နေတာလဲကျွန်တော်မသိပါဘူး။ ဒေးဗစ်ဘက်ခမ်း ရွန်နီတို့တုန်းကဖြစ်ခဲ့တာမျိုးပေမယ့် မက်ဂွိုင်းယားကသူတို့မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆောက်ဂိတ်ဒီလိုလုပ်တာသဘောမတူပါဘူး။ ဒီလိုလုပ်လိုက်တာဟာ ကစားသမားကို နဂိုအခြေအနေကို ပြန်ရောက်အောင်ခက်ဖို့လုပ်လိုက်တာပဲ။ဒါကတစ်ကယ်ရောလိုအပ်လို့လား။ ကျွန်တော်မှားတယ်ဆိုတာ သူသက်သေပြနိုင်ရင်တော့လည်းဒါကိုကျွန်တော်ကြိုက်ပါတယ်။”
လို့ဖာဒီနန်ကဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒီကနောညကန်မယ့်ပွဲမှာ ရက်စ်ဖို့လည်းပါဝင်နိုင်ခြင်းမရှိသေးပဲလူစာရင်းမှာမပါခဲ့တဲ့ လင်းဂက်ကိုထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး ဆောက်ဂိတ်ကတော့လင်းဂက်ကို ဘယ်လိုကစားသမားမျို့းလဲဆိုတာသက်သေပြဖို့ပြောထားပါတယ်။ဒါ့အပြင် ဒဏ်ရာက သက်သာလာစဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်ကိုထည့်သွင်းအသုံးပြုခဲ့တာနဲ့ပက်သက်ပြီးဆောက်ဂိတ်ကိုဘယ်လိုဦးနှောက်နဲ့စဉ်းစားခဲ့သလဲဆိုပြီးလည်းဝေဖန်ခဲ့ပါတယ်။

“မက်ဂွိုင်းယားခုချိန်ထိခရီးသွားလို့မရသေးပါဘူး။ မန်ချက်စတာမှာဆေးကုနေရသလို ပိုလန်ကပြန်လာပြီးကွာရန်တင်းကိစ္စရှိနေပါသေးတယ်”လို့လည်းဖာဒီနန်ကဆိုပါတယ်။ဆောက်ဂိတ်ကတော့ သူ့အနေနဲ့ ရေတိုကို စဉ်းစားတာမဟုတ်ပဲ ရေရှည်အတွက် စဉ်းစားခဲ့တာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဒါ့အပြင်ကျောနံပါတ်ကိစ္စနဲ့ပက်သက်ပြီးလည်းဆောက်ဂိတ်ကိုပရိတ်သတ်တွေကဝေဖန်နေခဲ့ကြပါတယ်။

အင်္ဂလန် အသင်းဟာ လူစာရင်း ကြေညာပြီးနောက် မကြာခင်မှာပဲ ကစားသမားတွေရဲ့ ကျောနံပါတ်တွေကိုလည်း ဖော်ပြ ပေးသွားခဲ့ပါတယ် ။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အဓိကကျောနံပါတ် ၇ ပိုင်ရှင်ကတော့ အက်စတွန်ဗီလာ အသင်း ခေါင်းဆောင် ဂရီးလစ်ရှ် ပဲ ဖြစ်ပါတယ် ။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်းပရိတ်သတ်တွေက ဆောက်ဂိတ်ကိုလူမှုကွန်ရက်တွေမှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ “အရိုးသားဆုံး ပြောရရင် အခုထိ မယုံနိုင်အောင် ဖြစ်နေဆဲပါပဲ အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ နံပါတ် ၇ ဝတ်ဆင် ကစားရမှာလေဗျာ ၊ ဒီအကြောင်းကို WhatsApp ကနေ တစ်ဆင့် သိခဲ့ရတာပါ ၊ ဒီ နံပါတ်နဲ့ အင်္ကျီကို ကျနော် အမြဲတမ်း ထာဝရ သိမ်းဆည်း သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် တိုက်စစ်ကို ဦးဆောင်မယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ကျောနံပါတ် ၉ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး စတာလင် နဲ့ ရက်ရှ်ဖိုဒ့် ကတော့ ကျောနံပါတ် ၁၀ နဲ့ ၁၁ အသီးသီး ဝတ်ဆင် ကစားသွားကြမှာပါ ။

ဂျွန်စတုန်းကတော့ နံပါတ် ၅ နဲ့ ကြံ့ခိုင်မှု ပြည့်ဖို့ လုပ်ဆောင် နေရတဲ့ မက်ဂွိုင်းယား ကတော့ နံပါတ် ၆ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။ အာနိုး က နံပါတ် ၂၂ ၊ ဝုလ်ဗ် အသင်းခေါင်းဆောင် ကုတ်ဒီ က နံပါတ် ၁၆ ၊ မေဆင်မောင့် က နံပါတ် ၁၉ ၊ ချီဝဲလ် က နံပါတ် ၂၁ ကစား သွားမှာပါ ။

မန်စီးတီး အသင်းရဲ့ ကြယ်ပွင့် ဖိုဒန် ကတော့ ကျောနံပါတ် ၂၀ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး အင်္ဂလန် ပရိသတ်တွေကတော့ ၁၉၉၈ ကမ္ဘာ့ဖလားမှာ နံပါတ် ၂၀ ဝတ်ဆင်ပြီး ခြေစွမ်းပြခဲ့တဲ့ မိုက်ကယ်အိုဝင် ခြေရာကို လိုက်မှီနိုင်ဖို့ မျှော်လင့် နေကြပါတယ် ။ဂိုးသမားနေရာမှာတော့ အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့် ဟာ ကျောနံပါတ် ၁ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။ အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲ မဝင်မှီ ဩစတီးယား နဲ့ ရိုမေးနီးယား တို့နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် လူစာရင်း နဲ့ ကျောနံပါတ်များ

ပစ်ဖိုဒ့်(၁) ၊ ဝေါလ်ကာ (၂) ၊ ရှော (၃) ၊ ရိုက်စ် (၄) ၊ စတုန်း (၅) ၊ မက်ဂွိုင်းယား(၆) ၊ ဂရီးလစ်ရှ် (၇) ၊ ဟန်ဒါဆန် (၈) ၊ ကိန်း(၉) ၊ စတာလင်(၁၀) ၊ ရက်ရှ်ဖိုဒ့် (၁၁) ၊ ထရစ်ပီယာ (၁၂) ၊ ဒင်းဟန်ဒါဆန် (၁၃) ၊ ကီဗင်ဖီးလစ် (၁၄) ၊ တိုင်ရွန်မင်းစ် (၁၅) ၊ ကုတ်ဒီ (၁၆) ၊ ဆန်ချို (၁၇) ၊ ကယ်ဗက်လီဝင် (၁၈) ၊ မေဆင်မောင့် (၁၉) ၊ ဖိုဒန်(၂၀ ) ၊ ချီဝဲလ်(၂၁) ၊ အာနိုး (၂၂) ၊ ဆမ်ဂျွန်စတုန်း(၂၃) ၊ ရစ်ဆီဂျိမ်းစ် (၂၄) ၊ ဆာကာ(၂၅) ၊ ဘီလင်ဂမ်(၂၆) ။

Leave a Comment

Your email address will not be published.