ပေါ့ဘာနဲ့တွေ့ပြီးမှ ယူနိက်တက်ကို ငြင်းပယ်စကားပြောလိုက်တဲ့ ဆိုလ်းရှားပစ်မှတ်ကြယ်ပွင့်

မန်ချက်စတာယူနိက်တက်အသင်းဟာ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေရတဲ့ နောက်တန်းလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းဖို့ ဒီနှစ်နွေမှာ နောက်ခံမွန်းစတားတစ်ယောက်ယောက်ကိုတော့ မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတာပါ။

ယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ ရီးလ်ရဲမက်ဒရစ် နောက်တန်းကစားသမားကို ခေါ်ယူဖို့ချိတ်ဆက်နေကြပြီး ကစားသမားအနေနဲ့လည်း ယူနိက်တက်ကိုလာဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်နေခဲ့ပေမယ့် ဒီကစားသမားကတော့ Todo Fichajes တီဗီအင်တာဗျူးတစ်ခုမှာ ယူနိုက်တက်ကို ငြင်းပယ်ခဲ့ပါတယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ ယူနိုက်တက်နဲ့ အပြောင်းရွေ့တွေသတင်းတွေထွက်ပေါ်နေတဲ့ ရီးလ်ရဲနောက်တန်းကစားသမားRaphael Varane ပဲဖြစ်ပါတယ်။

“ကျွန်တော်အစကတော့ မန်ချက်စတာယူနိက်တက်ကို စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တာကတော့ PSGမှာပဲကစားချင်တယ်ဆိုတာပါပဲ။ ကျန်တာတော့ဘာအကြောင်းရယ်မှမရှိပါဘူး”လို့ Varane ကဆိုပါတယ်။

တစ်နေ့ကမှ ပေါ့ဘာက Varaneနဲ့ဘာစီလိုနာကGriezmannတို့အတူတွဲရိုက်ထားတဲ့ပုံကို ရီးရဲလ်နောက်ခံလူက အင်စတာဂရမ်မှာတင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနက်တက်ဖန်တွေက ခုလိုတင်လိုက်တဲ့အပေါ ပေါ့ဘာအနေနဲ့ Varaneအတွက် အေးဂျင့်လုပ်ပြီးအိုးထရက်ဖို့ကိုခေါ်လာသင့်ကြောင်း နောက်ပြောင်ရေးသားပီးတောင်းဆိုနေကြပါသေးတယ်။

အင်စတာဂရမ်အသုံးပြုသူတွက အဲ့ဒီပုံကိုရှယ်နေကြပီး “အေးဂျင့်ပေါ့ဘာသူ့ကို အိမ်ကိုခေါ်ခဲ့..အေဂျင့်ပေါ့Varaneကိုအိုးထရက်ဖို့ကိုခေါ်ဆောင်ခဲ့ပါ.ပေါ့မင်းဘာလုပ်ရမလဲဆိုတာသိတယ်နော်”ဆိုတဲ့ ကပ်ပရှင်တွေနဲ့ပေါကိုကြားထဲက အေးဂျင့်လုပ်ဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီလို ပေါ့ဘာနဲ့တွေ့ပီးနောက်တစ်နေ့မှာပဲ ဗားရန်းက သူတစ်ကယ်လို့ ထွက်ခွာဖြစ်ရင် ပီအက်စ်ဂျီအသင်းကိုပဲ သွားမှာဖြစ်တဲ့အကြောင်းပြောကြားခဲ့တာပါ။

ယူနိက်တက်တို့အနေနဲ့ဒိနှစ်နွေမှာ မက်ဂွိုင်းယားနဲ့တွဲဖက်နိုင်မယ့် နောက်ခံမွန်းစတားတစ်ယောက်လိုနေတာဖြစ်ပြီး Varaneကိုတော့ သူ့အသင်းက ပေါင်သန်း၆၀လောက်နဲ့ရောင်းချသွားဖွယ်ရှိနေပါတယ်။

David Ba Kyaw

Leave a Comment

Your email address will not be published.